ကသာ-ဗန်းမော် သွားလာသော ယာဉ်များ စစ်ကောင်စီ တပ်နှင့် ပစ္စည်း သယ်ပို့ခြင်း မလုပ်ရန် သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
ကသာ-ဗန်းမော် ရေလမ်းကုန်းလမ်းသွားလာသူများ စစ်ကောင်စီနှင့် ပတ်သက်သည့် လူနှင့် ပစ္စည်းများ တင်ဆောင်ခြင်း မပြုရန်၊ မိုးကာများ အုပ်ပြီး မမောင်းရန် ကသာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့က သတိပေးထားသည်။
ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည့် အဆိုပါ သတိပေးထုတ်ပြန်ချက်ထဲတွင် အချက်လေးချက် ပါရှိပြီး ဘာသာရေးနှင့်လူမှုကူညီရေးကားများကိုလည်း စစ်ကောင်စီတပ်များက အသုံးနေသည့်အတွက် ကားမှန် များ ချမောင်းရန်နှင့် ကိုဗစ်ကာလအတွင် မြို့နေပြည်သူများအနေဖြင့် ညအချိန် အရေးမကြီးလျှင် အပြင်မထွက် ရန် ထည့်သွင်း သတိပေးထားသည်။
ထို့အပြင် ကသာ-ထီးချိုင့်၊ မန္တလေး-အင်းတော်-မြစ်ကြီးနား၊ ကသာ-ရွှေကူ-ဗန်းမော် ကားလမ်း တို့တွင် သွားလာ နေသည့် ယာဉ်များအနေဖြင့်လည်း စစ်ကောင်စီတပ်၏ ပစ္စည်းများနှင့် လူများကို သယ်ယူပို့ဆောင်ပေးခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။
သတိပေးစာတွင် တံဆိပ်မပါသော်လည်း အစစ်ဖြစ်ပြီး နောက်ပိုင်းတွင် လက်ရှိအခြေအနေထက် တိုက်ပွဲများ အရှိန်မြှင့်လာနိုင်သဖြင့် ကျေးရွာလူကြီးများ၊ ရပ်မိ၊ ရပ်ဖများက အကြံပေးမှုကြောင့် ယခုစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း PDF တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။
”ကျနော်တို့က စစ်မတိုက်ချင်ပါဘူး။ ဒါပေမယ့် အခုပြည်သူတွေ ဒုက္ခရောက်နေတာရယ် နောက်လာမယ့် မျိုး ဆက်တွေ ကျနော်တို့လို ဒုက္ခမရောက်အောင်အတွက် စစ်တိုက်နေတာပါ။ အဲ့ဒီအတွက် ဝိုင်းကူညီပေးကြပါ“ ဟု အဆိုပါ PDF တာဝန်ရှိသူ က ပြောသည်။
PDF တပ်ဖွဲ့များသည် ပြည်သူထဲက ပြည်သူများသာဖြစ်ပြီး အပြစ်မဲ့သည့် မိဘပြည်သူများနှင့် ရင်သွေးငယ်များ ဖမ်းဆီးထောင်ချခံ၊ သတ်ဖြတ်ခံနေရဖြင့် ပြည်သူများကို ကာကွယ်ရန်ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်၍ ပူးပေါင်းကူညီပေးကြရန်လိုကြောင်း ၎င်းက ဆိုသည်။
ယနေ့ ထုတ်ပြန်လိုက်သည့် သတိပေးစာထဲတွင် ခရီးသွားယာဉ်များအနေဖြင့် မိုးလေဝသအခြေအနေများကြောင့် မိုးကာအုပ်သွားလိုလျှင် ဆက်သွယ်အကြောင်းကြာနိုင်ရန် ဖုန်းနံပါတ်တစ်ခုကိုလည်း ထည့်သွင်း ထုတ်ပြန်ထား သည်။
ယခုရက်ပိုင်းအတွင်း ကသာမြို့အနီးတဝိုက်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး ကသာနှင့် ဆယ်မိုင်ခန့်ဝေး သည့် မိုးဒါးကြီး၊ မိုးဒါလေး နေရာဘက်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ယခုခါ ကသာမြို့ကားကြီးဝန်း အနီးထိ ရောက်လာကြောင်း ကာသာမြို့ ဒေသခံများက ပြောသည်။
သို့သော်လက်ရှိတွင် ဒေသခံပြည်သူများအနေဖြင့် ”ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားလုံးက တိုက်ပွဲထက် ကိုဗစ်ကိုကြောက်နေရတဲ့ သဘောဖြစ်နေတာလေ” ဟု အမှတ် ၄ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ကသာ PDF တပ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်ရန် အတွက် ဒေသခံ များ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်သည်။
မေ ၃၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ယာဉ်တန်းကို စတင်တိုက်ခဲ့ပြီးနောက် တစ်လခွဲကာလအတွင်း ကသာမြို့ ၁ မိုင် အကွာအထိ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနိုင်သည်ဟု သတင်းများတွင် တွေ့နေရသည်။
*** ZAWGYI ***
ကသာ-ဗန္းေမာ္ သြားလာေသာ ယာဥ္မ်ား စစ္ေကာင္စီ တပ္ႏွင့္ ပစၥည္း သယ္ပို႔ျခင္း မလုပ္ရန္ သတိေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၄ ရက္။
ကသာ-ဗန္းေမာ္ ေရလမ္းကုန္းလမ္းသြားလာသူမ်ား စစ္ေကာင္စီႏွင့္ ပတ္သက္သည့္ လူႏွင့္ ပစၥည္းမ်ား တင္ေဆာင္ျခင္း မျပဳရန္၊ မိုးကာမ်ား အုပ္ၿပီး မေမာင္းရန္ ကသာ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ PDF ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔က သတိေပးထားသည္။
ဇူလိုင္လ ၁၄ ရက္ေန႔ ရက္စြဲ ျဖင့္ ထုတ္ျပန္ထားသည့္ အဆိုပါ သတိေပးထုတ္ျပန္ခ်က္ထဲတြင္ အခ်က္ေလးခ်က္ ပါရွိၿပီး ဘာသာေရးႏွင့္လူမႈကူညီေရးကားမ်ားကိုလည္း စစ္ေကာင္စီတပ္မ်ားက အသုံးေနသည့္အတြက္ ကားမွန္ မ်ား ခ်ေမာင္းရန္ႏွင့္ ကိုဗစ္ကာလအတြင္ ၿမိဳ႕ေနျပည္သူမ်ားအေနျဖင့္ ညအခ်ိန္ အေရးမႀကီးလွ်င္ အျပင္မထြက္ ရန္ ထည့္သြင္း သတိေပးထားသည္။
ထို႔အျပင္ ကသာ-ထီးခ်ိဳင့္၊ မႏၲေလး-အင္းေတာ္-ျမစ္ႀကီးနား၊ ကသာ-ေ႐ႊကူ-ဗန္းေမာ္ ကားလမ္း တို႔တြင္ သြားလာ ေနသည့္ ယာဥ္မ်ားအေနျဖင့္လည္း စစ္ေကာင္စီတပ္၏ ပစၥည္းမ်ားႏွင့္ လူမ်ားကို သယ္ယူပို႔ေဆာင္ေပးျခင္းမ်ား မျပဳလုပ္ရန္ သတိေပးထားသည္။
သတိေပးစာတြင္ တံဆိပ္မပါေသာ္လည္း အစစ္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ လက္ရွိအေျခအေနထက္ တိုက္ပြဲမ်ား အရွိန္ျမႇင့္လာႏိုင္သျဖင့္ ေက်း႐ြာလူႀကီးမ်ား၊ ရပ္မိ၊ ရပ္ဖမ်ားက အႀကံေပးမႈေၾကာင့္ ယခုစာကို ထုတ္ျပန္ျခင္း ျဖစ္ေၾကာင္း PDF တာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာသည္။
”က်ေနာ္တို႔က စစ္မတိုက္ခ်င္ပါဘူး။ ဒါေပမယ့္ အခုျပည္သူေတြ ဒုကၡေရာက္ေနတာရယ္ ေနာက္လာမယ့္ မ်ိဳး ဆက္ေတြ က်ေနာ္တို႔လို ဒုကၡမေရာက္ေအာင္အတြက္ စစ္တိုက္ေနတာပါ။ အဲ့ဒီအတြက္ ဝိုင္းကူညီေပးၾကပါ“ ဟု အဆိုပါ PDF တာဝန္ရွိသူ က ေျပာသည္။
PDF တပ္ဖြဲ႕မ်ားသည္ ျပည္သူထဲက ျပည္သူမ်ားသာျဖစ္ၿပီး အျပစ္မဲ့သည့္ မိဘျပည္သူမ်ားႏွင့္ ရင္ေသြးငယ္မ်ား ဖမ္းဆီးေထာင္ခ်ခံ၊ သတ္ျဖတ္ခံေနရျဖင့္ ျပည္သူမ်ားကို ကာကြယ္ရန္ရည္႐ြယ္ လုပ္ေဆာင္ေနျခင္းျဖစ္၍ ပူးေပါင္းကူညီေပးၾကရန္လိုေၾကာင္း ၎က ဆိုသည္။
ယေန႔ ထုတ္ျပန္လိုက္သည့္ သတိေပးစာထဲတြင္ ခရီးသြားယာဥ္မ်ားအေနျဖင့္ မိုးေလဝသအေျခအေနမ်ားေၾကာင့္ မိုးကာအုပ္သြားလိုလွ်င္ ဆက္သြယ္အေၾကာင္းၾကာႏိုင္ရန္ ဖုန္းနံပါတ္တစ္ခုကိုလည္း ထည့္သြင္း ထုတ္ျပန္ထား သည္။
ယခုရက္ပိုင္းအတြင္း ကသာၿမိဳ႕အနီးတဝိုက္တြင္ တိုက္ပြဲမ်ား ခပ္စိပ္စိပ္ျဖစ္လာၿပီး ကသာႏွင့္ ဆယ္မိုင္ခန႔္ေဝး သည့္ မိုးဒါးႀကီး၊ မိုးဒါေလး ေနရာဘက္တြင္ စတင္ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားသည္ ယခုခါ ကသာၿမိဳ႕ကားႀကီးဝန္း အနီးထိ ေရာက္လာေၾကာင္း ကာသာၿမိဳ႕ ေဒသခံမ်ားက ေျပာသည္။
သို႔ေသာ္လက္ရွိတြင္ ေဒသခံျပည္သူမ်ားအေနျဖင့္ ”ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အားလုံးက တိုက္ပြဲထက္ ကိုဗစ္ကိုေၾကာက္ေနရတဲ့ သေဘာျဖစ္ေနတာေလ” ဟု အမွတ္ ၄ ရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာသည္။
ကသာ PDF တပ္ဖြဲ႕သည္ အာဏာသိမ္း စစ္ေကာင္စီကို လက္နက္ကိုင္ ေတာ္လွန္တိုက္ခိုက္ရန္ အတြက္ ေဒသခံ မ်ား စုေပါင္း၍ ဖြဲ႕စည္းတည္ေထာင္ထားျခင္း ျဖစ္သည္။
ေမ ၃၀ ရက္ နံနက္ပိုင္းတြင္ စစ္ေကာင္စီ၏ ယာဥ္တန္းကို စတင္တိုက္ခဲ့ၿပီးေနာက္ တစ္လခြဲကာလအတြင္း ကသာၿမိဳ႕ ၁ မိုင္ အကြာအထိ စစ္ေရးလႈပ္ရွားမႈမ်ား လုပ္ေဆာင္လာႏိုင္သည္ဟု သတင္းမ်ားတြင္ ေတြ႕ေနရသည္။