ကမ်းဝေးငါးဖမ်းလှေများကို ၁၅ ရက်စောကာ ငါးဖမ်းခွင့်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေများကို သတ်မှတ်ချိန်ထက် ၁၅ ရက်စောပြီး ပင်လယ် ထွက် ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိပြီး အဆိုပါ လှေထက်ဝက်ခန့်မှာ ဇူလိုင် လ ၁၅ ရက်နေ့တွင် ငါးစတင်ဖမ်းကြတော့မည့်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး က ပြောသည်။
၎င်းက “လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီးထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ် ကိုဗစ် 19 ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့သို့ တင် ပို့နေသည့် ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ ဈေးအဆမတန် ကျဆင်းခဲ့သည်ဟု ငါးဖမ်းလှေ လုပ်ငန်းရှင်များက ပြောသည်။
ထိုသို့ စျေး အဆမတန် ကျဆင်းခဲ့ရသည့်အတွက် ဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ပြီး အချို့မှာ လှေရပ်နား လိုက်ရသည်အထိပင် ဖြစ်ခဲ့ရကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များက ဆိုသည်။
ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိသည့်အနက် လှေ ခုနှစ်ရာကျော်မှာ မြိတ်ခရိုင် တစ်ခုတည်းရှိ ငါးဖမ်းလှေများ ဖြစ်သည်ဟု ဆိုသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရ ရာသီကို ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် သတ် မှတ်ထားသော်လည်း ယခုနှစ်တွင်မူ မေ၊ ဇွန်၊ ဇူလိုင် သို့ ပြောင်းလဲသတ်မှတ်ခဲ့သည် ဟု သိရသည်။
ထိုသို့ တစ်လစော၍ ပြောင်းလဲ သတ်မှတ်ရခြင်းမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငါးသားပေါက်သည့် ရာသီတွင်သာမက ငါးမျိုးဥ ဥနေသည့် ရာသီကိုပါ ငါးမဖမ်းရရာသီ အဖြစ် သတ်မှတ် လုပ် ဆောင်နိုင်မှ သာလျှင် ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နော်ဝေးသုတေသနသင်္ဘော၏ လေ့လာ တွေ့ရှိချက်များအရ သိရသည်။
*** ZAWGYI ***
ကမ္းေဝးငါးဖမ္းေလွမ်ားကို ၁၅ ရက္ေစာကာ ငါးဖမ္းခြင့္ျပဳ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ကမ္းေဝးငါးဖမ္းေလွမ်ားကို သတ္မွတ္ခ်ိန္ထက္ ၁၅ ရက္ေစာၿပီး ပင္လယ္ ထြက္ ငါးဖမ္းဆီးခြင့္ ျပဳလိုက္ေၾကာင္း ၿမိတ္ခ႐ိုင္ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္ထံမွ သိရသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းတြင္ ကမ္းေဝးငါးဖမ္းေလွ ၁၅၀၀ ခန႔္ရွိၿပီး အဆိုပါ ေလွထက္ဝက္ခန႔္မွာ ဇူလိုင္ လ ၁၅ ရက္ေန႔တြင္ ငါးစတင္ဖမ္းၾကေတာ့မည့္ဟု ၿမိတ္ခ႐ိုင္ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉး ဦးသက္စိုး က ေျပာသည္။
၎က “လူေတြရဲ႕ စီးပြားေရးအခက္အခဲေတြေၾကာင့္ ေစာၿပီးထြက္ခြင့္ျပဳလိုက္တဲ့ သေဘာပါပဲ” ဟု ေျပာသည္။
ၿမိတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ႏွစ္ ကိုဗစ္ 19 ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစၿပီး ထိုင္းႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံ အခ်ိဳ႕သို႔ တင္ ပို႔ေနသည့္ ငါး၊ ပုဇြန္ႏွင့္ ေရထြက္ပစၥည္းမ်ား ေဈးအဆမတန္ က်ဆင္းခဲ့သည္ဟု ငါးဖမ္းေလွ လုပ္ငန္းရွင္မ်ားက ေျပာသည္။
ထိုသို႔ ေစ်း အဆမတန္ က်ဆင္းခဲ့ရသည့္အတြက္ ဖမ္းလုပ္ငန္းရွင္မ်ား အရႈံးေပၚခဲ့ၿပီး အခ်ိဳ႕မွာ ေလွရပ္နား လိုက္ရသည္အထိပင္ ျဖစ္ခဲ့ရေၾကာင္း ငါးဖမ္းေလွလုပ္ငန္းရွင္မ်ားက ဆိုသည္။
ကမ္းေဝးငါးဖမ္းေလွ ၁၅၀၀ ခန႔္ရွိသည့္အနက္ ေလွ ခုႏွစ္ရာေက်ာ္မွာ ၿမိတ္ခ႐ိုင္ တစ္ခုတည္းရွိ ငါးဖမ္းေလွမ်ား ျဖစ္သည္ဟု ဆိုသည္။
ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးသားေပါက္ခ်ိန္ ငါးမဖမ္းရ ရာသီကို ပုံမွန္ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လမ်ားတြင္ သတ္ မွတ္ထားေသာ္လည္း ယခုႏွစ္တြင္မူ ေမ၊ ဇြန္၊ ဇူလိုင္ သို႔ ေျပာင္းလဲသတ္မွတ္ခဲ့သည္ ဟု သိရသည္။
ထိုသို႔ တစ္လေစာ၍ ေျပာင္းလဲ သတ္မွတ္ရျခင္းမွာ ျမန္မာႏိုင္ငံ ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္၏ အစည္းအေဝး ဆုံးျဖတ္ ခ်က္အရ ျဖစ္သည္ဟု ၿမိတ္ခ႐ိုင္ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ငါးသားေပါက္သည့္ ရာသီတြင္သာမက ငါးမ်ိဳးဥ ဥေနသည့္ ရာသီကိုပါ ငါးမဖမ္းရရာသီ အျဖစ္ သတ္မွတ္ လုပ္ ေဆာင္ႏိုင္မွ သာလွ်င္ ငါးသယံဇာတ ေရရွည္ထိန္းသိမ္းႏိုင္မည္ျဖစ္ေၾကာင္း ေနာ္ေဝးသုေတသနသေဘၤာ၏ ေလ့လာ ေတြ႕ရွိခ်က္မ်ားအရ သိရသည္။