ကွတ်ခိုင်ဈေးမီးလောင်ရာ ဆိုင်ခန်း ၃၀ ကျော် ဆုံးရှုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ မြို့မစျေးက စျေးဆိုင်ခန်းပေါင်း ၃၀ ကျော် မီးလောင်ခဲ့သည်ဟု ဒေသခံ များက ပြောသည်။


မီးလောင်သွားသည့် စျေးဆိုင်များတွင် တိုင်းရင်းဆေးဆိုင်၊ ဆန်ဆိုင်၊ လျှပ်စစ်ပစ္စည်း၊ အထည်ဆိုင်များနှင့် ခေါက် ဆွဲဆိုင်များ ပါဝင်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောသည်။


အထည်ဆိုင် တစ်ဆိုင်လုံး မီးလောင်ကျွမ်းသွားခဲ့ရသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ၎င်းအနေဖြင့် ကျပ်သိန်း (၄၀) ခန့် ဆုံးရှုံးသွားရသည်ဟု ပြောသည်။
မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို ယခုအချိန်ထိ မသိရသေးသလို ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းကို တော့ မသိရသေးဘူးဟု ဆိုသည်။


ဇူလိုင်လ ၁၆ ရက်နေ့ နံနက်လင်းအားကြီး ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်ကနေ မီးစတင်လောင်ကျွမ်းခဲ့ရာ၊ မြို့နယ် မီး သတ်ရုံး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့မစျေးထဲတွင် စျေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ရှိသည့်အနက် ယနေ့နံနက်ပိုင်းက မီးလောင်မှု ကြောင့် ဆိုင်ခန်းပေါင်း ၃၀ ခန့် မီးလောင်သွားခဲ့ခြင်းသည်။

ယခုမီးလောင်မှုသည် ကွတ်ခိုင်မြို့မဈေး၏ ပထမဆုံးအကြိမ် မီးလောင်မှုကြီး ဖြစ်သည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။
ဓါတ်ပုံ – MNWM
*** ZAWGYI ***
ကြတ္ခိုင္ေဈးမီးေလာင္ရာ ဆိုင္ခန္း ၃၀ ေက်ာ္ ဆုံးရႈံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕၊ ၿမိဳ႕မေစ်းက ေစ်းဆိုင္ခန္းေပါင္း ၃၀ ေက်ာ္ မီးေလာင္ခဲ့သည္ဟု ေဒသခံ မ်ားက ေျပာသည္။
မီးေလာင္သြားသည့္ ေစ်းဆိုင္မ်ားတြင္ တိုင္းရင္းေဆးဆိုင္၊ ဆန္ဆိုင္၊ လွ်ပ္စစ္ပစၥည္း၊ အထည္ဆိုင္မ်ားႏွင့္ ေခါက္ ဆြဲဆိုင္မ်ား ပါဝင္သည္ဟု ေဒသခံတစ္ဦးက အတည္ျပဳေျပာသည္။
အထည္ဆိုင္ တစ္ဆိုင္လုံး မီးေလာင္ကြၽမ္းသြားခဲ့ရသည့္ ဆိုင္ပိုင္ရွင္တစ္ဦးက ၎အေနျဖင့္ က်ပ္သိန္း (၄၀) ခန႔္ ဆုံးရႈံးသြားရသည္ဟု ေျပာသည္။
မီးေလာင္မႈ ျဖစ္ပြားရသည့္ အေၾကာင္းအရင္းကို ယခုအခ်ိန္ထိ မသိရေသးသလို ဆုံးရႈံးမႈ တန္ဖိုး စုစုေပါင္းကို ေတာ့ မသိရေသးဘူးဟု ဆိုသည္။
ဇူလိုင္လ ၁၆ ရက္ေန႔ နံနက္လင္းအားႀကီး ၁၂ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့ရာ၊ ၿမိဳ႕နယ္ မီး သတ္႐ုံး ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားက ဝိုင္းဝန္း မီးၿငိမ္းသတ္ခဲ့ရာ နံနက္ ၁ နာရီခြဲအခ်ိန္ခန႔္တြင္ မီးၿငိမ္း သတ္ႏိုင္ခဲ့သည္ဟု သိရသည္။
ကြတ္ခိုင္ၿမိဳ႕မေစ်းထဲတြင္ ေစ်းဆိုင္ခန္းေပါင္း တစ္ေထာင္ေက်ာ္ရွိသည့္အနက္ ယေန႔နံနက္ပိုင္းက မီးေလာင္မႈ ေၾကာင့္ ဆိုင္ခန္းေပါင္း ၃၀ ခန႔္ မီးေလာင္သြားခဲ့ျခင္းသည္။
ယခုမီးေလာင္မႈသည္ ကြတ္ခိုင္ၿမိဳ႕မေဈး၏ ပထမဆုံးအႀကိမ္ မီးေလာင္မႈႀကီး ျဖစ္သည္ဟု ေစ်းဆိုင္ပိုင္ရွင္မ်ားက ေျပာသည္။
ဓါတ္ပုံ – MNWM