ဖားကန့်စစ်ရှောင်များ အကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၇ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာ လေးရွာက လူ ၂၀၀ ကျော် စစ်ရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညနေအထိ စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ် ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်များက စစ်ရေး လှုပ်ရှားနေသေးသည့်အတွက် စစ်ရှောင်များ နေရပ်ကို မပြန်နိုင် သေးဟု အကူအညီပေးနေသူ တစ်ဦးက ပြောသည်။

“မနေ့ညက အထိပစ်ခတ်ကြသေးတယ်။ ဒီနေ့တော့ ငြိမ်နေတယ်။ စစ်ရှောင်တွေက အဲ့ဒီလမ်းတကြောက ဟိုး… ဒီတံတားညီနောင်၊ ဂေါ့လူယန်၊ ခွမ်ဆိုင်ဇွပ်ကလူတွေဟုတ်တယ်။ အခု သူတို့ ဆိုင်းဖရာနှစ်ခြင်းကျောင်းဝန်းထဲမှာပဲ နေနေကြတုန်းပဲ။ အခုသူတို့ အရေးတကြီးလိုအပ်နေတာကတော့ အစားအစာနဲ့ဆေးဝါးပေါ့ လိုနေတယ်။ အခုက ကိုဗစ်ဖြစ်နေတော့ အားလုံးခက်ခဲနေကြတယ်။”

ဖားကန့်မြို့နယ်ထဲက ဆိုင်းဖရာနှစ်ခြင်းဘုရားကျောင်းဝန်းထဲကို ရောက်နေသည့် စစ်ရှောင်များအတွက် စားနပ် ရိက္ခာနှင့် ဆေးဝါးများ အဓိက လိုအပ်နေပြီး အကူအညီပေးသူလည်း နည်းနေသည်ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာများထဲ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး လက်နက်ကြီးကျည်စများထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“အမြှောက် ဒီလက်နက်ကြီးပေါ့ အဲ့ဒါပေါက်ကွဲပြီး ထိသွားတာပေါ့နော်။ ဗုံးဆံစနော်ထိတာ။ လူ ၆ ယောက် ဟုတ်တယ် ထိတာ။ အသက် ၃၀ ကနေ ၄၀ ကြား လူတွေပေါ့၊ အဲ့ထဲမှ အသက် ၉ နှစ်အရွယ် ကလေးမလေး တစ်ယောက်ပါတယ်။ လက်နက်ကြီးလည်းရွာထဲကို ပစ်တယ်လေနော်။ အဲ့ဒါကြောင့်ထိကုန်တာပါ။”

COVID-19 ရောဂါကူးစက်မှု မြင့်တက်နေသည့် ကာလဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ ပို့ရန် ခက်ခဲနေခြင်းကြောင့် ကျေးလက်ဆရာမများကပဲ ဆေးကုပေးနေရသည်ဟု အကူအညီပေးသူ တစ်ဦး က ဆက်ပြောသည်။

“အခုက မြို့သွားပြီးဆေးကုဖို့ကလည်း ကိုဗစ်ကြောင့်ဘာကြောင့်နဲ့ ဆေးရုံကလည်း အဆင်မပြေတော့ ကျနော် တို့ရွာက ဆရာမ ဆေးထိုးတဲ့ဆရာမ ကျေးလက်ဆရာမပေါ့ အစိုးရဆရာမလည်းမဟုတ်ဘူးပေါ့ ရွာမှာသုံးတဲ့ ဆရာမတွေနဲ့ ဆေးကုနေတယ်။ နှစ်ယောက်ကတော့ ကျည်စအထဲဝင်သွားတယ်။ အခုတော့ ထုတ်ပြီး၊ တိုင်းရင်း ဆေး တောင်ပေါ်ဆေးပေါ့ အဲ့ဒါသောက်ပြီး ဆေးကုနေရတယ်။”

ဖားကန့်မြို့နယ်ထဲက ခွမ်ဆိုင်ဇွပ်၊ ဂေါ့လူယန်၊ ဂတ်နွယ်နှင့် တံတားညီနောင်ကျေးရွာများအနီး ယခုရက်ပိုင်း ၃ ရက်ဆိုက်တိုက် စစ်ကောင်စီများနှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာထဲသို့ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ် ရေးအဖွဲ့ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောသည်။

“ဟုတ်ကဲ့ပါ ကျနော်တို့ ထိထားတာကတော့ စစ်ကောင်စီဘက်ကနေ စစ်ရေးလှုပ်ရှားလာလို့ KIA ဘက်ကနေ ခုခံတိုက်ပွဲဖြစ်တယ်ဆိုတာမျိုး အဲ့လောက်ပဲကြားသိထားပါတယ်။ ကျနော်တို့တပ်ရင်းကတော့ တပ်ရင်း ၄၄ ဖြစ်ပါတယ်။ အဲ့ဒီဘက်က တာဝန်ရှိတဲ့တပ်ရင်းကတော့။”

နှစ်ဖက်ကြား ဇူလိုင်လ ၁၅ ရက်နေမှ ၁၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း စစ်ကောင်စီတပ်များက အဆိုပါကျေးရွာများအနီးနှင့် ဖားကန့်လမ်းကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားနေသေးသည်ဟု ဒေသခံများ က ပြောသည်။

*** ZAWGYI ***
ဖားကန႔္စစ္ေရွာင္မ်ား အကူအညီလိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၁၇ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားေၾကာင့္ ေက်း႐ြာ ေလး႐ြာက လူ ၂၀၀ ေက်ာ္ စစ္ေရွာင္ေနရၿပီး အေရးေပၚအကူအညီမ်ား လိုအပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဇူလိုင္လ ၁၆ ရက္ေန႔ ညေနအထိ စစ္ေကာင္စီတပ္ႏွင့္ ကခ်င္ လြတ္လပ္ ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနခဲ့ျခင္း ျဖစ္သည္။

ဇူလိုင္လ ၁၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ တိုက္ပြဲမ်ား ရပ္တန႔္ေနေသာ္လည္း စစ္ေကာင္စီတပ္မ်ားက စစ္ေရး လႈပ္ရွားေနေသးသည့္အတြက္ စစ္ေရွာင္မ်ား ေနရပ္ကို မျပန္ႏိုင္ ေသးဟု အကူအညီေပးေနသူ တစ္ဦးက ေျပာသည္။

“မေန႔ညက အထိပစ္ခတ္ၾကေသးတယ္။ ဒီေန႔ေတာ့ ၿငိမ္ေနတယ္။ စစ္ေရွာင္ေတြက အဲ့ဒီလမ္းတေၾကာက ဟိုး… ဒီတံတားညီေနာင္၊ ေဂါ့လူယန္၊ ခြမ္ဆိုင္ဇြပ္ကလူေတြဟုတ္တယ္။ အခု သူတို႔ ဆိုင္းဖရာႏွစ္ျခင္းေက်ာင္းဝန္းထဲမွာပဲ ေနေနၾကတုန္းပဲ။ အခုသူတို႔ အေရးတႀကီးလိုအပ္ေနတာကေတာ့ အစားအစာနဲ႔ေဆးဝါးေပါ့ လိုေနတယ္။ အခုက ကိုဗစ္ျဖစ္ေနေတာ့ အားလုံးခက္ခဲေနၾကတယ္။”

ဖားကန႔္ၿမိဳ႕နယ္ထဲက ဆိုင္းဖရာႏွစ္ျခင္းဘုရားေက်ာင္းဝန္းထဲကို ေရာက္ေနသည့္ စစ္ေရွာင္မ်ားအတြက္ စားနပ္ ရိကၡာႏွင့္ ေဆးဝါးမ်ား အဓိက လိုအပ္ေနၿပီး အကူအညီေပးသူလည္း နည္းေနသည္ဟု ေျပာသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္က ေက်း႐ြာမ်ားထဲ လက္နက္ႀကီးမ်ားႏွင့္ ပစ္ခတ္ခဲ့သည့္အတြက္ အသက္ ကိုးႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးအပါအဝင္ ေဒသခံ ၆ ဦး လက္နက္ႀကီးက်ည္စမ်ားထိမွန္ခဲ့သည္ဟု ေဒသခံတစ္ဦး က ေျပာသည္။

“အေျမႇာက္ ဒီလက္နက္ႀကီးေပါ့ အဲ့ဒါေပါက္ကြဲၿပီး ထိသြားတာေပါ့ေနာ္။ ဗုံးဆံစေနာ္ထိတာ။ လူ ၆ ေယာက္ ဟုတ္တယ္ ထိတာ။ အသက္ ၃၀ ကေန ၄၀ ၾကား လူေတြေပါ့၊ အဲ့ထဲမွ အသက္ ၉ ႏွစ္အ႐ြယ္ ကေလးမေလး တစ္ေယာက္ပါတယ္။ လက္နက္ႀကီးလည္း႐ြာထဲကို ပစ္တယ္ေလေနာ္။ အဲ့ဒါေၾကာင့္ထိကုန္တာပါ။”

COVID-19 ေရာဂါကူးစက္မႈ ျမင့္တက္ေနသည့္ ကာလျဖစ္သည့္အတြက္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို ေဆး႐ုံသို႔ ပို႔ရန္ ခက္ခဲေနျခင္းေၾကာင့္ ေက်းလက္ဆရာမမ်ားကပဲ ေဆးကုေပးေနရသည္ဟု အကူအညီေပးသူ တစ္ဦး က ဆက္ေျပာသည္။

“အခုက ၿမိဳ႕သြားၿပီးေဆးကုဖို႔ကလည္း ကိုဗစ္ေၾကာင့္ဘာေၾကာင့္နဲ႔ ေဆး႐ုံကလည္း အဆင္မေျပေတာ့ က်ေနာ္ တို႔႐ြာက ဆရာမ ေဆးထိုးတဲ့ဆရာမ ေက်းလက္ဆရာမေပါ့ အစိုးရဆရာမလည္းမဟုတ္ဘူးေပါ့ ႐ြာမွာသုံးတဲ့ ဆရာမေတြနဲ႔ ေဆးကုေနတယ္။ ႏွစ္ေယာက္ကေတာ့ က်ည္စအထဲဝင္သြားတယ္။ အခုေတာ့ ထုတ္ၿပီး၊ တိုင္းရင္း ေဆး ေတာင္ေပၚေဆးေပါ့ အဲ့ဒါေသာက္ၿပီး ေဆးကုေနရတယ္။”

ဖားကန႔္ၿမိဳ႕နယ္ထဲက ခြမ္ဆိုင္ဇြပ္၊ ေဂါ့လူယန္၊ ဂတ္ႏြယ္ႏွင့္ တံတားညီေနာင္ေက်း႐ြာမ်ားအနီး ယခုရက္ပိုင္း ၃ ရက္ဆိုက္တိုက္ စစ္ေကာင္စီမ်ားႏွင့္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါေနရာထဲသို႔ စစ္ေကာင္စီတပ္ဘက္က စစ္ေရးလႈပ္ရွားလာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္း ျဖစ္သည္ဟု ကခ်င္လြတ္လပ္ ေရးအဖြဲ႕ KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက သတင္းႏွင့္မီဒီယာကြန္ရက္ကို ေျပာသည္။

“ဟုတ္ကဲ့ပါ က်ေနာ္တို႔ ထိထားတာကေတာ့ စစ္ေကာင္စီဘက္ကေန စစ္ေရးလႈပ္ရွားလာလို႔ KIA ဘက္ကေန ခုခံတိုက္ပြဲျဖစ္တယ္ဆိုတာမ်ိဳး အဲ့ေလာက္ပဲၾကားသိထားပါတယ္။ က်ေနာ္တို႔တပ္ရင္းကေတာ့ တပ္ရင္း ၄၄ ျဖစ္ပါတယ္။ အဲ့ဒီဘက္က တာဝန္ရွိတဲ့တပ္ရင္းကေတာ့။”

ႏွစ္ဖက္ၾကား ဇူလိုင္လ ၁၅ ရက္ေနမွ ၁၆ ရက္ေန႔အထိ သုံးရက္ဆက္တိုက္ ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယေန႔အခ်ိန္ထိလည္း စစ္ေကာင္စီတပ္မ်ားက အဆိုပါေက်း႐ြာမ်ားအနီးႏွင့္ ဖားကန႔္လမ္းေၾကာင္းတစ္ေလွ်ာက္ စစ္ေရးလႈပ္ရွားေနေသးသည္ဟု ေဒသခံမ်ား က ေျပာသည္။