လျော်ကြေးဖြင့် မလုံလောက်ဟု ကချင် အမျိုးသမီး အဖွဲ့ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

အသတ်ခံရသည့် အမျိုးသမီးကို လျော်ကြေးပေးခြင်းထက် ကျူးလွန်သူများကို အရေးယူရန် အရေးကြီးကြောင်း ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) KWAT က ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် သေဆုံး သူ အမျိုးသမီး ဒေါ်မခေါ်ရွယ် အတွက် တပ်မ ၈၈ နှင့် ခမရ ၆၁၆ က တာဝန်ရှိသူများက ကျပ်ငွေ ၂၁ သိန်း လာရောက်ပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထောက်ပြလိုက်ခြင်းဖြစ်သည်။

KWAT ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ က “စစ်တပ်ကတော့ အရေးယူမှုတွေ အရင်တုန်းက လုပ်ခဲ့တယ် ဆိုပေမယ့် စစ်တပ်ရဲ့ တရားခုံရုံးတွေမှာပဲ အပြင်လူတွေ ကြားနာခွင့်မရှိဘူး၊ လာပြီးတော့ နားထောင်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှ လုပ်ချင်သလိုလုပ်တဲ့ အရာတွေလည်း ကျမတို့ အများကြီးကြုံခဲ့ရပြီလေ။ အဲ့လိုမျိုးဆို တော့ ဒီလိုမျိုး ကျမတို့ အမျိုးသမီးတွေကို စော်ကားမော်ကားလုပ်ပြီးတော့ မတရားပြုကျင့်ပြီးတော့ ညှင်းပန်း နှိပ်စက် ပြီးတော့ အသတ်ခံရတယ် ဆိုတဲ့ Case ကတော့ ဒီဟာနဲ့ဆိုလို့ရှိရင်တော့ အများကြီးရှိနေပြီ” ဟုပြောသည်။

ထိုအနေအထားများကြောင့် ပွင့်လင်းမြင်သာပြီး မျှတသည့် တရားစီရင်ရေးစနစ် ဖြစ်လာစေရန် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ဖို့ရန် လိုသည်ဟု ဆက်ပြောသည်။

“မြန်မာနိုင်ငံမှာ ဒီလို မျိုးအဖြစ်ဆိုးကြီးတွေ ဘယ်တော့မှ မဖြစ်အောင် စစ်တပ်ဆိုတဲ့ အာဏာရှင်ပြုတ်ကျရေး က အရေး ကြီးတယ်ဆို တာ ကျမတို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခင်ကရော၊ ယခုလက်ရှိအချိန်ထိ တိုင်းရင်းသားပြည်နယ်များနှင့် စစ်ရေး ပဋိပက္ခဧရိယာအတွင်း နေထိုင်ကြသည့် အမျိုးသမီးများအပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို စစ်လက်နက် သဖွယ် အသုံးပြုနေသည် ဟု မွန်းနေလီက ဆိုသည်။

“ဒီလိုမျိုးအဖြစ်အပျက်တွေက တဖက်ကနေ ပြောမယ်ဆိုရင် စစ်အာဏာရှင်ကတော့ ဒီစစ်လက်နက်သဖွယ် အသုံးပြုတဲ့ ပုံစံဖြစ်နေတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်တာ ပေါ့ နော်။ အဲ့ဒါကြောင့်မို့ ဒီလိုမျိုးစစ်လက်နက်သဖွယ်သုံးနေတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ဖို့ လိုအပ်တယ်။ ပြီးလို့ ရှိရင် အရေးကြီးတာကတော့ ဒီလိုမျိုးကျူးလွန်မှု ဖြစ်ပျက်တဲ့ဟာကို ကျူးလွန်ခွင့်ပေးတဲ့ infinity ပေါ့နော် ဒီကိစ္စ တွေကိုလည်း ရပ်တန့်ပေးဖို့ အများကြီးလိုအပ်တယ်။”

မိုးမောက်မြို့၊ နွမ်လန်းကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက “အခု ဟိုးတနေ့က တပ်မ ၈၈ ကနေပြီးမှ သူတို့ အိမ်ထောင်အတွက် ကျနော်တို့ကချင်ဘာသာရေးလိုပြောရင်တော့ ဆုတောင်းတာပေါ့၊ အဲ့အချိန်မှာသုံးဖို့ဆိုပြီး တော့ အိမ်ရှင်တွေကို သိန်းနှစ်ဆယ် လာပေးတယ်လို့တော့ ပြောတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တပ်ကလည်း ထောက်ပံ့ကြေးပေးတာက သက်သက်၊ ဒီအမှုကို ရုပ်သိမ်းဖို့ ကြေအေးဖို့တော့ မဟုတ်ပါဘူး။ အခုအမှုကိုတော့ အခုရဲစခန်းမှူးပြောတာတော့ ရအောင်ကို ဖော်မယ်လို့ ပြောတာ” ဟု ပြောသည်။

လူသတ်မှုကျူးလွန်ပြီး ယခုကဲ့သို့ ငွေကြေးဖြင့် လျော်ကြေးပေးခြင်းသည် မှန်ကန်သည့် တရားစီရင်မှု မဟုတ် ဘူးဟု မွန်းနေလီက ပြောသည်။

“တဖက်မှာလည်း တရားမျှတမှုဆိုတာကတော့ ကျမတို့ ပြောနေတဲ့တရားမျှတမှုပေါ့နော် ပိုက်ဆံလျော်ကြေး ပေး တဲ့ဟာကို ဆိုလိုတာမဟုတ်ဘူးပေါ့နော်။ တရားမျှတမှုဆိုတာ လူမှုအသိုင်းအဝိုင်းမှာ တစ်ယောက်ကို လုပ် ချင်သလိုလုပ် သတ်ချင်သလိုသတ် တန်ဖိုးမရှိလုပ်ခဲ့ပြီးမှ ငွေကြေးနဲ့လာပြီးတော့ တောင်းပန်တယ်တို့ ဘာတို့ ဒါက တော့ ဟန်ဆောင်မှု တစ်ခုပဲဆိုတာ ပေါ်လွင်တာပေါ့နော်။”

အမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့က လိုက်ပါဆောင်ရွက်ပေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ သည့် စစ်သား ၃ ဦးအား စစ်ဆေးမေးမြန်းခွင့် သွားတောင်းရာ စစ်တပ်က တွေ့ခွင့်မပေးဘူးဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

“သူတို့ မှုခင်းဖြစ်ပြီး နောက်မနက်မှာပေါ့ ရဲစခန်းမှူးနဲ့ ဥက္ကဋ္ဌနဲ့ တပ်ထဲသွားပြီး ဖုန်းသွားတောင်းတာရယ်၊ စစ် သား ၃ ယောက်ကိုသွားစစ်ဆေးတာ သူတို့မထုတ်ဘူးလို့ပြောတာပဲ၊ သူတို့နာမည်နဲ့ သူတို့ကိုယ်ပိုင်နံပါတ် အဲ့ဒါပဲ ပြောပြတယ်လို့ပြောတယ်။”

ဇူလိုင်လ ၁၄ ရက်နေ့က သေဆုံးသူ ဒေါ်မခေါ်ရွယ်သည် ၎င်း၏ လယ်သို့ စပါးမျိုးကြဲရန် သွားရာ ထိုနေ့က အိမ်သို့ ပြန်မလာပဲ ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအားနောက်တစ်ရက်တွင် မိသားစုဝင်များနှင့် ဒေသခံရွာ သားများက လိုက်လံရှာဖွေရာတွင် အဝတ် အစားဖရိုဖရဲ၊ အောက်ပိုင်း ဗလာ၊ ပါးစပ်အတွင်းအဝတ်များ ပိတ်စို့ ကာ အသတ်ခံထားရသည့် ရုပ်အလောင်းကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များ၊ ဒေသခံရွာသားများနှင့် အမျိုးသမီးအရေး လှုပ်ရှားသူများက ယခုကဲ့သို့ အသတ်ခံရသည့်အမှု နှင့်ပတ်သက်၍ စစ်ခုံရုံးတွင် စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူပေးရန်ပေး တောင်း ဆိုနေကြသည်။

Photo – CJ

*** ZAWGYI ***
ေလ်ာ္ေၾကးျဖင့္ မလုံေလာက္ဟု ကခ်င္ အမ်ိဳးသမီး အဖြဲ႕ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၁ ရက္။

အသတ္ခံရသည့္ အမ်ိဳးသမီးကို ေလ်ာ္ေၾကးေပးျခင္းထက္ က်ဴးလြန္သူမ်ားကို အေရးယူရန္ အေရးႀကီးေၾကာင္း ကခ်င္အမ်ိဳးသမီးမ်ား အစည္းအ႐ုံး (ထိုင္းႏိုင္ငံ) KWAT က ေျပာသည္။

ဇူလိုင္လ ၁၄ ရက္ေန႔က အသတ္ခံခဲ့ရသည့္ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ ႏြမ္လန္းေက်း႐ြာက အသက္ ၅၀ ေက်ာ္အ႐ြယ္ ေသဆုံး သူ အမ်ိဳးသမီး ေဒၚမေခၚ႐ြယ္ အတြက္ တပ္မ ၈၈ ႏွင့္ ခမရ ၆၁၆ က တာဝန္ရွိသူမ်ားက က်ပ္ေငြ ၂၁ သိန္း လာေရာက္ေပးခဲ့သည့္ ကိစၥႏွင့္ ပတ္သက္၍ ေထာက္ျပလိုက္ျခင္းျဖစ္သည္။

KWAT ေျပာေရးဆိုခြင့္ရွိသူ မြန္းေနလီ က “စစ္တပ္ကေတာ့ အေရးယူမႈေတြ အရင္တုန္းက လုပ္ခဲ့တယ္ ဆိုေပမယ့္ စစ္တပ္ရဲ႕ တရားခုံ႐ုံးေတြမွာပဲ အျပင္လူေတြ ၾကားနာခြင့္မရွိဘူး၊ လာၿပီးေတာ့ နားေထာင္ခြင့္မရွိတဲ့ အေျခအေနတစ္ခုမွ လုပ္ခ်င္သလိုလုပ္တဲ့ အရာေတြလည္း က်မတို႔ အမ်ားႀကီးႀကဳံခဲ့ရၿပီေလ။ အဲ့လိုမ်ိဳးဆို ေတာ့ ဒီလိုမ်ိဳး က်မတို႔ အမ်ိဳးသမီးေတြကို ေစာ္ကားေမာ္ကားလုပ္ၿပီးေတာ့ မတရားျပဳက်င့္ၿပီးေတာ့ ညႇင္းပန္း ႏွိပ္စက္ ၿပီးေတာ့ အသတ္ခံရတယ္ ဆိုတဲ့ Case ကေတာ့ ဒီဟာနဲ႔ဆိုလို႔ရွိရင္ေတာ့ အမ်ားႀကီးရွိေနၿပီ” ဟုေျပာသည္။

ထိုအေနအထားမ်ားေၾကာင့္ ပြင့္လင္းျမင္သာၿပီး မွ်တသည့္ တရားစီရင္ေရးစနစ္ ျဖစ္လာေစရန္ စစ္အာဏာရွင္ စနစ္ အျမစ္ျပတ္ဖို႔ရန္ လိုသည္ဟု ဆက္ေျပာသည္။

ဓမန္မာႏိုင္ငံမွာ ဒီလို မ်ိဳးအျဖစ္ဆိုးႀကီးေတြ ဘယ္ေတာ့မွ မျဖစ္ေအာင္ စစ္တပ္ဆိုတဲ့ အာဏာရွင္ျပဳတ္က်ေရး က အေရး ႀကီးတယ္ဆို တာ က်မတို႔ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီအေနျဖင့္ ယခင္ကေရာ၊ ယခုလက္ရွိအခ်ိန္ထိ တိုင္းရင္းသားျပည္နယ္မ်ားႏွင့္ စစ္ေရး ပဋိပကၡဧရိယာအတြင္း ေနထိုင္ၾကသည့္ အမ်ိဳးသမီးမ်ားအေပၚ မုဒိမ္းက်င့္ သတ္ျဖတ္ျခင္းကို စစ္လက္နက္ သဖြယ္ အသုံးျပဳေနသည္ ဟု မြန္းေနလီက ဆိုသည္။

“ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြက တဖက္ကေန ေျပာမယ္ဆိုရင္ စစ္အာဏာရွင္ကေတာ့ ဒီစစ္လက္နက္သဖြယ္ အသုံးျပဳတဲ့ ပုံစံျဖစ္ေနတယ္။ ၿပီးလို႔ရွိရင္ အမ်ိဳးသမီးေတြကို အဓမၼျပဳက်င့္တာ၊ မုဒိမ္းက်င့္သတ္ျဖတ္တာ ေပါ့ ေနာ္။ အဲ့ဒါေၾကာင့္မို႔ ဒီလိုမ်ိဳးစစ္လက္နက္သဖြယ္သုံးေနတဲ့ကိစၥေတြကို ရပ္တန္းက ရပ္ဖို႔ လိုအပ္တယ္။ ၿပီးလို႔ ရွိရင္ အေရးႀကီးတာကေတာ့ ဒီလိုမ်ိဳးက်ဴးလြန္မႈ ျဖစ္ပ်က္တဲ့ဟာကို က်ဴးလြန္ခြင့္ေပးတဲ့ infinity ေပါ့ေနာ္ ဒီကိစၥ ေတြကိုလည္း ရပ္တန႔္ေပးဖို႔ အမ်ားႀကီးလိုအပ္တယ္။”

မိုးေမာက္ၿမိဳ႕၊ ႏြမ္လန္းေက်း႐ြာက ေဒသခံ အမ်ိဳးသားတစ္ဦးက “အခု ဟိုးတေန႔က တပ္မ ၈၈ ကေနၿပီးမွ သူတို႔ အိမ္ေထာင္အတြက္ က်ေနာ္တို႔ကခ်င္ဘာသာေရးလိုေျပာရင္ေတာ့ ဆုေတာင္းတာေပါ့၊ အဲ့အခ်ိန္မွာသုံးဖို႔ဆိုၿပီး ေတာ့ အိမ္ရွင္ေတြကို သိန္းႏွစ္ဆယ္ လာေပးတယ္လို႔ေတာ့ ေျပာတယ္။ ဒီအမႈနဲ႔ပတ္သက္လို႔ တပ္ကလည္း ေထာက္ပံ့ေၾကးေပးတာက သက္သက္၊ ဒီအမႈကို ႐ုပ္သိမ္းဖို႔ ေၾကေအးဖို႔ေတာ့ မဟုတ္ပါဘူး။ အခုအမႈကိုေတာ့ အခုရဲစခန္းမႉးေျပာတာေတာ့ ရေအာင္ကို ေဖာ္မယ္လို႔ ေျပာတာ” ဟု ေျပာသည္။

လူသတ္မႈက်ဴးလြန္ၿပီး ယခုကဲ့သို႔ ေငြေၾကးျဖင့္ ေလ်ာ္ေၾကးေပးျခင္းသည္ မွန္ကန္သည့္ တရားစီရင္မႈ မဟုတ္ ဘူးဟု မြန္းေနလီက ေျပာသည္။

“တဖက္မွာလည္း တရားမွ်တမႈဆိုတာကေတာ့ က်မတို႔ ေျပာေနတဲ့တရားမွ်တမႈေပါ့ေနာ္ ပိုက္ဆံေလ်ာ္ေၾကး ေပး တဲ့ဟာကို ဆိုလိုတာမဟုတ္ဘူးေပါ့ေနာ္။ တရားမွ်တမႈဆိုတာ လူမႈအသိုင္းအဝိုင္းမွာ တစ္ေယာက္ကို လုပ္ ခ်င္သလိုလုပ္ သတ္ခ်င္သလိုသတ္ တန္ဖိုးမရွိလုပ္ခဲ့ၿပီးမွ ေငြေၾကးနဲ႔လာၿပီးေတာ့ ေတာင္းပန္တယ္တို႔ ဘာတို႔ ဒါက ေတာ့ ဟန္ေဆာင္မႈ တစ္ခုပဲဆိုတာ ေပၚလြင္တာေပါ့ေနာ္။”

အမႈႏွင့္ပတ္သက္၍ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဲစခန္းမႉးတို႔က လိုက္ပါေဆာင္႐ြက္ေပးေနၿပီး ျပစ္မႈက်ဴးလြန္ခဲ့ သည့္ စစ္သား ၃ ဦးအား စစ္ေဆးေမးျမန္းခြင့္ သြားေတာင္းရာ စစ္တပ္က ေတြ႕ခြင့္မေပးဘူးဟု အဆိုပါ ႐ြာသားက ဆက္ေျပာသည္။

“သူတို႔ မႈခင္းျဖစ္ၿပီး ေနာက္မနက္မွာေပါ့ ရဲစခန္းမႉးနဲ႔ ဥကၠ႒နဲ႔ တပ္ထဲသြားၿပီး ဖုန္းသြားေတာင္းတာရယ္၊ စစ္ သား ၃ ေယာက္ကိုသြားစစ္ေဆးတာ သူတို႔မထုတ္ဘူးလို႔ေျပာတာပဲ၊ သူတို႔နာမည္နဲ႔ သူတို႔ကိုယ္ပိုင္နံပါတ္ အဲ့ဒါပဲ ေျပာျပတယ္လို႔ေျပာတယ္။”

ဇူလိုင္လ ၁၄ ရက္ေန႔က ေသဆုံးသူ ေဒၚမေခၚ႐ြယ္သည္ ၎၏ လယ္သို႔ စပါးမ်ိဳးႀကဲရန္ သြားရာ ထိုေန႔က အိမ္သို႔ ျပန္မလာပဲ ေပ်ာက္သြားခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ ၎အားေနာက္တစ္ရက္တြင္ မိသားစုဝင္မ်ားႏွင့္ ေဒသခံ႐ြာ သားမ်ားက လိုက္လံရွာေဖြရာတြင္ အဝတ္ အစားဖ႐ိုဖရဲ၊ ေအာက္ပိုင္း ဗလာ၊ ပါးစပ္အတြင္းအဝတ္မ်ား ပိတ္စို႔ ကာ အသတ္ခံထားရသည့္ ႐ုပ္အေလာင္းကိုသာ ရွာေတြ႕ခဲ့ျခင္းျဖစ္သည္။

မိသားစုဝင္မ်ား၊ ေဒသခံ႐ြာသားမ်ားႏွင့္ အမ်ိဳးသမီးအေရး လႈပ္ရွားသူမ်ားက ယခုကဲ့သို႔ အသတ္ခံရသည့္အမႈ ႏွင့္ပတ္သက္၍ စစ္ခုံ႐ုံးတြင္ စစ္ေဆးျခင္းမ်ိဳးမဟုတ္ပဲ ပြင့္လင္းျမင္သာစြာ စစ္ေဆးအေရးယူေပးရန္ေပး ေတာင္း ဆိုေနၾကသည္။

Photo – CJ