ရှမ်းတပ်များကြောင့် ရှမ်းမြောက်ဒေသခံများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ ကြား တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံများမှာ ထွက်ပြေးနေရသည်ဟု ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စုထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ် ပေါ်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သီပေါမြို့က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “တိုက်ပွဲ ဖြစ် တာ နှစ်ဖက်ပစ်ခတ်တာတော့မဟုတ်ဘူး။ ဒီလိုဖြစ်တာရှင့် တစ်ဖွဲ့က တစ်ဖွဲ့ ကိုလိုက်ပစ်တာမျိုးဖြစ်တယ်ရှင့်။ ရွာက လူတွေက အဲ့လိုပြောတယ်။ သူတို့က ရွာရဲ့ အနောက်ဖက်ကို ပစ်တယ်တဲ့။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ တစ်ဖွဲ့ကလည်း တစ်ဖွဲ့ကိုလိုက် အဲ့လိုမျိုးပဲပစ်ကြတာမျိုး။ အပြန်အလှန် ပစ်တာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် နောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းကျေးရွာက ဒေသခံရွာသားများ နောင် အန်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာ အခုက ဘယ်သူမှ မနေရဲဘူး။ လန့်ပြီးမှ အကုန်ပြေးကြတယ်။ ဘုန်းကြီးကျောင်းမှာ လာနေထား တယ်။ နောင်အန်ရွာရဲ့ ဘုန်းကြီး အဲ့မှာသွားနေကြတာ။ ပြန်လို့ရရင်တော့ ပြန်မလို့လုပ်ထားတယ်။ မနက် ၆ နာရီလောက် ကနေ ၈ နာရီလောက်အထိဖြစ်တယ်။ ရွာနောင်အန်ကျေးရွာအုပ်စု၊ ဆင်ပိုင်းရွာပေါ့။ သူတို့အချင်း ချင်း ပစ်ကြတာ” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အစပ်ရှိ နမ့်တွေနှင့်မာမို့ကျေးရွာဘက်တွင်လည်း RCSS နှင့် SSPP၊ TNLA တပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ဖုန်းဆက်တော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာဟုတ်တယ်လို့ပြောတယ်။ ဒီအဲ့နားက နမ့်တွေ၊ မာမို့ ရွာတွေနား လက်နက်ကြီးတွေကျတယ်တဲ့ဗျ။ ၁၀ လုံးတော့ ကျော်မယ်လို့ ပြောတယ်နော်။ ရွာထဲကျတာမျိုး တော့မဟုတ်ဘူး၊ အခုရွာသားတွေကတော့ သူတို့လုပ်ထားတဲ့ ကတုတ်ကျင်းတွေထဲ ဝင်ပြီးနေနေရတယ်တဲ့။ တခြားတော့ မလိုသေးဘူးပြောတယ်။ အခြေအနေစောင့်ကြည့်မယ်လို့လည်း ပြောတယ်” ဟု ကျောက်မဲမြို့က စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများသည် ၎င်းတို့ဒေသတွင် နေ့စဉ်ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ ပစ်ခတ်မှုများ အကြိမ်ရေ ၁၀ ကျော်ခဲ့သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ နေရာအနီးတဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ SSPP/SSA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား စစ်ရေးတင်းမာနေ သည်မှာ ပြီးခဲ့သည့် ဇွန်လကတည်းက ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

*** ZAWGYI ***
ရွမ္းတပ္မ်ားေၾကာင့္ ရွမ္းေျမာက္ေဒသခံမ်ား ထြက္ေျပးေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၂၃ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ရွမ္းတိုင္းရင္းသားလက္နက္ကိုင္ ႏွစ္ဖြဲ႕ ၾကား တိုက္ပြဲ ျဖစ္ပြားေနၿပီး ေဒသခံမ်ားမွာ ထြက္ေျပးေနရသည္ဟု ေျပာသည္။

ဇူလိုင္လ ၂၂ ရက္ေန႔တြင္ သီေပါၿမိဳ႕နယ္၊ ေနာင္အန္ေက်း႐ြာအုပ္စုထဲတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA တို႔အၾကား ႏွစ္ဖက္ၾကား ပစ္ခတ္မႈမ်ား ျဖစ္ ေပၚခဲ့သည့္အတြက္ ေဒသခံမ်ား ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕က အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက “တိုက္ပြဲ ျဖစ္ တာ ႏွစ္ဖက္ပစ္ခတ္တာေတာ့မဟုတ္ဘူး။ ဒီလိုျဖစ္တာရွင့္ တစ္ဖြဲ႕က တစ္ဖြဲ႕ ကိုလိုက္ပစ္တာမ်ိဳးျဖစ္တယ္ရွင့္။ ႐ြာက လူေတြက အဲ့လိုေျပာတယ္။ သူတို႔က ႐ြာရဲ႕ အေနာက္ဖက္ကို ပစ္တယ္တဲ့။ လက္နက္ႀကီးေတြနဲ႔လည္း ပစ္တယ္။ လက္နက္ငယ္ေတြနဲ႔လည္း ပစ္တယ္။ တစ္ဖြဲ႕ကလည္း တစ္ဖြဲ႕ကိုလိုက္ အဲ့လိုမ်ိဳးပဲပစ္ၾကတာမ်ိဳး။ အျပန္အလွန္ ပစ္တာမ်ိဳးေတာ့ မဟုတ္ဘူး” ဟု ေျပာသည္။

ႏွစ္ဖက္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည့္ ေနာင္အန္ေက်း႐ြာအုပ္စု၊ ဆင္ပိုင္းေက်း႐ြာက ေဒသခံ႐ြာသားမ်ား ေနာင္ အန္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘးေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“႐ြာထဲမွာ အခုက ဘယ္သူမွ မေနရဲဘူး။ လန႔္ၿပီးမွ အကုန္ေျပးၾကတယ္။ ဘုန္းႀကီးေက်ာင္းမွာ လာေနထား တယ္။ ေနာင္အန္႐ြာရဲ႕ ဘုန္းႀကီး အဲ့မွာသြားေနၾကတာ။ ျပန္လို႔ရရင္ေတာ့ ျပန္မလို႔လုပ္ထားတယ္။ မနက္ ၆ နာရီေလာက္ ကေန ၈ နာရီေလာက္အထိျဖစ္တယ္။ ႐ြာေနာင္အန္ေက်း႐ြာအုပ္စု၊ ဆင္ပိုင္း႐ြာေပါ့။ သူတို႔အခ်င္း ခ်င္း ပစ္ၾကတာ” ဟု စစ္ေရွာင္အမ်ိဳးသမီး တစ္ဦးက ေျပာသည္။

ထို႔အျပင္ ေက်ာက္မဲၿမိဳ႕နယ္ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္အစပ္ရွိ နမ့္ေတြႏွင့္မာမို႔ေက်း႐ြာဘက္တြင္လည္း RCSS ႏွင့္ SSPP၊ TNLA တပ္တို႔အၾကား စစ္ေရးတင္းမာမႈမ်ား ဆက္လက္ရွိေနၿပီး ဇူလိုင္လ ၂၂ ရက္ေန႔ နံနက္ပိုင္းတြင္ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“က်ေနာ္တို႔ဖုန္းဆက္ေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ေနတာဟုတ္တယ္လို႔ေျပာတယ္။ ဒီအဲ့နားက နမ့္ေတြ၊ မာမို႔ ႐ြာေတြနား လက္နက္ႀကီးေတြက်တယ္တဲ့ဗ်။ ၁၀ လုံးေတာ့ ေက်ာ္မယ္လို႔ ေျပာတယ္ေနာ္။ ႐ြာထဲက်တာမ်ိဳး ေတာ့မဟုတ္ဘူး၊ အခု႐ြာသားေတြကေတာ့ သူတို႔လုပ္ထားတဲ့ ကတုတ္က်င္းေတြထဲ ဝင္ၿပီးေနေနရတယ္တဲ့။ တျခားေတာ့ မလိုေသးဘူးေျပာတယ္။ အေျခအေနေစာင့္ၾကည့္မယ္လို႔လည္း ေျပာတယ္” ဟု ေက်ာက္မဲၿမိဳ႕က စစ္ေရွာင္မ်ားအား ကူညီေဆာင္႐ြက္ေပးေနသူ ေဒသခံအမ်ိဳးသားတစ္ဦး က ေျပာသည္။

ယခုကဲ့သို႔ လက္နက္ႀကီးပစ္ခတ္မႈမ်ားသည္ ၎တို႔ေဒသတြင္ ေန႔စဥ္ျဖစ္ပြားေနျခင္း ျဖစ္ၿပီး ဇူလိုင္လ ၂၂ ရက္ေန႔ ပစ္ခတ္မႈမ်ား အႀကိမ္ေရ ၁၀ ေက်ာ္ခဲ့သည့္အတြက္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။

အဆိုပါ ေနရာအနီးတဝိုက္တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA ႏွင့္ ရွမ္းျပည္တိုးတက္ ေရးပါတီ SSPP/SSA၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA တို႔အၾကား စစ္ေရးတင္းမာေန သည္မွာ ၿပီးခဲ့သည့္ ဇြန္လကတည္းက ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

ထိုတိုက္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ အဆိုပါတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။