ရန်ကုန်တွင် နှစ်ရက်ဆက်တိုက် သံပုံးပြန်တီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။

အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ၏ ဆန္ဒပြပွဲကို ဝိုင်းရံထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့တွင် ဇူလိုင်လ ၂၃၊ ၂၄ ရက် နှစ်ရက်ဆက်တိုက် သံပုံးတီးသံများ ပြန်လည်ထွက်ပေါ်လာသည်။

၂၃ ရက်နေ့၊ နံနက်က အင်းစိန်ထောင်အတွင်း နိုင်ငံအကျဉ်းသားများ ဆန္ဒပြသည့် သတင်းကြောင့် လှည်းတန်း ဘက်နှင့် စမ်းချောင်းဘက်က နေ့ခင်းပိုင်းကတည်း သံပုံးများ စတီးကြပြီး ညဘက်တွင် မြို့နယ်အတော်များများ တွင် သံပုံးများ ထပ်မံတီးကြကြောင်း မရမ်းကုန်းမြို့နယ် ဘုရင်နောင်လမ်းဆုံးအနီးတွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

“တီးတာအရင်လောက်များသေးမယ် အသံတွေတော့ တအားကျယ်သတိထားမိတယ်“ ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီး ၅ လ ကျော်ခန့် ရှိလာချိန်တွင် ညဘက်သံပုံးတီးသည့် အရှိန်အတော်ကျသွားခဲ့ရာ ယခုလ ၂၃ ရက်နေ့ညက တိုက်ခန်း ဆယ်ခန်းရှိလျှင် ၆ ခန်းလောက်က ပြန်လည်တီးလာသည်ကို သတိထားမိသည်ဟု အဆိုပါ အမျိုးသားက ဆက်လက်ရှင်းပြသည်။

နေခင်းပိုင်းကနေ ညအချိန်ထိ သံပုံးတီးကြ နိုးဆော်မှု အချို့လည်း လူမှုမီဒီယာပေါ်တွင် ဖတ်ရပြီး ညဖက်သံပုံးတီး ဖို့ ပြင်ဆင်ထားခဲ့ကြောင်း ၁၅မိနစ် ပြည့်သည်အထိ တီးရန် ပြင်ဆင်ထားသော်လည်း စစ်ကောင်စီ တပ်သားများ ဝင်လာသဖြင့် ၁၂ မိနစ်ခန့် ဖြင့် ရပ်လိုက်ရကြောင်း ကြည်မြင်တိုင် အိုးဘိုရပ်ကွက်မှ အမျိုးသမီးတစ်ဦး က ပြော သည်။

“သူတို့က သူတောင်းစားတွေ နေ့ဘက်မတောင်းဘဲ ဘာလို့ ညဖက်မှ တောင်းလဲဆိုပြီး ဆဲဆိုပြီး ဝင်လာနဲ့ ကမန်း ကတန်း အတီးရပ်လိုက်တာ“ဟု အိုးဘိုရပ်ကွက် အမျိုးသမီးက သူမ၏ အတွေ့အကြုံကို ပြောသည်။

အလားတူ သံပုံးတီးနေသည့် အချို့မြို့နယ်လမ်းများအတွင်း စစ်ကောင်စီတပ်များ ဝင်လာပြီး သေနတ်ပစ်ဖောက် ခြင်းများနှင့် အော်ဟစ်ဆဲဆိုခြင်းများရှိသည်ဟု ရန်ကုန်မြို့နယ် ပြည်သူအချို့က ပြောသည်။

ရန်ကုန်မြို့ရှိ ကမာရွတ်၊ မရမ်း၊ လှိုင်၊ ကြည်မြင်တိုင်၊ အလုံ၊ လမ်းမတော်၊ လသာ၊ သာကေတ၊ ဒေါပုံ၊ ကျောက် မြောင်း၊ တာမွေ၊ စမ်းချောင်းနှင့် မြို့နယ်တော်တော်များတို့တွင် သံပုံးတီးကြ ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်၍ ည ၈နာရီအချိန်တွင် သံပုံးများ စတီးခဲ့ကြသည်။

ထိုသို့ တီးလာကြသည်မှာ ငါးလကျော်ကြာမြင့်လာသည့်နောက် စစ်ကောင်စီတပ်များက အိမ်ပေါ်အထိ တက်ကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်သည့်နောက် သံပုံးတီးသူ နည်းလာခဲ့ပြီးရာ နောက်ပိုင်းတွင် သံပုံးတီးသံ မကြားရ တော့ခြင်း ဖြစ်သည်။

အထူးသဖြင့် ဧပြီလ ၂၄ရက်က သမိုင်းမြို့သစ် ၄ လမ်းမှ သံပုံးတီးသည့် အမျိုးသမီးများကို အိမ်ပေါ်တက် ဖမ်းဆီး ပြီး လမ်းဘေးတွင် ကခိုင်းသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သံပုံးတီးသံများ တစ်စတစ်စတိတ်သွားခဲ့ရာမှ ယခု ဇူလိုင်လ ၂၃၊ ၂၄ နှစ်ရက် ဆက်တိုက် သံပုံးတီးသံများ ပြန်ကြားရခြင်း ဖြစ်သည်။

*** ZAWGYI ***
ရန္ကုန္တြင္ ႏွစ္ရက္ဆက္တိုက္ သံပုံးျပန္တီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၄ ရက္။

အင္းစိန္ေထာင္တြင္းမွ ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ ဆႏၵျပပြဲကို ဝိုင္းရံေထာက္ခံသည့္ အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ဇူလိုင္လ ၂၃၊ ၂၄ ရက္ ႏွစ္ရက္ဆက္တိုက္ သံပုံးတီးသံမ်ား ျပန္လည္ထြက္ေပၚလာသည္။

၂၃ ရက္ေန႔၊ နံနက္က အင္းစိန္ေထာင္အတြင္း ႏိုင္ငံအက်ဥ္းသားမ်ား ဆႏၵျပသည့္ သတင္းေၾကာင့္ လွည္းတန္း ဘက္ႏွင့္ စမ္းေခ်ာင္းဘက္က ေန႔ခင္းပိုင္းကတည္း သံပုံးမ်ား စတီးၾကၿပီး ညဘက္တြင္ ၿမိဳ႕နယ္အေတာ္မ်ားမ်ား တြင္ သံပုံးမ်ား ထပ္မံတီးၾကေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္ ဘုရင္ေနာင္လမ္းဆုံးအနီးတြင္ ေနထိုင္သူ အသက္ ၃၅ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

“တီးတာအရင္ေလာက္မ်ားေသးမယ္ အသံေတြေတာ့ တအားက်ယ္သတိထားမိတယ္“ ဟု ၎က ေျပာသည္။

စစ္အာဏာသိမ္းၿပီး ၅ လ ေက်ာ္ခန႔္ ရွိလာခ်ိန္တြင္ ညဘက္သံပုံးတီးသည့္ အရွိန္အေတာ္က်သြားခဲ့ရာ ယခုလ ၂၃ ရက္ေန႔ညက တိုက္ခန္း ဆယ္ခန္းရွိလွ်င္ ၆ ခန္းေလာက္က ျပန္လည္တီးလာသည္ကို သတိထားမိသည္ဟု အဆိုပါ အမ်ိဳးသားက ဆက္လက္ရွင္းျပသည္။

ေနခင္းပိုင္းကေန ညအခ်ိန္ထိ သံပုံးတီးၾက ႏိုးေဆာ္မႈ အခ်ိဳ႕လည္း လူမႈမီဒီယာေပၚတြင္ ဖတ္ရၿပီး ညဖက္သံပုံးတီး ဖို႔ ျပင္ဆင္ထားခဲ့ေၾကာင္း ၁၅မိနစ္ ျပည့္သည္အထိ တီးရန္ ျပင္ဆင္ထားေသာ္လည္း စစ္ေကာင္စီ တပ္သားမ်ား ဝင္လာသျဖင့္ ၁၂ မိနစ္ခန႔္ ျဖင့္ ရပ္လိုက္ရေၾကာင္း ၾကည္ျမင္တိုင္ အိုးဘိုရပ္ကြက္မွ အမ်ိဳးသမီးတစ္ဦး က ေျပာ သည္။

“သူတို႔က သူေတာင္းစားေတြ ေန႔ဘက္မေတာင္းဘဲ ဘာလို႔ ညဖက္မွ ေတာင္းလဲဆိုၿပီး ဆဲဆိုၿပီး ဝင္လာနဲ႔ ကမန္း ကတန္း အတီးရပ္လိုက္တာ“ဟု အိုးဘိုရပ္ကြက္ အမ်ိဳးသမီးက သူမ၏ အေတြ႕အႀကဳံကို ေျပာသည္။

အလားတူ သံပုံးတီးေနသည့္ အခ်ိဳ႕ၿမိဳ႕နယ္လမ္းမ်ားအတြင္း စစ္ေကာင္စီတပ္မ်ား ဝင္လာၿပီး ေသနတ္ပစ္ေဖာက္ ျခင္းမ်ားႏွင့္ ေအာ္ဟစ္ဆဲဆိုျခင္းမ်ားရွိသည္ဟု ရန္ကုန္ၿမိဳ႕နယ္ ျပည္သူအခ်ိဳ႕က ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ကမာ႐ြတ္၊ မရမ္း၊ လႈိင္၊ ၾကည္ျမင္တိုင္၊ အလုံ၊ လမ္းမေတာ္၊ လသာ၊ သာေကတ၊ ေဒါပုံ၊ ေက်ာက္ ေျမာင္း၊ တာေမြ၊ စမ္းေခ်ာင္းႏွင့္ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားတို႔တြင္ သံပုံးတီးၾက ေၾကာင္းသိရသည္။

စစ္အာဏာသိမ္းၿပီး ေနာက္တစ္ရက္ျဖစ္သည့္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က စတင္၍ ည ၈နာရီအခ်ိန္တြင္ သံပုံးမ်ား စတီးခဲ့ၾကသည္။

ထိုသို႔ တီးလာၾကသည္မွာ ငါးလေက်ာ္ၾကာျမင့္လာသည့္ေနာက္ စစ္ေကာင္စီတပ္မ်ားက အိမ္ေပၚအထိ တက္ကာ လိုက္လံဖမ္းဆီးမႈမ်ား ျပဳလုပ္သည့္ေနာက္ သံပုံးတီးသူ နည္းလာခဲ့ၿပီးရာ ေနာက္ပိုင္းတြင္ သံပုံးတီးသံ မၾကားရ ေတာ့ျခင္း ျဖစ္သည္။

အထူးသျဖင့္ ဧၿပီလ ၂၄ရက္က သမိုင္းၿမိဳ႕သစ္ ၄ လမ္းမွ သံပုံးတီးသည့္ အမ်ိဳးသမီးမ်ားကို အိမ္ေပၚတက္ ဖမ္းဆီး ၿပီး လမ္းေဘးတြင္ ကခိုင္းသည့္ သတင္းမ်ား ထြက္ေပၚခဲ့ၿပီးေနာက္ သံပုံးတီးသံမ်ား တစ္စတစ္စတိတ္သြားခဲ့ရာမွ ယခု ဇူလိုင္လ ၂၃၊ ၂၄ ႏွစ္ရက္ ဆက္တိုက္ သံပုံးတီးသံမ်ား ျပန္ၾကားရျခင္း ျဖစ္သည္။