မော်လမြိုင် ရေကြီး။ စိုးရိမ်ဖွယ်ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့် ကစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းခန့်မှစကာ မော်လ မြိုင်မြို့အတွင်းက ဘိုကုန်း၊ ရွှေတောင်၊ ရွှေပြည်အေး၊ သီရိမြိုင်၊ သာယာအေး၊ ဇေယျာသီရိ မရမ်းကုန်း အစရှိ သည့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။
“မနေ့ကတည်းက မိုးဆက်တိုက်ရွာနေတာ။ အခုလည်း အရှိန်ကောင်းကောင်းနဲ့ ရွာနေတုန်းပဲ အခုဆိုရင် အနိမ့် ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ကုန်ပြီး အမြင့်ပိုင်းရပ်ကွက် တချို့တွေမှာလည်း ရေလျှံနေတယ်။ ဒီအတိုင်းပဲ မိုးက ဆက်ရွာနေမယ်ဆိုရင် ဒုက္ခရောက်ကုန်မယ်” ဟု မော်လမြိုင်မြို့ခံ ကိုမင်း က ပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ရပ်ကွက်များအတွင်းရှိ ပြည်သူများ နေရာပြောင်း ရွေ့ရခြင်းများ မရှိသေးသော်လည်း လက်ရှိထက် ရေပိုတက်လာပါက ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွေ့ရမည့်တွင် အနေ အထားရှိ နေသည်။
မော်လမြိုင်နည်းတူ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာသည့် အတွက် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်း အချိန်ခန့် ကစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
“ညကတည်းက ရေစတက်နေတာ၊ မိုးကလည်း ဆက်ရွာနေတော့ မြုပ်ကုန်တာပေါ့ အခုလည်း မိုးရွာနေတုန်းပဲ ဒီ့ထက်ပိုစိုးလာမှာကိုပဲ စိုးရိမ်နေတယ်” ဟု ဟံဂံကျေးရွာခံ တစ်ဦး က ပြောသည်။
ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော၊ ဘီလူးကျွန်း(ချောင်းဆုံ) တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ် ပွားနေကြောင်း ဒေသခံများက ပြောသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္ ေရႀကီး။ စိုးရိမ္ဖြယ္ရွိေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္။
မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ ၿမိဳ႕ေပၚရွိ ရပ္ကြက္အမ်ားစုတြင္ ဇူလိုင္လ ၂၅ ရက္ေန႔ ေန႔လည္ပိုင္းအခ်ိန္ခန႔္ ကစ၍ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။
ယခုရက္ပိုင္းအတြင္း မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ဇူလိုင္လ ၂၅ ရက္ေန႔ ေန႔လည္ပိုင္းခန႔္မွစကာ ေမာ္လ ၿမိဳင္ၿမိဳ႕အတြင္းက ဘိုကုန္း၊ ေ႐ႊေတာင္၊ ေ႐ႊျပည္ေအး၊ သီရိၿမိဳင္၊ သာယာေအး၊ ေဇယ်ာသီရိ မရမ္းကုန္း အစရွိ သည့္ ရပ္ကြက္မ်ားတြင္ ေရႀကီးေရလွ်ံမႈျဖစ္ပြားေနသည္။
“မေန႔ကတည္းက မိုးဆက္တိုက္႐ြာေနတာ။ အခုလည္း အရွိန္ေကာင္းေကာင္းနဲ႔ ႐ြာေနတုန္းပဲ အခုဆိုရင္ အနိမ့္ ပိုင္း ရပ္ကြက္ေတြမွာ ေရဝင္ကုန္ၿပီး အျမင့္ပိုင္းရပ္ကြက္ တခ်ိဳ႕ေတြမွာလည္း ေရလွ်ံေနတယ္။ ဒီအတိုင္းပဲ မိုးက ဆက္႐ြာေနမယ္ဆိုရင္ ဒုကၡေရာက္ကုန္မယ္” ဟု ေမာ္လၿမိဳင္ၿမိဳ႕ခံ ကိုမင္း က ေျပာသည္။
လက္ရွိတြင္ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားေနသည့္ ရပ္ကြက္မ်ားအတြင္းရွိ ျပည္သူမ်ား ေနရာေျပာင္း ေ႐ြ႕ရျခင္းမ်ား မရွိေသးေသာ္လည္း လက္ရွိထက္ ေရပိုတက္လာပါက ေဘးလြတ္ရာ ေနရာမ်ားသို႔ ေျပာင္းေ႐ြ႕ရမည့္တြင္ အေန အထားရွိ ေနသည္။
ေမာ္လၿမိဳင္နည္းတူ မြန္ျပည္နယ္ေတာင္ပိုင္း ေရးၿမိဳ႕နယ္ ဟံဂံေက်း႐ြာတြင္လည္း မိုးသည္းထန္စြာ အဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ ေတာင္က်ေခ်ာင္းေရမ်ား စီးဆင္းလာသည့္ အတြက္ ဇူလိုင္လ ၂၅ ရက္ေန႔ နံနက္ပိုင္း အခ်ိန္ခန႔္ ကစ၍ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
“ညကတည္းက ေရစတက္ေနတာ၊ မိုးကလည္း ဆက္႐ြာေနေတာ့ ျမဳပ္ကုန္တာေပါ့ အခုလည္း မိုး႐ြာေနတုန္းပဲ ဒီ့ထက္ပိုစိုးလာမွာကိုပဲ စိုးရိမ္ေနတယ္” ဟု ဟံဂံေက်း႐ြာခံ တစ္ဦး က ေျပာသည္။
ထို႔အျပင္ မြန္ျပည္နယ္အတြင္းရွိ က်ိဳက္မေရာ၊ ဘီလူးကြၽန္း(ေခ်ာင္းဆုံ) တို႔တြင္လည္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ ပြားေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။