ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ခြင်း SNLD လက်မခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခြင်းသည် ဒီမိုကရေစီ အင်္ဂါရပ်နှင့် စံနှုန်းများကို သွေဖယ်နေသည့်အပြင် တရားမျှတမှုမရှိသည့်အတွက် လက်ခံ၍ မရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြော ဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီမှ အသစ်ခန့် အပ်ထား သည့် ရွေးကောက်ပွဲ ကော် မရှင် UEC မှ ဇူလိုင်လ ၂၆ ရက်နေ့ညက ထုတ်ပြန်ကြေညာလိုက်သည့်အပေါ် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီ အဖွဲ့ ချုပ် SNLD က ဇူလိုင်လ ၂၈ ရက်(ယနေ့) တွင် ထုတ်ပြန် ပြောဆို လိုက်ခြင်းဖြစ်သည်။

SNLD က “လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် လိုက်ခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်တိုင် ဆုပ်ကိုင်ထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေပါ ပြဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နည်းပဒေများအား ဆန့်ကျင် ကျော်လွန် ဆောင်ရွက်ရာ ရောက်သည့်အပြင် ထိုသို့ ပယ်ဖျက်ခြင်းသည် ဒီမိုကရေစီ အင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖယ် နေသည့်အတွက် တရားမျှတမှု လုံးဝမရှိသကဲ့သို့ လက်ခံနိုင်စရာလည်း မရှိပါ” ဟု ပြောသည်။

ထို့သို့ လက်မခံသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ၎င်းတို့၏ ကိုယ်စားလှယ်များကို လူထု ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြောင်း ဆိုသည်။

“သို့ဖြစ်ပါ၍ ရှမ်းတိုင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဝင် ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့ဆန္ဒနှင့်အညီ အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုနှင့် ပတ်သက်၍ ကန့်ကွက်ခံရခြင်း အလျဉ်းမရှိသော မိမိတို့၏ ကိုယ်စားလှယ် ၄၂ ဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူလူထု၏ လူထုကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထားကြောင်း ကြေညာအပ်ပါသည်” ဟု SNLD ၏ ယနေ့ထုတ် ပြန်ချက်ထဲတွင် တွေ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၄၂ နေရာ အနိုင်ရရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယ အများဆုံး အနိုင်ရထားသည့် ပါတီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ် တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိကြောင်း UEC အသစ်က ဇူလိုင်လ ၂၆ ရက် နေ့ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် လွတ်လပ်၍ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲအဖြစ် စုံစမ်းတွေ့ရှိရသည့်အတွက် အဆိုပါ ရွေး ကောက်ပွဲမှ ရလာသည့် ရလဒ်ကို ပယ်ဖျက်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက အသစ်က ခန့်အပ်ထားသည့် UEC ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

SNLD အနေဖြင့် ၂၀၂၀ ပြည်နှစ် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရားမဲ့ ပြုကျင့်မှုများရှိနိုင်သည် ဆိုသော် ငြားလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ထွက်ပေါ်လာသည့် မဲရလဒ်သည် အများစုသော ပြည်သူ လူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု လက်ခံယုံကြည်ပါသည်ဟု ဆိုသည်။

SNLD က “ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည်တိုင် ဥပဒေနှင့် အညီ ခုံရုံး များဖွင့်၍ ဖြေရှင်း ဆောင်ရွက် ရပါမည်။ သို့သော် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တဦးတ ယောက် ကို မျှ ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့် မပေးဘဲ ရွေးကောက်ပွဲရလဒ် တခုလုံးကို သိမ်းကျုံး၍ ပယ်ဖျက်လိုက်ခြင်းသည် ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲ ဝင်ခဲ့ကြသူ ကိုယ်စားလှယ် လောင်းများ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင်ထက်စီးနင်းပြုရာ ရောက်ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မဲအသာဖြင့် အစိုးရဖွဲ့နိုင်သည့်အထိ အနိုင်ရခဲ့ သကဲ့သို့ တိုင်းရင်းသား နိုင်ငံရေး ပါတီ အချို့လည်း အနိုင်ရခဲ့ကြသည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများရှိသည်ဟု ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် စစ်အာဏာသိမ်းခဲ့သည့် အပြင် ရွေးကောက်ပွဲကော်မရှင် အသစ်ကိုပါ ဖွဲ့စည်းပေးခဲ့ပြီး ၂ နှစ်အကြာတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ပေးမည်ဟု ပြောဆိုထားသည်။

ထို့သို့ အာဏာသိမ်းပြီး ၆ လနီးပါးအကြာတွင် စစ်ကောင်စီမှ အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ ကော်မရှင် UEC အသစ် က ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

*** ZAWGYI ***
ေ႐ြးေကာက္ပြဲ ရလဒ္ပယ္ဖ်က္ျခင္း SNLD လက္မခံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။

၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္ျခင္းသည္ ဒီမိုကေရစီ အဂၤါရပ္ႏွင့္ စံႏႈန္းမ်ားကို ေသြဖယ္ေနသည့္အျပင္ တရားမွ်တမႈမရွိသည့္အတြက္ လက္ခံ၍ မရေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD က ေျပာ ဆိုလိုက္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ေၾကာင္း စစ္ေကာင္စီမွ အသစ္ခန႔္ အပ္ထား သည့္ ေ႐ြးေကာက္ပြဲ ေကာ္ မရွင္ UEC မွ ဇူလိုင္လ ၂၆ ရက္ေန႔ညက ထုတ္ျပန္ေၾကညာလိုက္သည့္အေပၚ ရွမ္းတိုင္းရင္းမ်ား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ SNLD က ဇူလိုင္လ ၂၈ ရက္(ယေန႔) တြင္ ထုတ္ျပန္ ေျပာဆို လိုက္ျခင္းျဖစ္သည္။

SNLD က “လက္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ လိုက္ျခင္းသည္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ကိုယ္တိုင္ ဆုပ္ကိုင္ထားသည့္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခ ခံ ဥပေဒပါ ျပဌာန္းခ်က္မ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒမ်ားႏွင့္ နည္းပေဒမ်ားအား ဆန႔္က်င္ ေက်ာ္လြန္ ေဆာင္႐ြက္ရာ ေရာက္သည့္အျပင္ ထိုသို႔ ပယ္ဖ်က္ျခင္းသည္ ဒီမိုကေရစီ အဂၤါရပ္ႏွင့္ စံႏႈန္းမ်ားအား ေသြဖယ္ ေနသည့္အတြက္ တရားမွ်တမႈ လုံး၀မရွိသကဲ့သို႔ လက္ခံႏိုင္စရာလည္း မရွိပါ” ဟု ေျပာသည္။

ထို႔သို႔ လက္မခံသည့္အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ၎တို႔၏ ကိုယ္စားလွယ္မ်ားကို လူထု ကိုယ္စားလွယ္အျဖစ္ ဆက္လက္အသိအမွတ္ျပဳထားေၾကာင္း ဆိုသည္။

“သို႔ျဖစ္ပါ၍ ရွမ္းတိုင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အား ကိုယ္စားျပဳ၍ ႐ိုး႐ိုးသားသား မွန္မွန္ကန္ကန္ ဝင္ ေရာက္ ယွဥ္ၿပိဳင္ကာ ျပည္သူ႔ဆႏၵႏွင့္အညီ အႏိုင္ရရွိခဲ့ေသာ ေ႐ြးေကာက္ပြဲဆိုင္ရာ တရားမွ်တမႈႏွင့္ ပတ္သက္၍ ကန႔္ကြက္ခံရျခင္း အလ်ဥ္းမရွိေသာ မိမိတို႔၏ ကိုယ္စားလွယ္ ၄၂ ဦးကို သက္ဆိုင္ရာ မဲဆႏၵရွင္ျပည္သူလူထု၏ လူထုကိုယ္စားလွယ္မ်ားအျဖစ္ အသိအမွတ္ျပဳထားေၾကာင္း ေၾကညာအပ္ပါသည္” ဟု SNLD ၏ ယေန႔ထုတ္ ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနျဖင့္ ၄၂ ေနရာ အႏိုင္ရရွိခဲ့သည့္အျပင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တတိယ အမ်ားဆုံး အႏိုင္ရထားသည့္ ပါတီျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ဥပေဒ၊ သက္ဆိုင္ရာ လႊတ္ ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒ နည္းဥပေဒမ်ားႏွင့္ ညီၫႊတ္မႈ မရွိေၾကာင္း UEC အသစ္က ဇူလိုင္လ ၂၆ ရက္ ေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

ထို႔အျပင္ လြတ္လပ္၍ တရားမွ်တမႈ မရွိသည့္ ေ႐ြးေကာက္ပြဲအျဖစ္ စုံစမ္းေတြ႕ရွိရသည့္အတြက္ အဆိုပါ ေ႐ြး ေကာက္ပြဲမွ ရလာသည့္ ရလဒ္ကို ပယ္ဖ်က္ရျခင္းျဖစ္သည္ဟု စစ္ေကာင္စီက အသစ္က ခန႔္အပ္ထားသည့္ UEC ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

SNLD အေနျဖင့္ ၂၀၂၀ ျပည္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားယြင္းမႈမ်ား၊ တရားမဲ့ ျပဳက်င့္မႈမ်ားရွိႏိုင္သည္ ဆိုေသာ္ ျငားလည္း တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ထြက္ေပၚလာသည့္ မဲရလဒ္သည္ အမ်ားစုေသာ ျပည္သူ လူထု၏ ဆႏၵအမွန္ကို ကိုယ္စားျပဳသည္ဟု လက္ခံယုံၾကည္ပါသည္ဟု ဆိုသည္။

SNLD က “ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈမ်ား၊ တရားမဲ့ျပဳက်င့္မႈမ်ား ရွိခဲ့သည္တိုင္ ဥပေဒႏွင့္ အညီ ခုံ႐ုံး မ်ားဖြင့္၍ ေျဖရွင္း ေဆာင္႐ြက္ ရပါမည္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္း တဦးတ ေယာက္ ကို မွ် ဥပေဒအတိုင္း ေလွ်ာက္လဲခြင့္၊ ေျဖရွင္းေခ်ပခြင့္ မေပးဘဲ ေ႐ြးေကာက္ပြဲရလဒ္ တခုလုံးကို သိမ္းက်ဳံး၍ ပယ္ဖ်က္လိုက္ျခင္းသည္ ဥပေဒႏွင့္အညီ ႐ိုးသားေျဖာင့္မတ္စြာ ေ႐ြးေကာက္ပြဲ ဝင္ခဲ့ၾကသူ ကိုယ္စားလွယ္ ေလာင္းမ်ား ဆႏၵမဲေပးခဲ့ၾကသည့္ ျပည္သူမ်ားအား မတရားသျဖင့္ ႏိုင္ထက္စီးနင္းျပဳရာ ေရာက္ပါသည္” ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD က မဲအသာျဖင့္ အစိုးရဖြဲ႕ႏိုင္သည့္အထိ အႏိုင္ရခဲ့ သကဲ့သို႔ တိုင္းရင္းသား ႏိုင္ငံေရး ပါတီ အခ်ိဳ႕လည္း အႏိုင္ရခဲ့ၾကသည္။

သို႔ေသာ္ အဆိုပါ ေ႐ြးေကာက္ပြဲရလဒ္သည္ မဲမသမာမႈမ်ားရွိသည္ဟု ဆိုကာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔တြင္ စစ္အာဏာသိမ္းခဲ့သည့္ အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အသစ္ကိုပါ ဖြဲ႕စည္းေပးခဲ့ၿပီး ၂ ႏွစ္အၾကာတြင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပ ေပးမည္ဟု ေျပာဆိုထားသည္။

ထို႔သို႔ အာဏာသိမ္းၿပီး ၆ လနီးပါးအၾကာတြင္ စစ္ေကာင္စီမွ အသစ္ဖြဲ႕စည္းထားသည့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ UEC အသစ္ က ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။