NUG တရားဝင်ဖြစ်မည်စိုး၍ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း အမျိုးသမီးခေါင်းဆောင်များ သုံးသပ်

၂၀၂၀ ရွေးကောက်ပွဲရလဒ်က ဖြစ်တည်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုမှုမရရှိအောင် စစ်ကောင်စီက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။