ငတ်မွတ်ခေါင်းပါးမှု ဘေးကြုံရဖွယ်ရှိကြောင်း PPST ခေါင်းဆောင် သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။

လက်ရှိဖြစ်ပေါ်နေသည့် စစ်ဘေး၊ ကပ်ရောဂါဘေးများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာမည့် ငတ်မွတ် ခေါင်းပါးဘေးများကို ကျော်လွှားနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု NCA အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီ ခေါင်းဆောင်ကိုယ်စား ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၄ ရက်နေ့ (ယနေ့) တွင် ကျင်းပသည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST ၏ (၁၈/၂၀၂၁) အစည်းအဝေးတွင် PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား မိန်ခွန်းပြော ကြားရာတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ တိုင်းပြည်ဟာ စိတ်မကောင်းစရာ သတ္တန္တရကပ်လို့ခေါ်တဲ့ လက်နက်ခဲယမ်း တိုက်ပွဲ ဘေး ဒဏ်ကြောင့် ပြည်သူတွေဟာ ၆ လကာလမှာ အများအပြားသေဆုံးခဲ့ကြပါတယ်။ ရောဂန္တရကပ် လို့ခေါ်တဲ့ ရော ဂါဘ ယဘေး ကြောင့်လည်း လူတွေဟာ သောင်းနဲ့ချီပြီး သေဆုံးသွားကြရပါတယ်။ ဒီကပ်နှစ်ပါးကို လွန်လို့ ရှိ ရင် ဒုဗ္ဘိက္ခ န္တရကပ် လို့ခေါ်တဲ့ ဆင်းရဲငတ်မွတ်ခြင်းဘေးကလည်း နောက်ဆက်တွဲ လိုက်လာမည် ဖြစ်သည့် အတွက် ကျနော်တို့ ရင်ဆိုင်ရမည့် အခက်အခဲကလည်း အင်မတန်ကြီးမားပါတယ်” ဟု ပြောသည်။

ထိုအခက်အခဲ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင်များတွင်လည်း တာဝန်ရှိသည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “လက်နက်ဘေးရန်ကို ဖြတ်ကျော်ဖို့လိုသလို ရောဂါဘယဘေးကိုလည်း ဖြတ်ကျော်ဖို့ လိုပါတယ်။ ဆင်းရဲမွဲတေ ငတ်မွတ်မှုဘေးကိုလည်းဖြတ်ကျော်ဖို့လိုပါတယ်။ ဒီအဆင့် ၃ ဆင့်စလုံးက ကျနော် တို့ တိုင်းရင်းသား ခေါင်းဆောင်တွေဆီမှာလည်း တာဝန်ကြီးကြီးမားမား ရှိပါတယ်။ ကျနော်တို့ အနေနဲ့ ကိုယ့်ရဲ့ အနေအထား ကိုယ့်ရဲ့ ရပ်တည်ချက်၊ ကိုယ့်ရဲ့ တာဝန်ရှိမှုကိုလည်း ကျနော်တို့ ကျရာ ပခုံးပေါ်မှာ ထမ်းပြီးတော့ တိုင်းကျိုးပြည်သူ အမျိုးဆောင်နိုင်ကြပါစေ” ဟု ပြောသည်။

PPST ၏ အစည်းအဝေးကို ဩဂုတ်လ ၄ ရက်ကနေ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထို အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ၊ကပ်ရောဂါဘေး အခြေအနေနှင့် နောက်ဆက် တွဲ ကြုံတွေ့လာရသည့် ငတ်မွတ် ခေါင်းပါးဘေးများကို အဖြေရှာနိုင်ရန် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။

PPST အဖွဲ့ကို NCA အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး ထိုအဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက် ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
ငတ္မြတ္ေခါင္းပါးမႈ ေဘးႀကဳံရဖြယ္ရွိေၾကာင္း PPST ေခါင္းေဆာင္ သတိေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၄ ရက္။

လက္ရွိျဖစ္ေပၚေနသည့္ စစ္ေဘး၊ ကပ္ေရာဂါေဘးမ်ားေၾကာင့္ ေနာက္ဆက္တြဲ ျဖစ္​ေပၚ လာမည့္ ငတ္မြတ္ ေခါင္းပါးေဘးမ်ားကို ေက်ာ္လႊားႏိုင္ရန္မွာ ႀကီးမားသည့္ စိန္ေခၚမႈ တစ္ရပ္ျဖစ္သည္ဟု NCA အပစ္ရပ္ အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ ယာယီ ေခါင္းေဆာင္ကိုယ္စား ဗိုလ္မႉးႀကီး ခြန္ဥကၠာက ေျပာဆိုလိုက္သည္။

ဩဂုတ္လ ၄ ရက္ေန႔ (ယေန႔) တြင္ က်င္းပသည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕ PPST ၏ (၁၈/၂၀၂၁) အစည္းအေဝးတြင္ PPST အဖြဲ႕ေခါင္းေဆာင္ ႏိုင္ေအာင္မင္း ကိုယ္စား မိန္ခြန္းေျပာ ၾကားရာတြင္ ဗိုလ္မႉးႀကီး ခြန္ဥကၠာက ထိုသို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

၎က “က်ေနာ္တို႔ တိုင္းျပည္ဟာ စိတ္မေကာင္းစရာ သတၱႏၲရကပ္လို႔ေခၚတဲ့ လက္နက္ခဲယမ္း တိုက္ပြဲ ေဘး ဒဏ္ေၾကာင့္ ျပည္သူေတြဟာ ၆ လကာလမွာ အမ်ားအျပားေသဆုံးခဲ့ၾကပါတယ္။ ေရာဂႏၲရကပ္ လို႔ေခၚတဲ့ ေရာ ဂါဘ ယေဘး ေၾကာင့္လည္း လူေတြဟာ ေသာင္းနဲ႔ခ်ီၿပီး ေသဆုံးသြားၾကရပါတယ္။ ဒီကပ္ႏွစ္ပါးကို လြန္လို႔ ရွိ ရင္ ဒုဗၻိကၡ ႏၲရကပ္ လို႔ေခၚတဲ့ ဆင္းရဲငတ္မြတ္ျခင္းေဘးကလည္း ေနာက္ဆက္တြဲ လိုက္လာမည္ ျဖစ္သည့္ အတြက္ က်ေနာ္တို႔ ရင္ဆိုင္ရမည့္ အခက္အခဲကလည္း အင္မတန္ႀကီးမားပါတယ္” ဟု ေျပာသည္။

ထိုအခက္အခဲ စိန္ေခၚမႈမ်ားကို ကူညီေျဖရွင္းရန္ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား ေခါင္းေဆာင္မ်ားတြင္လည္း တာဝန္ရွိသည္ဟု ဆက္ေျပာသည္။

ဗိုလ္မႉးႀကီး ခြန္ဥကၠာ က “လက္နက္ေဘးရန္ကို ျဖတ္ေက်ာ္ဖို႔လိုသလို ေရာဂါဘယေဘးကိုလည္း ျဖတ္ေက်ာ္ဖို႔ လိုပါတယ္။ ဆင္းရဲမြဲေတ ငတ္မြတ္မႈေဘးကိုလည္းျဖတ္ေက်ာ္ဖို႔လိုပါတယ္။ ဒီအဆင့္ ၃ ဆင့္စလုံးက က်ေနာ္ တို႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြဆီမွာလည္း တာဝန္ႀကီးႀကီးမားမား ရွိပါတယ္။ က်ေနာ္တို႔ အေနနဲ႔ ကိုယ့္ရဲ႕ အေနအထား ကိုယ့္ရဲ႕ ရပ္တည္ခ်က္၊ ကိုယ့္ရဲ႕ တာဝန္ရွိမႈကိုလည္း က်ေနာ္တို႔ က်ရာ ပခုံးေပၚမွာ ထမ္းၿပီးေတာ့ တိုင္းက်ိဳးျပည္သူ အမ်ိဳးေဆာင္ႏိုင္ၾကပါေစ” ဟု ေျပာသည္။

PPST ၏ အစည္းအေဝးကို ဩဂုတ္လ ၄ ရက္ကေန ၅ ရက္ေန႔အထိ ၂ ရက္ၾကာ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ထို အစည္းအေဝးတြင္ လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အေျခအေန၊ကပ္ေရာဂါေဘး အေျခအေနႏွင့္ ေနာက္ဆက္ တြဲ ႀကဳံေတြ႕လာရသည့္ ငတ္မြတ္ ေခါင္းပါးေဘးမ်ားကို အေျဖရွာႏိုင္ရန္ ေဆြးေႏြးညႇိႏႈိင္းၾကမည္ဟု သိရသည္။

PPST အဖြဲ႕ကို NCA အပစ္ရပ္အဖြဲ႕မ်ားျဖင့္ ဖြဲ႕စည္းထားၿပီး ထိုအဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္ စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရးပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳး ျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။