ပုလောတွင် သတင်းပေးဟု ကျော်ဇောသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ တွင် အမည်မသိ လူတစ်စုမှ လာရောက် ပစ်ခတ်မှုကြောင့် ပြည်သူစစ် သတင်းပေး တစ်ဦး သေဆုံးခဲ့သည်။

ပုလောမြို့နယ် နန်းတောင် ကျေးရွာအုပ်စု၊ ပိန္နဲတောင်ကျေးရွာတွင်နေထိုင်ပြီး သေဆုံးသူနဲ့ ရင်းနှီးသူတစ်ဦးက သေဆုံးသူမှာ ရပ်ရွာထဲတွင် သတင်းပေးအဖြစ်ကျော်ဇော သူဖြစ်ကြောင်း ပြောသည်။

“သူကရွာထဲက ပြည်သူ့စစ်တွေနဲ့လည်း ရောနှောနေတာ နာမည်ထွက်နေတာကြာပြီ။ PDF တွေရဲ့ အကြောင်းတွေ ပြည်သူ့စစ်တွေဆီ သတင်းပေးနေလို့ အသတ်ခံရတာလည်းဖြစ်မယ်၊ အနားမှာရှိတဲ့ သူ့မိန်းမနဲ့ ကလေး ၂ယောက်ကိုတော့ ဘာမှမလုပ်ပဲနဲ့ သူ့ကိုပဲ အဓိ ကထားပြီးလုပ်သွားတာကိုး” ဟု ပြောသည်။

အမည်မသိလူတစ်စုက သြဂုတ်လ ၆ ရက် ညပိုင်းက လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၄၁ နှစ် အရွယ် ဦးသန်းလှ ဆိုသူဖြစ်ပြီး ည ၁၁ နာရီအချိန်ခန့်က အမည်မသိ လူတစ်စုမှ ၎င်းနေထိုင်သည့် နေအိမ်ပေါ်တက်လာကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပိန္နဲတောင်ရွာသားတစ်ဦး က ပြောသည်။

“လူတစ်စုက သစ္စာဖောက်တို့ သွေးနှင့်ခြေဆေးမယ်လို့ အေါ်ဟစ် ပြောဆိုပြီး ဦးသန်းလှတို့အိမ်ပေါ် တက်သွား တာ။ ည ၁၁နာရီခွဲလောက်တော့ ရှိနေပြီ၊ ခဏအကြာမှာ သေနတ်သံလဲ တစ်ချက်ကြား လိုက်တယ်။ ညက လည်း နက်၊ မိုးမှောင်လဲကျနေတော့ ဘာမှ သဲသဲကွဲကွဲမမြင်ရဘူး၊ ကြောက်လို့ အိမ်ထဲမှာပဲပုန်း နေရတယ်။”

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လာရောက်ပစ်ခတ်သူများက မဆိုင်သူများ ထွက်မလာကြရန်နှင့် သစ္စာဖောက် အား လာရောက် ရှင်းလင်းသုတ်သင်ရခြင်း ဖြစ်ကြောင်း ပြောဆိုကာ ပြန်လည်ထွက်ခွာ သွားကြသည်ဟု ပိန္နဲ တောင် ရွာသားများက ပြောသည်။

သေဆုံးသူ ရုပ်အလောင်းကို သြဂုတ်လ ၇ ရက်နံနက်အစောပိုင်းမှာ ပုလော မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့တာဝန်ရှိ သူ များက လာရောက်သယ်ဆောင်သွားပြီး မိသားစုနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများအား စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေသည်ဟု သိရသည်။

လူသေမှု အခင်းဖြစ်စဥ်နှင့် ပတ်သက်၍ ပုလောမြို့မ ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ သေနတ် ဖြင့် ပစ်ခတ်ခဲ့သူများသည် မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းစစ်ဆေးလျက်ရှိနေသည် ဟု ဆိုသည်။

ထို့အပြင် ယခုဖြစ်စဉ်အား ကနဦးတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုတို့ဖြင့် အမှုဖွင့်နိုင်ရန် စီစဥ်ဆောင်ရွက်နေဆဲ ဖြစ်သည် ဟု ပြောသည်။

*** ZAWGYI ***
ပုေလာတြင္ သတင္းေပးဟု ေက်ာ္ေဇာသူ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၀ ရက္။

တနသၤာရီတိုင္းေဒသႀကီး ပုေလာၿမိဳ႕နယ္၊ တြင္ အမည္မသိ လူတစ္စုမွ လာေရာက္ ပစ္ခတ္မႈေၾကာင့္ ျပည္သူစစ္ သတင္းေပး တစ္ဦး ေသဆုံးခဲ့သည္။

ပုေလာၿမိဳ႕နယ္ နန္းေတာင္ ေက်း႐ြာအုပ္စု၊ ပိႏၷဲေတာင္ေက်း႐ြာတြင္ေနထိုင္ၿပီး ေသဆုံးသူနဲ႔ ရင္းႏွီးသူတစ္ဦးက ေသဆုံးသူမွာ ရပ္႐ြာထဲတြင္ သတင္းေပးအျဖစ္ေက်ာ္ေဇာ သူျဖစ္ေၾကာင္း ေျပာသည္။

“သူက႐ြာထဲက ျပည္သူ႔စစ္ေတြနဲ႔လည္း ေရာေႏွာေနတာ နာမည္ထြက္ေနတာၾကာၿပီ။ PDF ေတြရဲ႕ အေၾကာင္းေတြ ျပည္သူ႔စစ္ေတြဆီ သတင္းေပးေနလို႔ အသတ္ခံရတာလည္းျဖစ္မယ္၊ အနားမွာရွိတဲ့ သူ႔မိန္းမနဲ႔ ကေလး ၂ေယာက္ကိုေတာ့ ဘာမွမလုပ္ပဲနဲ႔ သူ႔ကိုပဲ အဓိ ကထားၿပီးလုပ္သြားတာကိုး” ဟု ေျပာသည္။

အမည္မသိလူတစ္စုက ၾသဂုတ္လ ၆ ရက္ ညပိုင္းက လာေရာက္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူမွာ အသက္ ၄၁ ႏွစ္ အ႐ြယ္ ဦးသန္းလွ ဆိုသူျဖစ္ၿပီး ည ၁၁ နာရီအခ်ိန္ခန႔္က အမည္မသိ လူတစ္စုမွ ၎ေနထိုင္သည့္ ေနအိမ္ေပၚတက္လာကာ ေသနတ္ျဖင့္ ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟု ပိႏၷဲေတာင္႐ြာသားတစ္ဦး က ေျပာသည္။

“လူတစ္စုက သစၥာေဖာက္တို႔ ေသြးႏွင့္ေျခေဆးမယ္လို႔ ေအၚဟစ္ ေျပာဆိုၿပီး ဦးသန္းလွတို႔အိမ္ေပၚ တက္သြား တာ။ ည ၁၁နာရီခြဲေလာက္ေတာ့ ရွိေနၿပီ၊ ခဏအၾကာမွာ ေသနတ္သံလဲ တစ္ခ်က္ၾကား လိုက္တယ္။ ညက လည္း နက္၊ မိုးေမွာင္လဲက်ေနေတာ့ ဘာမွ သဲသဲကြဲကြဲမျမင္ရဘူး၊ ေၾကာက္လို႔ အိမ္ထဲမွာပဲပုန္း ေနရတယ္။”

ထိုသို႔ ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ လာေရာက္ပစ္ခတ္သူမ်ားက မဆိုင္သူမ်ား ထြက္မလာၾကရန္ႏွင့္ သစၥာေဖာက္ အား လာေရာက္ ရွင္းလင္းသုတ္သင္ရျခင္း ျဖစ္ေၾကာင္း ေျပာဆိုကာ ျပန္လည္ထြက္ခြာ သြားၾကသည္ဟု ပိႏၷဲ ေတာင္ ႐ြာသားမ်ားက ေျပာသည္။

ေသဆုံးသူ ႐ုပ္အေလာင္းကို ၾသဂုတ္လ ၇ ရက္နံနက္အေစာပိုင္းမွာ ပုေလာ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕တာဝန္ရွိ သူ မ်ားက လာေရာက္သယ္ေဆာင္သြားၿပီး မိသားစုႏွင့္ အနီးပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ားအား စုံစမ္းစစ္ေဆးမႈ မ်ား ျပဳလုပ္ေနသည္ဟု သိရသည္။

လူေသမႈ အခင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပုေလာၿမိဳ႕မ ရဲစခန္းကို ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းၾကည့္ရာ ေသနတ္ ျဖင့္ ပစ္ခတ္ခဲ့သူမ်ားသည္ မည္သူမည္ဝါ ျဖစ္သည္ကို စုံစမ္းစစ္ေဆးလ်က္ရွိေနသည္ ဟု ဆိုသည္။

ထို႔အျပင္ ယခုျဖစ္စဥ္အား ကနဦးတြင္ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈ၊ လူသတ္မႈတို႔ျဖင့္ အမႈဖြင့္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနဆဲ ျဖစ္သည္ ဟု ေျပာသည္။