မကွေးတိုင်းတွင် အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ပြည်သူအများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြည်သူအများ အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီ၏ ဒေသန္တရ အမိန့်ကြောင့် အခြေခံလူတန်းစားများနှင့် ဈေးသည်များ အဆင်မပြေ ဖြစ်နေရသည်ဟု ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်များထဲတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များသည် ဩဂုတ်လ ၁၁ ရက်နေ့က မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း Stay at Home သတ်မှတ်ထားစဉ် ကာလတွင် မလိုအပ်ပဲ နေအိမ်ပြင်ပ သွားလာမှု မရှိစေရေး ကြပ်မတ် စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဒေသခံပြည်သူများ သွားလာ၍ စစ်ဆေးတွေ့ရှိပါက စစ်ကောင်စီ အနေ ဖြင့် ဖမ်းဆီးခြင်း၊ ဒဏ်ငွေ နှစ်သိန်းနှင့် ထောင်ခုနှစ်ရက်အထိ ချနေကြောင်း စုံစမ်း သိရှိရသည်။
“ဖမ်းခံထိရင် နှစ်သိန်းတဲ့ဗျ။ ပြေးရင်တော့ ပစ်မှာတဲ့။ ဒီနေ့ သိင်္ဂါနဲ့ ဗိုလ်ချုပ်လမ်းထောင့်၊ အထက ၁ လမ်းနဲ့ သစ္စာ လမ်းထောင့်မှာ ဖမ်းနေပါတယ်၊၊ ကျနော်တို့ ဆိုင်ကယ်နဲ့ ဈေးရောင်း ဈေးဝယ်လုပ်နေကြရတဲ့ ဈေးသည် တွေ အဆင်မပြေကြတော့ဘူး။ လက်လုပ် လက်စားတွေဆို ပိုဆိုးရော” ဟု ဆိုင်ကယ်ဈေးသည် အမျိုးသား တစ်ဦး က ပြောသည်။
ယင်းအမိန့်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ အသီးသီးသို့ ခရီးသွားရန် အခက်အခဲဖြစ်ရခြင်း၊ အခြေခံလူတန်းစားများ အလုပ်အကိုင် သွားလာရန် အခက်အခဲဖြစ်ရခြင်း၊ ဝင်ငွေမရှိ၍ စားဝတ်နေရေး အခက် အခဲဖြစ်ရခြင်း၊ ကျန်းမာရေးအတွက် ဆေးဝယ်ရန်လည်း ခက်ခဲလာသည်ဟု ပြောသည်။
ထို့အပြင် အောက်စီဂျင် သယ်ယူပို့ဆောင်ရန်၊ လူနာအသယ်အပို့ ပြု လုပ်ရန်က အစ အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
“မနေ့က ဆိုရင် ကားငှါးလို့ ပွင့်ဖြူဘက်ပါသွားတယ်။ သွားတာတော့ မနက် ခြောက်နာရီလောက်ပေါ့။ ဟို ရောက်ပြီး ပစ္စည်းပစ္စယတွေချပြီး ပြန်မယ်လုပ်တော့ ဆယ်နာရီက ထိုးလို့ မကွေးကို ပြန်မရ။ ပွင့်ဖြူမှာ ငါး နာရီထိုး အောင် စောင့်ရတယ်။ တခြားအလုပ် မလုပ်ရသလို မိသားစုကလည်း စိတ်ပူရတာပေါ့။ ဘယ်အဆင် ပြေမလဲ” ဟု ကားဆရာ တစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရန် အတွက်ဆိုကာ နံနက် ၄ နာရီကနေ နံနက် ၁၀ နာရီအထိနှင့် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ မိသားစု တစ်စုလျှင် တစ်ဦးသာ ဈေးဝယ်ကဒ်ဖြင့် ဈေးထွက် ဝယ် သွားလာရသည်။
ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မကွေးမြို့ပေါ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် Stay at Home သတ်မှတ်ထားစဉ်ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ပဲ နေအိမ်ပြင်ပသွားလာမှု မရှိစေရေး အတွက်ဟုဆိုကာ လမ်းမများပေါ်တွင် စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေသည်ဟု မကွေးမြို့ခံများက ပြော သည်။
မကွေးမြို့ အတွင်းရှိ ဗိုလ်ချုပ်လမ်း-နတ်မောက်လမ်းဆုံတွင် လည်းကောင်း၊ ပြည်တော်သာလမ်း-သစ္စာလမ်းဆုံ တွင် လည်းကောင်း၊ တောင်တွင်းလမ်းနှင့် မြို့ပတ်လမ်းဆုံတို့တွင်လည်းကောင်း၊ နတ်မောက်လမ်းနှင့် မြို့ပတ် လမ်းဆုံတွင် လည်းကောင်း စစ်ဆေးကြပ်မတ်နေသည်ဟု မြို့ခံများက ပြောသည်။
*** ZAWGYI ***
မေကြးတိုင္းတြင္ အိမ္ျပင္မထြက္ရ အမိန႔္ေၾကာင့္ ျပည္သူအမ်ား အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။
မေကြးတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္မ်ားတြင္ နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိ ျပည္သူအမ်ား အျပင္ထြက္သြားလာျခင္း မျပဳလုပ္ရန္ အာဏာသိမ္း စစ္ေကာင္စီ၏ ေဒသႏၲရ အမိန႔္ေၾကာင့္ အေျခခံလူတန္းစားမ်ားႏွင့္ ေဈးသည္မ်ား အဆင္မေျပ ျဖစ္ေနရသည္ဟု ေျပာသည္။
မေကြးတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္မ်ားထဲတြင္ ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီအဖြဲ႕ဝင္မ်ားသည္ ဩဂုတ္လ ၁၁ ရက္ေန႔က မေကြးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း Stay at Home သတ္မွတ္ထားစဥ္ ကာလတြင္ မလိုအပ္ပဲ ေနအိမ္ျပင္ပ သြားလာမႈ မရွိေစေရး ၾကပ္မတ္ စစ္ေဆးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္း ေဒသခံျပည္သူမ်ား သြားလာ၍ စစ္ေဆးေတြ႕ရွိပါက စစ္ေကာင္စီ အေန ျဖင့္ ဖမ္းဆီးျခင္း၊ ဒဏ္ေငြ ႏွစ္သိန္းႏွင့္ ေထာင္ခုႏွစ္ရက္အထိ ခ်ေနေၾကာင္း စုံစမ္း သိရွိရသည္။
“ဖမ္းခံထိရင္ ႏွစ္သိန္းတဲ့ဗ်။ ေျပးရင္ေတာ့ ပစ္မွာတဲ့။ ဒီေန႔ သိဂၤါနဲ႔ ဗိုလ္ခ်ဳပ္လမ္းေထာင့္၊ အထက ၁ လမ္းနဲ႔ သစၥာ လမ္းေထာင့္မွာ ဖမ္းေနပါတယ္၊၊ က်ေနာ္တို႔ ဆိုင္ကယ္နဲ႔ ေဈးေရာင္း ေဈးဝယ္လုပ္ေနၾကရတဲ့ ေဈးသည္ ေတြ အဆင္မေျပၾကေတာ့ဘူး။ လက္လုပ္ လက္စားေတြဆို ပိုဆိုးေရာ” ဟု ဆိုင္ကယ္ေဈးသည္ အမ်ိဳးသား တစ္ဦး က ေျပာသည္။
ယင္းအမိန႔္ေၾကာင့္ မေကြးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္မ်ား အသီးသီးသို႔ ခရီးသြားရန္ အခက္အခဲျဖစ္ရျခင္း၊ အေျခခံလူတန္းစားမ်ား အလုပ္အကိုင္ သြားလာရန္ အခက္အခဲျဖစ္ရျခင္း၊ ဝင္ေငြမရွိ၍ စားဝတ္ေနေရး အခက္ အခဲျဖစ္ရျခင္း၊ က်န္းမာေရးအတြက္ ေဆးဝယ္ရန္လည္း ခက္ခဲလာသည္ဟု ေျပာသည္။
ထို႔အျပင္ ေအာက္စီဂ်င္ သယ္ယူပို႔ေဆာင္ရန္၊ လူနာအသယ္အပို႔ ျပဳ လုပ္ရန္က အစ အခက္အခဲျဖစ္ေနရေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“မေန႔က ဆိုရင္ ကားငွါးလို႔ ပြင့္ျဖဴဘက္ပါသြားတယ္။ သြားတာေတာ့ မနက္ ေျခာက္နာရီေလာက္ေပါ့။ ဟို ေရာက္ၿပီး ပစၥည္းပစၥယေတြခ်ၿပီး ျပန္မယ္လုပ္ေတာ့ ဆယ္နာရီက ထိုးလို႔ မေကြးကို ျပန္မရ။ ပြင့္ျဖဴမွာ ငါး နာရီထိုး ေအာင္ ေစာင့္ရတယ္။ တျခားအလုပ္ မလုပ္ရသလို မိသားစုကလည္း စိတ္ပူရတာေပါ့။ ဘယ္အဆင္ ေျပမလဲ” ဟု ကားဆရာ တစ္ဦးက ေျပာသည္။
အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါကို ထိန္းခ်ဳပ္ရန္ အတြက္ဆိုကာ နံနက္ ၄ နာရီကေန နံနက္ ၁၀ နာရီအထိႏွင့္ ညေန ၅ နာရီမွ ည ၁၀ နာရီအထိ မိသားစု တစ္စုလွ်င္ တစ္ဦးသာ ေဈးဝယ္ကဒ္ျဖင့္ ေဈးထြက္ ဝယ္ သြားလာရသည္။
ကိုဗစ္-၁၉ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီအဖြဲ႕ဝင္မ်ား၊ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားသည္ မေကြးၿမိဳ႕ေပၚတြင္ ကိုဗစ္-၁၉ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ Stay at Home သတ္မွတ္ထားစဥ္ကာလအတြင္း ျပည္သူမ်ားအေနျဖင့္ မလိုအပ္ပဲ ေနအိမ္ျပင္ပသြားလာမႈ မရွိေစေရး အတြက္ဟုဆိုကာ လမ္းမမ်ားေပၚတြင္ စစ္ေဆးၾကပ္မတ္မႈမ်ား လုပ္ေဆာင္ေနသည္ဟု မေကြးၿမိဳ႕ခံမ်ားက ေျပာ သည္။
မေကြးၿမိဳ႕ အတြင္းရွိ ဗိုလ္ခ်ဳပ္လမ္း-နတ္ေမာက္လမ္းဆုံတြင္ လည္းေကာင္း၊ ျပည္ေတာ္သာလမ္း-သစၥာလမ္းဆုံ တြင္ လည္းေကာင္း၊ ေတာင္တြင္းလမ္းႏွင့္ ၿမိဳ႕ပတ္လမ္းဆုံတို႔တြင္လည္းေကာင္း၊ နတ္ေမာက္လမ္းႏွင့္ ၿမိဳ႕ပတ္ လမ္းဆုံတြင္ လည္းေကာင္း စစ္ေဆးၾကပ္မတ္ေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။