KIA ဌာနချုပ်ဟောင်းလိုင်စင်အနီး စစ်ရှောင်စခန်း တောင်ကျရေကြီး၊ စစ်ရှောင် တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းတစ်ခုတွင် ရေကြီးရေလျှံ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး စစ်ရှောင်များ၏ နေအိမ် ၁၃ အိမ် ပျက်စီးသွားသည် ဟု စခန်းတာဝန်ရှိသူများနှင့် စစ်ရှောင်များ က ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ယခင် ဌာနချုပ် လိုင်စင် အနီးရှိ မဂါးယန်စစ်ရှောင်စခန်းတွင် ဩဂုတ်လ ၁၂ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၆ နာရီ ကျော် အချိန်ခန့် မိုးသည်းထန်စွာ ရွာသွန်းမှု တောင်ကျချောင်းရေကြီးပြီး နေအိမ်များပေါ်သို့ မြေပြိုကျလာသည့်နောက် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားရသည်ဟု စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးနော်ဆိုင်းက ပြောသည်။

“စခန်းတွင်းက လူဟုတ်တယ်။ သူတို့ အိမ် နောက်ဘက်မှာ တောင်ကုန်းဟုတ်တယ်။ အဲဒီတောင်ကုန်းကနေ တောင်ကျချောင်း မြေပြိုလာပြီး မြေကြီးတွေ၊ ရွံ့တွေ ရောပြီး ကျလာတာ သူတို့အိမ်မှာ ပိသွားတယ်။ တစ်ခါ တည်း ရုတ်တရက် ကျလာတော့ ရှောင်ဖို့လည်း မဖြစ်နိုင် ဖြစ်သွားတယ်။ အဲဒီမှာ မြုပ်သွားတာဆိုတော့ မကယ် လိုက်နိုင်ဘူး။ ပါသွားတာက တစ်ယောက် ဟုတ် တယ်။ အမျိုးသမီး အသက်က ၃၈ နှစ်၊ အလောင်းကိုတော့ ဒီမ နက် ၈ နာရီကျော်လောက်မှာ စခန်းကလူတွေ ပြန်သွားဖော်ယူတာဟုတ်တယ်။ မျှောပါသွားတာ မဟုတ်ဘူး။ အိမ်ပြိုသွားတဲ့ အထဲမှာ ရှိနေတာပါ၊ အဲဒီ အိမ်က လူဦးရေ ၅ ယောက်နေတာပါ။”

သေဆုံးသွားသူမှာ အသက် ၃၈ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဖြစ် ပြီး ၎င်းတို့မိသားစု၏ နေအိမ် အနောက် ဘက်ရှိတောင်ကုန်းမှ တောင်ကျချောင်းရေကြောင့် ရုတ်တရက် မြေပြိုကျလာခြင်းပြီး နေအိမ်ပေါ်သို့ မြေကြီးနှင့် ရွှံ့များ ပိကျကာ ထွက်ပြေးချိန် မရလိုက်ဘဲ သေဆုံးသွားရခြင်း ဖြစ်သည်ဟု မဂါးယန် စစ်ရှောင်စခန်း အတွင်း ရေးမှူးက ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းသည် စစ်ရှောင် အိမ် ထောင်စု ၄၂၀ နှင့် လူဦးရေစုစုပေါင်း ၂၀၀၀ ကျော် ရှိသော စခန်းတစ်ခု ဖြစ်သည်။

စခန်းတွင်းရှိ နေအိမ်အချို့လည်း ပျက်စီးသွားသည့်အတွက် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တ နေ ထိုင်နေကြရပြီး စခန်းတွင်းရှိ လမ်းမကြီးပေါ်ရေစီးဝင်မှုများကြောင့်လည်း လမ်းများ ပျက်စီးခြင်း၊ သောက်သုံး ရေကန်များ၊ ရေပိုက်များ ပျက်စီးခြင်းနှင့် လမ်းပေါ်ရှိ မော်တော်ဆိုင်ကယ်အချို့လည်း ပျက်စီး၊ ပျောက်ဆုံးမှုများ ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

“ဒီမနက်မိုးကြောင့် စခန်းထဲက လမ်းအားလုံး ရေစီးနေတာဆိုတော့ အခုကျနော်တို့ အမြဲတမ်း ခပ်သောက်နေတဲ့ ရေပိုက်တို့၊ ရေဘုံဘိုင်တို့ အားလုံးပါသွားပြီ။ ရေမြောင်းတို့ ရေကန်တို့လည်း ပြိုလာတယ်။ မြေတွေပိသွားပြီ ဆို တော့ ရေလည်း အတော်ကို ခက်ခဲလာတဲ့ အခြေအနေတော့ ဟုတ်တယ်။ အိမ်လုံးဝပျက်သွားတာက ၈ လုံးနော်။ တခြားအိမ်တွေရောဆိုရင် ၁၃ လုံးပေါ့။ နေလို့မရတော့ဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းအနီးတဝိုက်တွင် မိုးရွာသွန်းနေသည်မှာ ၄ ရက်ခန့် ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိလည်း မိုး လေဝသအခြေအနေမှာ စိတ်ချရသည့် အနေအထားမရှိသေးသည့်အတွက် စစ်ရှောင်များက တောင်ကျချောင်း ရေများ ထပ်မံကျလာမည်ကို စိုးရိမ်နေကြသည်။
ယခုနှစ် တောင်ကျချောင်းရေကြီးမူ၊ မြေပြိုမှုသည် စစ်ပြေးလာသည့် ၁၀ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်သည်ဟု စခန်းပြည်သူများက ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်များအနေဖြင့် လတ်တလော COVID-19 ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်အရ Lockdown ချထားသည့် အခြေအနေများကြောင့် လိုအပ်နေသည့် အကူအညီများ၊ နောက်ဆက်တွဲ အခက်အခဲများ ဖြစ်သည့် အစားအသောက်၊ ငွေကြေးနှင့် လမ်းပမ်းဆက်သွယ်ရေးတို့ အတွက် စိုးရိမ်နေကြ သည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများနှင့် စစ်ရှောင်များက ပြောသည်။

ထို့အပြင် လိုင်ဇာမြို့အနီးရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန် စစ်ရှောင်စခန်းများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်း နေသည့်အတွက် မုန်လိုင်ချောင်းရေ စတင်ကြီးလာနေသည့်အတွက် စစ်ရှောင်များက စိုးရိမ်နေကြသည်။

ဓါတ်ပုံ – Simsa Kasa Multimedia

*** ZAWGYI ***
KIA ဌာနခ်ဳပ္ေဟာင္းလိုင္စင္အနီး စစ္ေရွာင္စခန္း ေတာင္က်ေရႀကီး၊ စစ္ေရွာင္ တစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္။

တ႐ုတ္-ျမန္မာနယ္စပ္၊ ကခ်င္ျပည္နယ္ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း စစ္ေရွာင္စခန္းတစ္ခုတြင္ ေရႀကီးေရလွ်ံ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့သည့္အတြက္ စစ္ေရွာင္အမ်ိဳးသမီးတစ္ဦး ေသဆုံးၿပီး စစ္ေရွာင္မ်ား၏ ေနအိမ္ ၁၃ အိမ္ ပ်က္စီးသြားသည္ ဟု စခန္းတာဝန္ရွိသူမ်ားႏွင့္ စစ္ေရွာင္မ်ား က ေျပာသည္။

တ႐ုတ္-ျမန္မာနယ္စပ္ရွိ ယခင္ ဌာနခ်ဳပ္ လိုင္စင္ အနီးရွိ မဂါးယန္စစ္ေရွာင္စခန္းတြင္ ဩဂုတ္လ ၁၂ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၆ နာရီ ေက်ာ္ အခ်ိန္ခန႔္ မိုးသည္းထန္စြာ ႐ြာသြန္းမႈ ေတာင္က်ေခ်ာင္းေရႀကီးၿပီး ေနအိမ္မ်ားေပၚသို႔ ေျမၿပိဳက်လာသည့္ေနာက္ စစ္ေရွာင္အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားရသည္ဟု စစ္ေရွာင္စခန္း အတြင္းေရးမႉး ဦးေနာ္ဆိုင္းက ေျပာသည္။

“စခန္းတြင္းက လူဟုတ္တယ္။ သူတို႔ အိမ္ ေနာက္ဘက္မွာ ေတာင္ကုန္းဟုတ္တယ္။ အဲဒီေတာင္ကုန္းကေန ေတာင္က်ေခ်ာင္း ေျမၿပိဳလာၿပီး ေျမႀကီးေတြ၊ ႐ြံ႕ေတြ ေရာၿပီး က်လာတာ သူတို႔အိမ္မွာ ပိသြားတယ္။ တစ္ခါ တည္း ႐ုတ္တရက္ က်လာေတာ့ ေရွာင္ဖို႔လည္း မျဖစ္ႏိုင္ ျဖစ္သြားတယ္။ အဲဒီမွာ ျမဳပ္သြားတာဆိုေတာ့ မကယ္ လိုက္ႏိုင္ဘူး။ ပါသြားတာက တစ္ေယာက္ ဟုတ္ တယ္။ အမ်ိဳးသမီး အသက္က ၃၈ ႏွစ္၊ အေလာင္းကိုေတာ့ ဒီမ နက္ ၈ နာရီေက်ာ္ေလာက္မွာ စခန္းကလူေတြ ျပန္သြားေဖာ္ယူတာဟုတ္တယ္။ ေမွ်ာပါသြားတာ မဟုတ္ဘူး။ အိမ္ၿပိဳသြားတဲ့ အထဲမွာ ရွိေနတာပါ၊ အဲဒီ အိမ္က လူဦးေရ ၅ ေယာက္ေနတာပါ။”

ေသဆုံးသြားသူမွာ အသက္ ၃၈ ႏွစ္အ႐ြယ္ စစ္ေရွာင္အမ်ိဳးသမီး ျဖစ္ ၿပီး ၎တို႔မိသားစု၏ ေနအိမ္ အေနာက္ ဘက္ရွိေတာင္ကုန္းမွ ေတာင္က်ေခ်ာင္းေရေၾကာင့္ ႐ုတ္တရက္ ေျမၿပိဳက်လာျခင္းၿပီး ေနအိမ္ေပၚသို႔ ေျမႀကီးႏွင့္ ႐ႊံ႕မ်ား ပိက်ကာ ထြက္ေျပးခ်ိန္ မရလိုက္ဘဲ ေသဆုံးသြားရျခင္း ျဖစ္သည္ဟု မဂါးယန္ စစ္ေရွာင္စခန္း အတြင္း ေရးမႉးက ေျပာသည္။

မဂါးယန္စစ္ေရွာင္စခန္းသည္ စစ္ေရွာင္ အိမ္ ေထာင္စု ၄၂၀ ႏွင့္ လူဦးေရစုစုေပါင္း ၂၀၀၀ ေက်ာ္ ရွိေသာ စခန္းတစ္ခု ျဖစ္သည္။

စခန္းတြင္းရွိ ေနအိမ္အခ်ိဳ႕လည္း ပ်က္စီးသြားသည့္အတြက္ နီးစပ္ရာေဆြမ်ိဳးမ်ား၏ ေနအိမ္မ်ားတြင္ ေခတၱ ေန ထိုင္ေနၾကရၿပီး စခန္းတြင္းရွိ လမ္းမႀကီးေပၚေရစီးဝင္မႈမ်ားေၾကာင့္လည္း လမ္းမ်ား ပ်က္စီးျခင္း၊ ေသာက္သုံး ေရကန္မ်ား၊ ေရပိုက္မ်ား ပ်က္စီးျခင္းႏွင့္ လမ္းေပၚရွိ ေမာ္ေတာ္ဆိုင္ကယ္အခ်ိဳ႕လည္း ပ်က္စီး၊ ေပ်ာက္ဆုံးမႈမ်ား ရွိေနသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

“ဒီမနက္မိုးေၾကာင့္ စခန္းထဲက လမ္းအားလုံး ေရစီးေနတာဆိုေတာ့ အခုက်ေနာ္တို႔ အၿမဲတမ္း ခပ္ေသာက္ေနတဲ့ ေရပိုက္တို႔၊ ေရဘုံဘိုင္တို႔ အားလုံးပါသြားၿပီ။ ေရေျမာင္းတို႔ ေရကန္တို႔လည္း ၿပိဳလာတယ္။ ေျမေတြပိသြားၿပီ ဆို ေတာ့ ေရလည္း အေတာ္ကို ခက္ခဲလာတဲ့ အေျခအေနေတာ့ ဟုတ္တယ္။ အိမ္လုံးဝပ်က္သြားတာက ၈ လုံးေနာ္။ တျခားအိမ္ေတြေရာဆိုရင္ ၁၃ လုံးေပါ့။ ေနလို႔မရေတာ့ဘူး” ဟု စစ္ေရွာင္တစ္ဦးက ေျပာသည္။

မဂါးယန္စစ္ေရွာင္စခန္းအနီးတဝိုက္တြင္ မိုး႐ြာသြန္းေနသည္မွာ ၄ ရက္ခန႔္ ရွိၿပီျဖစ္ၿပီး ယေန႔အခ်ိန္ထိလည္း မိုး ေလဝသအေျခအေနမွာ စိတ္ခ်ရသည့္ အေနအထားမရွိေသးသည့္အတြက္ စစ္ေရွာင္မ်ားက ေတာင္က်ေခ်ာင္း ေရမ်ား ထပ္မံက်လာမည္ကို စိုးရိမ္ေနၾကသည္။
ယခုႏွစ္ ေတာင္က်ေခ်ာင္းေရႀကီးမူ၊ ေျမၿပိဳမႈသည္ စစ္ေျပးလာသည့္ ၁၀ ႏွစ္တာကာလအတြင္း ပထမဆုံး အႀကိမ္ျဖစ္သည္ဟု စခန္းျပည္သူမ်ားက ေျပာသည္။

မဂါးယန္စစ္ေရွာင္စခန္းမွ စစ္ေရွာင္မ်ားအေနျဖင့္ လတ္တေလာ COVID-19 ေရာဂါ ကာကြယ္ေရး စည္းကမ္း ခ်က္အရ Lockdown ခ်ထားသည့္ အေျခအေနမ်ားေၾကာင့္ လိုအပ္ေနသည့္ အကူအညီမ်ား၊ ေနာက္ဆက္တြဲ အခက္အခဲမ်ား ျဖစ္သည့္ အစားအေသာက္၊ ေငြေၾကးႏွင့္ လမ္းပမ္းဆက္သြယ္ေရးတို႔ အတြက္ စိုးရိမ္ေနၾက သည္ဟု စစ္ေရွာင္စခန္းတာဝန္ရွိသူမ်ားႏွင့္ စစ္ေရွာင္မ်ားက ေျပာသည္။

ထို႔အျပင္ လိုင္ဇာၿမိဳ႕အနီးရွိ ေဂ်ယန႔္၊ ဖုန္လုံယန္၊ ဒြမ္ဘုန္ စစ္ေရွာင္စခန္းမ်ားတြင္လည္း မိုးသည္းထန္စြာ ႐ြာသြန္း ေနသည့္အတြက္ မုန္လိုင္ေခ်ာင္းေရ စတင္ႀကီးလာေနသည့္အတြက္ စစ္ေရွာင္မ်ားက စိုးရိမ္ေနၾကသည္။

ဓါတ္ပုံ – Simsa Kasa Multimedia