ရဲအချင်းချင်း ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့အကြား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်မှာ သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့ဝင်များ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
”ပြောင်းလာတာမကြာသေးဘူး သေတဲ့လူက။ နေပြည်တော်က ပြောင်းလာတာ။ ပစ်တဲ့သူက ပေါင်းတည်က ပြောင်းလာတာ မူးနေကြတယ်ပြောတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ပန်းတောင်းမြို့ခံ တစ်ဦး က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့မှာ ဒေသခံရဲများမဟုတ်ပဲ မကြာသေးမှီကမှ ပြောင်းလာ သည့် ရဲများဖြစ်သည်ဟု ဒေသခံများက ပြောသည်။
”သူတို့လဲ ဖိအားတွေများနေတာ။ မူးနေတယ်လို့ သာပြောကြတာ ဖြစ်ရတဲ့အခြေခံက ဘာမှန်းမသိဘူး။ မူးတိုင်း ပစ်ကြတာမှမဟုတ်တာ”ဟု မြို့ခံ ရဲပင်စင်စားတစ်ဦး က သုံးသပ်ပြောဆိုသည်။
ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ဒေသအတွင်းက သတင်း အချက်အလက်များ လူမှုကွန်ရက်စာမျက်နှာ တွင် ပစ်ခတ်ခံရသူမှာ မျက်နှာကို တေ့၍ ပစ် ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တင်ထားသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ သတင်းဖော်ပြမှုကို သက်ဆိုင်ရာက ဖြုတ်ချခိုင်းခဲ့သည်ဟုလည်း ဒေသခံများ ၏ ပြောပြချက်အရသိရသည်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစတင်၍ စစ်တပ်အာဏာသိမ်းပြီးနောက် ၆ လကျော် ကာလအတွင်း မြန်မာနိုင်ငံအနှံ့တွင် ရဲနှင့်စစ်သားအကြား၊ စစ်သားအချင်းချင်းကြားနှင့် ရဲအချင်းချင်း ကြား ပစ်ခတ်မှု ဖြစ်စဉ်မကြာခဏဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ ရှိနေခဲ့သည်။
*** ZAWGYI ***
ရဲအခ်င္းခ်င္း ပစ္ခတ္မႈေၾကာင့္ ရဲတပ္ၾကပ္တစ္ဦး ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၄ ရက္။
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ ပန္းေတာင္းၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္အခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ကာ ရဲတပ္ၾကပ္တစ္ဦး ေသဆုံးသြားသည္ဟု ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ရဲတပ္ၾကပ္ႏွင့္ ရဲတပ္သားတို႔အၾကား ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ရဲတပ္ၾကပ္မွာ ေသဆုံးသြားသည္ဟု ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္ နီးစပ္သူတစ္ဦး က ေျပာသည္။
”ေျပာင္းလာတာမၾကာေသးဘူး ေသတဲ့လူက။ ေနျပည္ေတာ္က ေျပာင္းလာတာ။ ပစ္တဲ့သူက ေပါင္းတည္က ေျပာင္းလာတာ မူးေနၾကတယ္ေျပာတယ္”ဟု ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူ ပန္းေတာင္းၿမိဳ႕ခံ တစ္ဦး က ေျပာသည္။
ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ ရဲတပ္ၾကပ္ႏွင့္ ရဲတပ္သားတို႔မွာ ေဒသခံရဲမ်ားမဟုတ္ပဲ မၾကာေသးမွီကမွ ေျပာင္းလာ သည့္ ရဲမ်ားျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
”သူတို႔လဲ ဖိအားေတြမ်ားေနတာ။ မူးေနတယ္လို႔ သာေျပာၾကတာ ျဖစ္ရတဲ့အေျခခံက ဘာမွန္းမသိဘူး။ မူးတိုင္း ပစ္ၾကတာမွမဟုတ္တာ”ဟု ၿမိဳ႕ခံ ရဲပင္စင္စားတစ္ဦး က သုံးသပ္ေျပာဆိုသည္။
ဩဂုတ္လ ၁၁ ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့သည့္ အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ ေဒသအတြင္းက သတင္း အခ်က္အလက္မ်ား လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ပစ္ခတ္ခံရသူမွာ မ်က္ႏွာကို ေတ့၍ ပစ္ ခတ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း တင္ထားသည္။
အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ သတင္းေဖာ္ျပမႈကို သက္ဆိုင္ရာက ျဖဳတ္ခ်ခိုင္းခဲ့သည္ဟုလည္း ေဒသခံမ်ား ၏ ေျပာျပခ်က္အရသိရသည္။
ေဖေဖၚဝါရီ ၁ ရက္ေန႔ကစတင္၍ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ၆ လေက်ာ္ ကာလအတြင္း ျမန္မာႏိုင္ငံအႏွံ႔တြင္ ရဲႏွင့္စစ္သားအၾကား၊ စစ္သားအခ်င္းခ်င္းၾကားႏွင့္ ရဲအခ်င္းခ်င္း ၾကား ပစ္ခတ္မႈ ျဖစ္စဥ္မၾကာခဏျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈမ်ား၊ ေသဆုံးမႈမ်ား ရွိေနခဲ့သည္။