လေသေနတ် ပုံတင်သူ လူငယ်နှစ်ဦး လက်နက်မှုဖြင့် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။
မကွေးတိုင်းဒေသကြီး၊ ကံမမြို့တွင် အသက် ၂၅ နှစ် ဝန်းကျင်ရှိလူငယ် ၂ဦးကို လက်နက်မှုဖြင့် စစ် ကောင်စီ တပ်ဖွဲ့ဝင်များက သြဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဒေသခံများ က ပြောသည်။
ယင်းလူငယ်၂ ဦးက ပြီးခဲ့တဲ့ရက်ပိုင်းတွင် လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် လေထိုးပိုက်နှင့် ပိုးသတ် ဆေးဖြန်းသည့် ပိုက်သုံးပြီးလုပ်ထားသော လေသေနတ်ဖြင့် တောလည်သည့် ပုံကို တင်လိုက်ရာမှ အဖမ်းခံရ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
”တောမှာတော့ စက်ဘီးလေထိုးပိုက်နဲ့ ပိုးသတ်ဆေးဖျန်းတဲ့ ပိုက်နဲ့ လုပ်ထားတဲ့ သေနတ်နဲ့ ညဘက်ဂျိုးတို့ ဘာ တို့ပစ်ကြတဲ့သေနတ်ပါ။ စကစ လက်ထက်မှာ မကိုင်ကြတော့ပါဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။
ကံမမြို့နယ်၊ ကြို့ပင်ရွာမှ အဖမ်းခံရသည့် အဆိုပါ လူငယ်နှစ်ဦး နိုင်ငံရေးလုပ်သည့် လူငယ်များ မဟုတ်ဘဲ အပျော်တမ်းတောလည်သည့် ကျေးလက်နေ လူငယ်နှစ်ဦးသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုလူငယ်နှစ်ဦးအား ကြို့ပင်တိုက်နယ်က ရဲ ၂ ဦး နှင့်အတူ ကြို့ပင်ကမဟုတ်သည့် အခြားက ရဲတပ်ဖွဲ့ဝင် ၁၃ ဦး က လာဖမ်းခဲ့ခြင်း ဖြစ်သည်။
လူငယ်နှစ်ဦးကို လာရောက်ဖမ်းစဉ်အခါက အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မိခင်ဖြစ်သူကို ရဲများက ပစ်ခတ် မည့် ပုံစံမျိုးလုပ်သဖြင့် ရွာသားများက ဝိုင်းဝန်းတောင်းပန်ခဲ့ရကြောင်း ဒေသခံတစ်ဦး က ပြောသည်။
ကြို့ပင်ရွာသည် ကံမမြို့အနောက်ဘက် ပုသိမ်-မုံရွာ ကားလမ်းကြီးပေါ်တွင်ရှိသည့် တိုက်နယ်ရွာကြီး တစ်ရွာ ဖြစ် ပြီး ရွာအနောက်တွင် အနောက်ရိုးမတောင်တန်းများနှင့် နီးသဖြင့် ဂျီသား၊ တောဝက်သား ကဲ့သို့သော တော ကောင်သားများ ရရှိနိုင်သည့် မြို့ဆန်ဆန်ရွာကြီးဖြစ်သည်။
ထို့အပြင် တိုက်နယ်ဆေးရုံ၊ စာစစ်ဌာနရှိ အထက်တန်းကျောင်းလည်း ရှိသည်။
ကြို့ပင်ရွာတွင် နယ်မြေရဲစခန်း တစ်ခုလည်းရှိပြီး ကျေးရွာနေပြည်သူများနှင့် ပြဿနာ မရှိ အေးအေးချမ်းချမ်း နေကြကြောင်း သိရသည်။
*** ZAWGYI ***
ေလေသနတ္ ပုံတင္သူ လူငယ္ႏွစ္ဦး လက္နက္မႈျဖင့္ ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။
မေကြးတိုင္းေဒသႀကီး၊ ကံမၿမိဳ႕တြင္ အသက္ ၂၅ ႏွစ္ ဝန္းက်င္ရွိလူငယ္ ၂ဦးကို လက္နက္မႈျဖင့္ စစ္ ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ၾသဂုတ္ ၁၇ ရက္ေန႔က ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ယင္းလူငယ္၂ ဦးက ၿပီးခဲ့တဲ့ရက္ပိုင္းတြင္ လူမႈကြန္ယက္စာမ်က္ႏွာ (Facebook)တြင္ ေလထိုးပိုက္ႏွင့္ ပိုးသတ္ ေဆးျဖန္းသည့္ ပိုက္သုံးၿပီးလုပ္ထားေသာ ေလေသနတ္ျဖင့္ ေတာလည္သည့္ ပုံကို တင္လိုက္ရာမွ အဖမ္းခံရ ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
”ေတာမွာေတာ့ စက္ဘီးေလထိုးပိုက္နဲ႔ ပိုးသတ္ေဆးဖ်န္းတဲ့ ပိုက္နဲ႔ လုပ္ထားတဲ့ ေသနတ္နဲ႔ ညဘက္ဂ်ိဳးတို႔ ဘာ တို႔ပစ္ၾကတဲ့ေသနတ္ပါ။ စကစ လက္ထက္မွာ မကိုင္ၾကေတာ့ပါဘူး” ဟု ေဒသခံတစ္ဦး က ေျပာသည္။
ကံမၿမိဳ႕နယ္၊ ႀကိဳ႕ပင္႐ြာမွ အဖမ္းခံရသည့္ အဆိုပါ လူငယ္ႏွစ္ဦး ႏိုင္ငံေရးလုပ္သည့္ လူငယ္မ်ား မဟုတ္ဘဲ အေပ်ာ္တမ္းေတာလည္သည့္ ေက်းလက္ေန လူငယ္ႏွစ္ဦးသာ ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။
ထိုလူငယ္ႏွစ္ဦးအား ႀကိဳ႕ပင္တိုက္နယ္က ရဲ ၂ ဦး ႏွင့္အတူ ႀကိဳ႕ပင္ကမဟုတ္သည့္ အျခားက ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က လာဖမ္းခဲ့ျခင္း ျဖစ္သည္။
လူငယ္ႏွစ္ဦးကို လာေရာက္ဖမ္းစဥ္အခါက အနည္းငယ္ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး မိခင္ျဖစ္သူကို ရဲမ်ားက ပစ္ခတ္ မည့္ ပုံစံမ်ိဳးလုပ္သျဖင့္ ႐ြာသားမ်ားက ဝိုင္းဝန္းေတာင္းပန္ခဲ့ရေၾကာင္း ေဒသခံတစ္ဦး က ေျပာသည္။
ႀကိဳ႕ပင္႐ြာသည္ ကံမၿမိဳ႕အေနာက္ဘက္ ပုသိမ္-မုံ႐ြာ ကားလမ္းႀကီးေပၚတြင္ရွိသည့္ တိုက္နယ္႐ြာႀကီး တစ္႐ြာ ျဖစ္ ၿပီး ႐ြာအေနာက္တြင္ အေနာက္႐ိုးမေတာင္တန္းမ်ားႏွင့္ နီးသျဖင့္ ဂ်ီသား၊ ေတာဝက္သား ကဲ့သို႔ေသာ ေတာ ေကာင္သားမ်ား ရရွိႏိုင္သည့္ ၿမိဳ႕ဆန္ဆန္႐ြာႀကီးျဖစ္သည္။
ထို႔အျပင္ တိုက္နယ္ေဆး႐ုံ၊ စာစစ္ဌာနရွိ အထက္တန္းေက်ာင္းလည္း ရွိသည္။
ႀကိဳ႕ပင္႐ြာတြင္ နယ္ေျမရဲစခန္း တစ္ခုလည္းရွိၿပီး ေက်း႐ြာေနျပည္သူမ်ားႏွင့္ ျပႆနာ မရွိ ေအးေအးခ်မ္းခ်မ္း ေနၾကေၾကာင္း သိရသည္။