ယုံကြည်မှု မရှိသဖြင့် ကာကွယ်ဆေးမထိုးသူ အများအပြားရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စစ်ကောင်စီ အပေါ် အယုံအကြည်မရှိသဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေး မထိုးသူများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ကာကွယ်ဆေးမထိုးသူများတွင် ရာအိမ်မှူးများလည်း ပါဝင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံမှ အပိုဆောင်း အဆစ်ပေးသည့် တရုတ်နိုင်ငံလုပ် ဆေးဖြစ်နေမည်နှင့် သတ်မှတ်ရက်ထက် ကျော် လွန်နေသော ဆေးများ ထိုးပေးမည်ကို သင်္ကါမကင်း စိုးရိမ်မှုဖြစ်နေသည့်အပြင် စစ်ကောင်စီ အပေါ်ယုံကြည်မှု မရှိခြင်းတို့ကြောင့် ဆေးထိုးရန် အခွင့်အရေးရှိသော်လည်း ဆေးမထိုးကြခြင်း ဖြစ်သည်ဟု ပြောသည်။

“ရပ်ကွက်ထဲမှာ ဆေးသွား ထိုးသူလည်း ရှိတယ်။ မထိုးသူလည်း ရှိတယ်။ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေထဲကလည်း ထိုးသူရှိတယ်။ မထိုးသူလည်းရှိတယ်။ အတင်းအကြပ် မထိုးခိုင်းဘူး” ဟု ပုသိမ်မြို့ က ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ပုသိမ်မြို့အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူး ၂၀ ဦးကျော် ရှိသည့်ရပ်ကွက်တခုတွင် ရာအိမ်မှူး ၈ ဦးခန့်သာ ကိုဗစ်ကာကွယ် ဆေးထိုးကြပြီး အများစုက ဆေးမထိုးဘဲ ထိုးပြီးကြောင်း စာရင်းပေးသွင်းလျက်ရှိသည်ဟု စစ် ကောင်စီ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခွင့်ရရှိသူ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ဆေးမထိုးကြသည့် အဓိကအချက်များမှာ တရုတ်နိုင်ငံကဲ့သို့ ယုံကြည်မှု မရသည့် နိုင်ငံထုတ် ဆေးအညံ့စား ဖြစ် နေသည့် အချက်၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် သူများက ဝါဒဖြန့် ကောင်းရုံသက်သက် စီမံခန့်ခွဲ ထိုးပေးနေ မှုများကြောင့် ဆေးမထိုးရခြင်း ဖြစ်သည်ဟု အသက် ၆၇ နှစ်အရွယ် ကိုဗစ်-၁၉ ဆေးမထိုးသည့် အမျိုးသား တစ်ဦးက ပြောသည်။

“အဓိက ကတော့ ဘယ်လိုမှ ယုံကြည်လို့ မရတဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ သူတွေ စီမံတာဆိုတော့ ယုံ ကြည်မှုမရှိလို့ မထိုးတာပါ။”

ဇွန်လ ကုန်ခန့်က ရဲတပ်ဖွဲ့ဝင်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးပြီးနောက် ဧရာဝတီတိုင်း အတွင်းက ရဲတပ်ဖွဲ့ဝင် အများအပြား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ရုံးအနီး ရပ်ကွက်ရှိ ဒေသခံများ က ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့ မှ စတင်၍ ၁၂ ရက်နေ့ အထိ အသက် ၆၅ နှစ် နှင့် အထက် အရွယ်ရှိသူများနှင့်၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးခြင်း ဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။

လက်ရှိတွင် ဆေးထိုးခွင့် ရရှိသူ အရေအတွက်နှင့် ဆေးလာရောက် ထိုးသူ အရေအတွက်ကို မပြောပြနိုင်သေး ဘူးဟုလည်း ပုသိမ်မြို့ ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်တပ် အာဏာ မသိမ်းမီ NLD အစိုးရလက်ထက် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ ပုသိမ် မြို့အတွင်းရှိ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း များနှင့် အစိုးရ အဖွဲ့ဝင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမဆုံး အသုတ်အဖြစ်ထိုးခဲ့ကြောင်း တိုင်း ကျန်းမာရေး ဦးစီးဌာန မှတ်တမ်း အရသိရသည်။

*** ZAWGYI ***
ယုံၾကည္မႈ မရွိသျဖင့္ ကာကြယ္ေဆးမထိုးသူ အမ်ားအျပားရွိေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕တြင္ စစ္ေကာင္စီ အေပၚ အယုံအၾကည္မရွိသျဖင့္ ကိုဗစ္- ၁၉ ကာကြယ္ေဆး မထိုးသူမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ ကာကြယ္ေဆးမထိုးသူမ်ားတြင္ ရာအိမ္မႉးမ်ားလည္း ပါဝင္ေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

တ႐ုတ္ႏိုင္ငံမွ အပိုေဆာင္း အဆစ္ေပးသည့္ တ႐ုတ္ႏိုင္ငံလုပ္ ေဆးျဖစ္ေနမည္ႏွင့္ သတ္မွတ္ရက္ထက္ ေက်ာ္ လြန္ေနေသာ ေဆးမ်ား ထိုးေပးမည္ကို သကၤါမကင္း စိုးရိမ္မႈျဖစ္ေနသည့္အျပင္ စစ္ေကာင္စီ အေပၚယုံၾကည္မႈ မရွိျခင္းတို႔ေၾကာင့္ ေဆးထိုးရန္ အခြင့္အေရးရွိေသာ္လည္း ေဆးမထိုးၾကျခင္း ျဖစ္သည္ဟု ေျပာသည္။

“ရပ္ကြက္ထဲမွာ ေဆးသြား ထိုးသူလည္း ရွိတယ္။ မထိုးသူလည္း ရွိတယ္။ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ေတြထဲကလည္း ထိုးသူရွိတယ္။ မထိုးသူလည္းရွိတယ္။ အတင္းအၾကပ္ မထိုးခိုင္းဘူး” ဟု ပုသိမ္ၿမိဳ႕ က ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

ပုသိမ္ၿမိဳ႕အတြင္းရွိ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ ရာအိမ္မႉး ၂၀ ဦးေက်ာ္ ရွိသည့္ရပ္ကြက္တခုတြင္ ရာအိမ္မႉး ၈ ဦးခန႔္သာ ကိုဗစ္ကာကြယ္ ေဆးထိုးၾကၿပီး အမ်ားစုက ေဆးမထိုးဘဲ ထိုးၿပီးေၾကာင္း စာရင္းေပးသြင္းလ်က္ရွိသည္ဟု စစ္ ေကာင္စီ၏ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ထိုးခြင့္ရရွိသူ ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

ေဆးမထိုးၾကသည့္ အဓိကအခ်က္မ်ားမွာ တ႐ုတ္ႏိုင္ငံကဲ့သို႔ ယုံၾကည္မႈ မရသည့္ ႏိုင္ငံထုတ္ ေဆးအညံ့စား ျဖစ္ ေနသည့္ အခ်က္၊ တာဝန္ယူမႈ တာဝန္ခံမႈ မရွိသည့္ သူမ်ားက ဝါဒျဖန႔္ ေကာင္း႐ုံသက္သက္ စီမံခန႔္ခြဲ ထိုးေပးေန မႈမ်ားေၾကာင့္ ေဆးမထိုးရျခင္း ျဖစ္သည္ဟု အသက္ ၆၇ ႏွစ္အ႐ြယ္ ကိုဗစ္-၁၉ ေဆးမထိုးသည့္ အမ်ိဳးသား တစ္ဦးက ေျပာသည္။

“အဓိက ကေတာ့ ဘယ္လိုမွ ယုံၾကည္လို႔ မရတဲ့ တာဝန္ယူမႈ တာဝန္ခံမႈ မရွိတဲ့ သူေတြ စီမံတာဆိုေတာ့ ယုံ ၾကည္မႈမရွိလို႔ မထိုးတာပါ။”

ဇြန္လ ကုန္ခန႔္က ရဲတပ္ဖြဲ႕ဝင္မ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးေပးၿပီးေနာက္ ဧရာဝတီတိုင္း အတြင္းက ရဲတပ္ဖြဲ႕ဝင္ အမ်ားအျပား ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕ ႐ုံးအနီး ရပ္ကြက္ရွိ ေဒသခံမ်ား က ေျပာသည္။

ၾသဂုတ္လ ၁၀ ရက္ေန႔ မွ စတင္၍ ၁၂ ရက္ေန႔ အထိ အသက္ ၆၅ ႏွစ္ ႏွင့္ အထက္ အ႐ြယ္ရွိသူမ်ားႏွင့္၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားကို ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ေဆးထိုးေပးျခင္း ျဖစ္သည္ဟု ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံး အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ေဒသခံမ်ားက ေျပာသည္။

လက္ရွိတြင္ ေဆးထိုးခြင့္ ရရွိသူ အေရအတြက္ႏွင့္ ေဆးလာေရာက္ ထိုးသူ အေရအတြက္ကို မေျပာျပႏိုင္ေသး ဘူးဟုလည္း ပုသိမ္ၿမိဳ႕ က်န္းမာေရး ဦးစီးဌာန မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

စစ္တပ္ အာဏာ မသိမ္းမီ NLD အစိုးရလက္ထက္ အျခားေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားနည္းတူ ပုသိမ္ ၿမိဳ႕အတြင္းရွိ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ဝန္ထမ္းမ်ား၊ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန ဝန္ထမ္း မ်ားႏွင့္ အစိုးရ အဖြဲ႕ဝင္မ်ားကို ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ပထမဆုံး အသုတ္အျဖစ္ထိုးခဲ့ေၾကာင္း တိုင္း က်န္းမာေရး ဦးစီးဌာန မွတ္တမ္း အရသိရသည္။