ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၃၀၀ ကျော် ထပ်မံ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရ*က်။
SSPP/SSA၊ PSLF/TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်ထဲတွင် တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် ဒေသခံပြည်သူ ၃၀၀ ကျော် ထပ်မံစစ်ဘေးရှောင်နေကြရပြီး ၎င်းတို့အတွက် ဆေးဝါး၊ မိုးကာနှင့် အိပ်စရာ အခင်းတွေ လိုအပ်နေသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ကျောက်မဲမြို့နယ်ထဲတွင် ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ကြားတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည့်အတွက် အနီးအနားကျေးရွာများက ပြည်သူများ စစ်ဘေးရှောင်နေကြ ရသည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး က ပြောသည်။
“ပထမဦးဆုံးပြေးလာတာက ပန်ကွမ်ဘက်က ပြေးလာတယ်။ မနေ့ကအထိက Camp ထဲမှာ ရှိတာက ၃၀၀ လောက်အထိ ရှိတယ်။ တစ် Camp တစ် Camp ကို တစ်ရာ တစ်ရာနီးပါးလောက်ရှိတာပေါ့နော်။ မြို့ထဲမှာ အသိအိမ်တွေ အမျိုးအိမ်တွေ အဲ့လိုအိမ်ငှားပြီးနေတဲ့ဟာတွေ ငှားနေတဲ့ဟာတွေ အားလုံးပေါင်းက ၄၀၀ လောက်ရှိမယ်လို့ ခန့်မှန်းလို့ရတယ်။”
စစ်ရှောင်များထဲတွင် အများစုမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင် သည်ဟု ပြောသည်။ ထိုစစ်ရှောင်များအတွက်ဆေးဝါး၊ အိပ်စရာအခင်းများနှင့် မိုးကာများ အရေးပေါ် လိုအပ် နေသည်ဟု စစ်ရှောင် များကို ကူညီနေသူများ က ပြောသည်။
“အဓိက အခက်အခဲကတော့ စားရေးသောက်ရေး၊ ဒီမိုးတွင်းဖြစ်နေတော့ အခင်းတွေ သူတို့အိပ်နေရတဲ့ နေရာ ကလည်း သမန်တလင်းပေါ်မှာပဲ ကျနော်တွေ့လိုက်ရတယ်။ သမန်တလင်းပေါ်မှာ ဖြစ်တဲ့အတွက် အဓိက သက် ကြီး ပိုင်းတွေပေါ့။ အဓိက စစ်ရှောင်တာက အသက်ကြီးပိုင်းတွေပဲ ခပ်များများပေါ့နော် ဘိုးဘွားတွေ၊ ကလေး တွေပေါ့နော်၊ ကိုယ်ဝန်ဆောင်မိခင်တွေ သူတို့ကိုတွေ့ရတယ်။ အဓိက စောင်တွေ ခြင်ထောင်တွေ၊ အခင်းတွေ လို တာ တွေ့ရတယ်။ စားသောက်ဖို့ကတော့ အခုရက်ပိုင်းအတွင်းတော့ လှူတဲ့လူတွေရှိတယ်။ ရက်ကြာလာရင်တော့ ဘယ်လိုဖြစ်လာမဲမပြောတတ်ဘူး” ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး က ပြော သည်။
ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုထဲတွင် နှစ်ဖက်ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်ရေးတင်းမာမှုများ ယနေ့အချိန်ထိ ရှိနေသေးသည့်အတွက် ဒေသခံရွာသားအချို့က ကျောက်မဲ မြို့ပေါ်သို့ တိမ်း ရှောင်လာကြရပြီး အများစုက နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးနေကြရသည်ဟု ကျောက်မဲမြို့ စစ်ရှောင် များ သွားရောက်ကူညီပေးနေသူ တစ်ဦးက ပြောသည်။
“ပထမဦးဆုံးသူတို့က မိုင်းတင်းတစ်နေရာ ရှိမယ်။ မိုင်းတင်းအုပ်စု နမ့်ဆော့မှာ တစ်နေရာရှိမယ်။ နောက်တစ် နေ ရာကတော့ ကြူရှောမြောက်ရွာ။ ပြေးလာတဲ့ရွာတွေကတော့ အဓိကတော့ ပန်ကွမ်ရွာသစ်ပေါ့နော်၊ ပန် ဖြတ်ပါမယ်။ ပန်လင်။ အများဆုံးကတော့ ပန်ကွမ်ရွာသစ်ပေါ့။ ကြူရှောမြောက်ရွာစခန်းကတော့ ပန်ဆန်က ရွာတစ်ရွာ လုံးပဲ။”
လက်ရှိ ဒေသအတွင်းက ကိုဗစ်-၁၉ ရောဂါ မြှင့်တက်မှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ လက်နက်ကိုင်များ ကျေးရွာများထဲ ဆက်ပြီးရှိနေသေးသည့် အခြေအနေများကြောင့် စစ်ရှောင်များ လိုအပ်နေသည်များကို သွား ရောက်ကူညီရန် အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ကျောက်မဲမြို့က ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စုထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် (PSLF/ TNLA)ပူးပေါင်းတပ်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၁၀၀၀ ကျော်ခန့် ရှိသွားပြီဟု အကူအညီပေးနေသူများ၏ စာရင်းများအရသိရသည်။
ဓါတ်ပုံ – အိုမ်တမာဝ် လူမှုကူညီရေးအသင်း
*** ZAWGYI ***
ရွမ္းေျမာက္တိုက္ပြဲမ်ားေၾကာင့္ အရပ္သား ၃၀၀ ေက်ာ္ ထပ္မံ ထြက္ေျပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရ*က္။
SSPP/SSA၊ PSLF/TNLA ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ RCSS/SSA တို႔အၾကား ေက်ာက္မဲၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲမ်ား ျဖစ္ပြားသည့္အတြက္ ေဒသခံျပည္သူ ၃၀၀ ေက်ာ္ ထပ္မံစစ္ေဘးေရွာင္ေနၾကရၿပီး ၎တို႔အတြက္ ေဆးဝါး၊ မိုးကာႏွင့္ အိပ္စရာ အခင္းေတြ လိုအပ္ေနသည္ဟု စစ္ေရွာင္မ်ားကို အကူအညီေပးေနသူမ်ားက ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္ထဲတြင္ ဩဂုတ္လ ၁၁ ရက္ေန႔ကစ၍ ယေန႔အခ်ိန္ထိ တိုင္းရင္းသားလက္နက္ကိုင္ အခ်င္းခ်င္း ၾကားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားလာခဲ့သည့္အတြက္ အနီးအနားေက်း႐ြာမ်ားက ျပည္သူမ်ား စစ္ေဘးေရွာင္ေနၾက ရသည္ဟု အိုမ္တမာဝ္ လူမႈကူညီေရးအသင္း က တာဝန္ရွိသူ တစ္ဦး က ေျပာသည္။
“ပထမဦးဆုံးေျပးလာတာက ပန္ကြမ္ဘက္က ေျပးလာတယ္။ မေန႔ကအထိက Camp ထဲမွာ ရွိတာက ၃၀၀ ေလာက္အထိ ရွိတယ္။ တစ္ Camp တစ္ Camp ကို တစ္ရာ တစ္ရာနီးပါးေလာက္ရွိတာေပါ့ေနာ္။ ၿမိဳ႕ထဲမွာ အသိအိမ္ေတြ အမ်ိဳးအိမ္ေတြ အဲ့လိုအိမ္ငွားၿပီးေနတဲ့ဟာေတြ ငွားေနတဲ့ဟာေတြ အားလုံးေပါင္းက ၄၀၀ ေလာက္ရွိမယ္လို႔ ခန႔္မွန္းလို႔ရတယ္။”
စစ္ေရွာင္မ်ားထဲတြင္ အမ်ားစုမွာ သက္ႀကီး႐ြယ္အိုမ်ား၊ ကေလးငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ား ပါဝင္ သည္ဟု ေျပာသည္။ ထိုစစ္ေရွာင္မ်ားအတြက္ေဆးဝါး၊ အိပ္စရာအခင္းမ်ားႏွင့္ မိုးကာမ်ား အေရးေပၚ လိုအပ္ ေနသည္ဟု စစ္ေရွာင္ မ်ားကို ကူညီေနသူမ်ား က ေျပာသည္။
“အဓိက အခက္အခဲကေတာ့ စားေရးေသာက္ေရး၊ ဒီမိုးတြင္းျဖစ္ေနေတာ့ အခင္းေတြ သူတို႔အိပ္ေနရတဲ့ ေနရာ ကလည္း သမန္တလင္းေပၚမွာပဲ က်ေနာ္ေတြ႕လိုက္ရတယ္။ သမန္တလင္းေပၚမွာ ျဖစ္တဲ့အတြက္ အဓိက သက္ ႀကီး ပိုင္းေတြေပါ့။ အဓိက စစ္ေရွာင္တာက အသက္ႀကီးပိုင္းေတြပဲ ခပ္မ်ားမ်ားေပါ့ေနာ္ ဘိုးဘြားေတြ၊ ကေလး ေတြေပါ့ေနာ္၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ သူတို႔ကိုေတြ႕ရတယ္။ အဓိက ေစာင္ေတြ ျခင္ေထာင္ေတြ၊ အခင္းေတြ လို တာ ေတြ႕ရတယ္။ စားေသာက္ဖို႔ကေတာ့ အခုရက္ပိုင္းအတြင္းေတာ့ လႉတဲ့လူေတြရွိတယ္။ ရက္ၾကာလာရင္ေတာ့ ဘယ္လိုျဖစ္လာမဲမေျပာတတ္ဘူး” ဟု အိုမ္တမာဝ္ လူမႈကူညီေရးအသင္း က တာဝန္ရွိသူ တစ္ဦး က ေျပာ သည္။
ေက်ာက္မဲၿမိဳ႕နယ္၊ ပန္ကြမ္ေက်း႐ြာအုပ္စုထဲတြင္ ႏွစ္ဖက္ၾကား မၾကာခဏ တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အျပင္ စစ္ေရးတင္းမာမႈမ်ား ယေန႔အခ်ိန္ထိ ရွိေနေသးသည့္အတြက္ ေဒသခံ႐ြာသားအခ်ိဳ႕က ေက်ာက္မဲ ၿမိဳ႕ေပၚသို႔ တိမ္း ေရွာင္လာၾကရၿပီး အမ်ားစုက နီးစပ္ရာ ေက်း႐ြာမ်ားတြင္ ထြက္ေျပးေနၾကရသည္ဟု ေက်ာက္မဲၿမိဳ႕ စစ္ေရွာင္ မ်ား သြားေရာက္ကူညီေပးေနသူ တစ္ဦးက ေျပာသည္။
“ပထမဦးဆုံးသူတို႔က မိုင္းတင္းတစ္ေနရာ ရွိမယ္။ မိုင္းတင္းအုပ္စု နမ့္ေဆာ့မွာ တစ္ေနရာရွိမယ္။ ေနာက္တစ္ ေန ရာကေတာ့ ၾကဴေရွာေျမာက္႐ြာ။ ေျပးလာတဲ့႐ြာေတြကေတာ့ အဓိကေတာ့ ပန္ကြမ္႐ြာသစ္ေပါ့ေနာ္၊ ပန္ ျဖတ္ပါမယ္။ ပန္လင္။ အမ်ားဆုံးကေတာ့ ပန္ကြမ္႐ြာသစ္ေပါ့။ ၾကဴေရွာေျမာက္႐ြာစခန္းကေတာ့ ပန္ဆန္က ႐ြာတစ္႐ြာ လုံးပဲ။”
လက္ရွိ ေဒသအတြင္းက ကိုဗစ္-၁၉ ေရာဂါ ျမႇင့္တက္မႈ၊ လမ္းပန္းဆက္သြယ္ေရးအေျခအေန၊ လက္နက္ကိုင္မ်ား ေက်း႐ြာမ်ားထဲ ဆက္ၿပီးရွိေနေသးသည့္ အေျခအေနမ်ားေၾကာင့္ စစ္ေရွာင္မ်ား လိုအပ္ေနသည္မ်ားကို သြား ေရာက္ကူညီရန္ အခက္အခဲမ်ား ျဖစ္ေနရသည္ဟု စစ္ေရွာင္မ်ားကို အကူအညီေပးေနသည့္ ေက်ာက္မဲၿမိဳ႕က ပရဟိတအသင္းတာဝန္ရွိသူမ်ားက ေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ပန္ကြမ္ေက်း႐ြာအုပ္စုထဲတြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA)ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA)၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မ ေတာ္ (PSLF/ TNLA)ပူးေပါင္းတပ္တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနရသူ စုစုေပါင္း ၁၀၀၀ ေက်ာ္ခန႔္ ရွိသြားၿပီဟု အကူအညီေပးေနသူမ်ား၏ စာရင္းမ်ားအရသိရသည္။
ဓါတ္ပုံ – အိုမ္တမာဝ္ လူမႈကူညီေရးအသင္း