ဂန့်ဂေါတွင် စစ်ယာဉ်တန်း တိုက်ခိုက်မှုမှာ အမှန်ဖြစ်ကြောင်း YPDF နှင့် ဒေသခံများ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ အနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YPDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား နှစ်စီး မိုင်းထိပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်ထားသည်။
ဂန့်ဂေါမြို့ မြောက်ဘက် ဖိုးမော်ကြီးကွေ့အနီးတွင် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီးမိုင်းထိပြီး စစ်ကောင်စီဘက် ၂၀ ကျော် သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦး ရှိခဲ့ကြောင်း ထုတ်ပြန် ထားခြင်းဖြစ်သည်။
သို့သော်လည်း ဩဂုတ်လ ၁၉ ရက်က ဂန့်ဂေါ-ကလေးကားလမ်း အတိုင်းမောင်းလာသည့် စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ခန့် ကျဆုံး ဒဏ်ရာရသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ငြင်းဆိုထားသည်။
ဂန့်ဂေါမှ ကလေးဘက်သို့ ထွက်လာခဲ့သည့် စစ်ယာဉ်တန်း အစီး ၄၀ ဝန်းကျင်ရှိပြီး လမ်း တလျှောက်မှ ကျေးရွာများရှိ ပြည်သူများ၏ ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို လုယူကြသည့် သတင်းကြောင့် YPDF က မိုင်းထောင်ပြီး ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဂန့်ဂေါဒေသခံ အချို့ က ပြောသည်။
“ကျမတို့ ရွာတွေမှာ ပြေးရတာနှစ်ရက်ရှိပြီ။ မနေ့ကနဲ့ ဒီကနေ့ဆိုရင် ဆိုင်ကယ်အစီးရေ ၅၀ ကျော်ပါသွားတယ်။ ရွာထဲကိုဝင်ပြီး လိုတာကိုယူနေကြတာ ကားတွေနဲ့သယ်ယူနေကြတယ်။ သူတို့အတွက် ရွာတွေဘက်က ရိက္ခာ မရှားဘူး ဖြစ်နေတော့ လိုတာ အကုန်ယူတယ်” ဟု ဂန့်ဂေါမြို့က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာများကို စစ်ကောင်စီလက်နက်ကိုင်များက အရပ်ဝတ်များဖြင့် ဝင်ရောက်၍ အိမ်စီးကား များ၊ ဆိုင်ကယ်များဖြင့် ဇူလိုင်လ အတွင်းကစတင်၍ မကြာခဏ ရောက်ရှိလာကြပြီး ရိက္ခာနှင့် အသုံးအဆောင် များကို စစ်ကားများဖြင့် သယ်ယူလေ့ ရှိကြကြောင်း ဒေသခံများက ပြောသည်။
“ဆန် ဆီ ဆေး ဆား ဟင်းချိုပန်းကန် ဆိုင်ကယ်နဲ့ အဝတ်အထည်ငွေကြေး၊ ဖုန်းငွေဖြည့်ကဒ်နဲ့ စက်ပစ္စည်း သူတို့ လိုတာ အကုန်ယူတယ်။ ကြက်သတ် ဝက်သတ် နွားသတ် အကုန်လုပ်တယ်။ လူတွေကတော့ ရှောင်ကြရတယ်။ နေ့လည်ကတော့ ဆိုင်ကယ်တွေနဲ့ ဝင်လာလို့ ရွာထဲကိုရောက်မှ ထပြေးကြရတယ်” ဟု ဂန့်ဂေါမြို့ ဒေသခံအမျိုး သမီး က ဆက်ပြောသည်။
စစ်ကောင်စီကားများသည် ဂန့်ဂေါမြို့နယ်ထဲရှိ နှင်းခါးရွာတွင် ဝင်ရောက် တပ်စွဲထားပြီး ညနေပိုင်းတွင် နှင်းခါးရွာ အနီးတွင် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြော သည်။
နှင်းခါးရွာရှိ အိမ်များမှ ပစ္စည်းများကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကားများပေါ်သို့ တင်ဆောင် နေကြပြီး အခြားကျေးရွာများမှ ပျူစောထီးဆိုသူများကလည်း ဆိုင်ကယ် ၁၈ စီးဖြင့် နှင်းခါးရွာထဲတွင် စစ်တပ် နှင့် ပူးပေါင်းနေကြောင်း ဒေသခံများ က ပြောသည်။
ကလေး-ဂန့်ဂေါ ကားလမ်းဘေးရှိ ကျေးရွာအချို့မှ ပြည်သူများမှာ ကြောက်လန့်သဖြင့် တောထဲသို့ တိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ဆိုသည်။
ယင်းမာပင် မြို့နယ်က လမ်းပြုပြင်လုပ်သားများပါဝင်သည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းက ကားမိုင်းထိခြင်း ဖြစ်ကြောင်း စစ်ကောင်စီက မီဒီယာအချို့တွင် ပြောဆိုထားသည်။
*** ZAWGYI ***
ဂန႔္ေဂါတြင္ စစ္ယာဥ္တန္း တိုက္ခိုက္မႈမွာ အမွန္ျဖစ္ေၾကာင္း YPDF ႏွင့္ ေဒသခံမ်ား ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္။
မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕ အနီးတြင္ စစ္ေကာင္စီယာဥ္တန္းကို ေယာေဒသကာကြယ္ေရးတပ္ဖြဲ႕ YPDF က မိုင္းခြဲတိုက္ခိုက္ခဲ့ရာ စစ္ကား ႏွစ္စီး မိုင္းထိၿပီး စစ္ေကာင္စီဘက္က အေယာက္ ၂၀ ေက်ာ္ ေသဆုံးၿပီး ၁၀ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု YPDF က ထုတ္ျပန္ထားသည္။
ဂန႔္ေဂါၿမိဳ႕ ေျမာက္ဘက္ ဖိုးေမာ္ႀကီးေကြ႕အနီးတြင္ ၾသဂုတ္လ ၁၉ ရက္ေန႔ ညေန ၄ နာရီခြဲခန႔္က မိုင္းခြဲတိုက္ခိုက္ရာ စစ္ကား ၂ စီးမိုင္းထိၿပီး စစ္ေကာင္စီဘက္ ၂၀ ေက်ာ္ ေသဆုံးၿပီး၊ ထိခိုက္ဒဏ္ရာရရွိခဲ့သူ ၁၀ ဦး ရွိခဲ့ေၾကာင္း ထုတ္ျပန္ ထားျခင္းျဖစ္သည္။
သို႔ေသာ္လည္း ဩဂုတ္လ ၁၉ ရက္က ဂန႔္ေဂါ-ကေလးကားလမ္း အတိုင္းေမာင္းလာသည့္ စစ္တပ္ယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ ခံရၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေယာက္ ၃၀ခန႔္ က်ဆုံး ဒဏ္ရာရသည္ဆိုသည့္သတင္းမွာ သတင္းအမွားသာ ျဖစ္သည္ဟု စစ္ေကာင္စီဘက္က ျငင္းဆိုထားသည္။
ဂန႔္ေဂါမွ ကေလးဘက္သို႔ ထြက္လာခဲ့သည့္ စစ္ယာဥ္တန္း အစီး ၄၀ ဝန္းက်င္ရွိၿပီး လမ္း တေလွ်ာက္မွ ေက်း႐ြာမ်ားရွိ ျပည္သူမ်ား၏ ဆိုင္ကယ္ အစီးေရ ၅၀ ေက်ာ္ကို လုယူၾကသည့္ သတင္းေၾကာင့္ YPDF က မိုင္းေထာင္ၿပီး ၾကားျဖတ္တိုက္ခိုက္ျခင္း ျဖစ္သည္ဟု ဂန႔္ေဂါေဒသခံ အခ်ိဳ႕ က ေျပာသည္။
“က်မတို႔ ႐ြာေတြမွာ ေျပးရတာႏွစ္ရက္ရွိၿပီ။ မေန႔ကနဲ႔ ဒီကေန႔ဆိုရင္ ဆိုင္ကယ္အစီးေရ ၅၀ ေက်ာ္ပါသြားတယ္။ ႐ြာထဲကိုဝင္ၿပီး လိုတာကိုယူေနၾကတာ ကားေတြနဲ႔သယ္ယူေနၾကတယ္။ သူတို႔အတြက္ ႐ြာေတြဘက္က ရိကၡာ မရွားဘူး ျဖစ္ေနေတာ့ လိုတာ အကုန္ယူတယ္” ဟု ဂန႔္ေဂါၿမိဳ႕က ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ဂန႔္ေဂါၿမိဳ႕နယ္ထဲက ေက်း႐ြာမ်ားကို စစ္ေကာင္စီလက္နက္ကိုင္မ်ားက အရပ္ဝတ္မ်ားျဖင့္ ဝင္ေရာက္၍ အိမ္စီးကား မ်ား၊ ဆိုင္ကယ္မ်ားျဖင့္ ဇူလိုင္လ အတြင္းကစတင္၍ မၾကာခဏ ေရာက္ရွိလာၾကၿပီး ရိကၡာႏွင့္ အသုံးအေဆာင္ မ်ားကို စစ္ကားမ်ားျဖင့္ သယ္ယူေလ့ ရွိၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ဆန္ ဆီ ေဆး ဆား ဟင္းခ်ိဳပန္းကန္ ဆိုင္ကယ္နဲ႔ အဝတ္အထည္ေငြေၾကး၊ ဖုန္းေငြျဖည့္ကဒ္နဲ႔ စက္ပစၥည္း သူတို႔ လိုတာ အကုန္ယူတယ္။ ၾကက္သတ္ ဝက္သတ္ ႏြားသတ္ အကုန္လုပ္တယ္။ လူေတြကေတာ့ ေရွာင္ၾကရတယ္။ ေန႔လည္ကေတာ့ ဆိုင္ကယ္ေတြနဲ႔ ဝင္လာလို႔ ႐ြာထဲကိုေရာက္မွ ထေျပးၾကရတယ္” ဟု ဂန႔္ေဂါၿမိဳ႕ ေဒသခံအမ်ိဳး သမီး က ဆက္ေျပာသည္။
စစ္ေကာင္စီကားမ်ားသည္ ဂန႔္ေဂါၿမိဳ႕နယ္ထဲရွိ ႏွင္းခါး႐ြာတြင္ ဝင္ေရာက္ တပ္စြဲထားၿပီး ညေနပိုင္းတြင္ ႏွင္းခါး႐ြာ အနီးတြင္ တိုက္ပြဲထပ္ျဖစ္ခဲ့သည္ဟု ေျပာသည္။
အဆိုပါတိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။
ႏွင္းခါး႐ြာရွိ အိမ္မ်ားမွ ပစၥည္းမ်ားကို ဩဂုတ္လ ၁၉ ရက္ေန႔ နံနက္ပိုင္းတြင္ စစ္ကားမ်ားေပၚသို႔ တင္ေဆာင္ ေနၾကၿပီး အျခားေက်း႐ြာမ်ားမွ ပ်ဴေစာထီးဆိုသူမ်ားကလည္း ဆိုင္ကယ္ ၁၈ စီးျဖင့္ ႏွင္းခါး႐ြာထဲတြင္ စစ္တပ္ ႏွင့္ ပူးေပါင္းေနေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ကေလး-ဂန႔္ေဂါ ကားလမ္းေဘးရွိ ေက်း႐ြာအခ်ိဳ႕မွ ျပည္သူမ်ားမွာ ေၾကာက္လန႔္သျဖင့္ ေတာထဲသို႔ တိမ္းေရွာင္ ေနၾကရသည္ဟု ေဒသခံမ်ားက ဆိုသည္။
ယင္းမာပင္ ၿမိဳ႕နယ္က လမ္းျပဳျပင္လုပ္သားမ်ားပါဝင္သည့္ ေ႐ႊညီကို ကုန္တင္ယာဥ္လိုင္းက ကားမိုင္းထိျခင္း ျဖစ္ေၾကာင္း စစ္ေကာင္စီက မီဒီယာအခ်ိဳ႕တြင္ ေျပာဆိုထားသည္။