BGF စခန်းထိုင်နေသော စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNU သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA) က ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့သည်ဟု KNU သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

KNLA တပ်မဟာ ၆၊ တပ်ရင်း (၁၇) တပ်ခွဲ (၁) က ကြာအင်းဆိပ်ကြီးမြို့နယ်(နို့တကောမြို့နယ်)အတွင်းရှိ ခုတ်ခွား စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။

အမည်မဖော်လိုသူ တစ်ဦးက “အဲ့ဒီစခန်းကို တက်ရောက်သိမ်းဆည်းတဲ့အချိန်မှာတော့ BGF တပ်ဖွဲ့တွေက ပြန် မခုခံပဲ ဆုတ်ခွာသွားခဲ့တဲ့အတွက် KNLA တပ်ဖွဲ့တွေက ခုတ်ခွားစခန်းကို အလွယ်တကူ သိမ်းဆည်းရမိခဲ့တယ်” ဟု ပြောသည်။

အဆိုပါ ခုတ်ခွား စခန်းသည် စစ်ကောင်စီတပ်များ စခန်းထိုင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ထိုစခန်းမှ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထို့စစ်ကောင်စီတပ်များ စွန့်ခွာသွားခဲ့သည့် ခုတ်ခွား(ကာလိခီးစခန်း)ကို BGF တပ်ဖွဲ့ဝင်များကို စခန်းထိုင်စေခဲ့ခြင်း ဖြစ်ကြောင်း KNU ဒူးပလာယားခရိုင်၊ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ KNLA က ဝင်ရောက်သိမ်းယူစဉ် BGF တပ်ဖွဲ့များ စခန်းထိုင်နေချိန်ဖြစ်သည်။

ထိုအပြင် ကြားအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ ကြိတ်ရွာတွင်ရှိသည့် စခန်းတစ်ခုကိုလည်း BGF အနေ ဖြင့် စွန့်ခွာမသွားပဲ ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီက ညွန်ကြားထားသည်ဟု KNU ဒူးပလာယားခရိုင်၊ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

BGF နှင့် နီးစပ်သူတစ်ဦးက “အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင်က ကျိုက်ဒုံမြို့အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (၁၀၂၃) တပ်ရင်း ခေါင်း ဆောင် ဗိုလ်မှူးကြီးစောဒေါဒေါကို စစ်ရေးအသင့်ပြင်ဆင်ထားခိုင်းပြီး ကြိတ်စခန်းကနေ ဆုတ်ခွာမသွားဖို့ ပြန်တိုက်ဖို့ ပြောဆိုထားတယ်” ဟု ပြောသည်။

ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွှဲပိုင်းတွင် ကျိုက်ဒုံမြို့ ကြိတ်ရွာတွင်ရှိနေသည့် BGF နယ်ခြားစောင့်တပ်ဖွဲ့များ က သေနတ်ပစ်ဖေါက်ခဲ့ပြီး ပြည်သူများကို ခြောက်လှန့်မှုများ လုပ်ဆောင်နေသည်ဟု KNU ဒူးပလာယားခရိုင်၊ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“ဘယ်သူမှ တက်လာတာမရှိဘူး ရွာထဲမှာ သူတို့ကြီးပဲ သေနတ်ပစ်ဖောက်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိနေ သည်ဟု KNU က ထုတ်ပြန်ထားသည်။

ယနေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် အရပ်သားကား သုံးစီး၊ စစ်ကား တစ်စီး၊ အင်အား ၆၀ ခန့်ရှိသည့် ယာဉ် တန်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရာနီးဒေသသို့ မောင်းနှင်သွားလာနေပြီး အဆိုပါ စစ်ယာဉ်တန်းမလာ ရောက်မီက Drone ဖြင့် ကြိုတင်ထောက်လှမ်း မှုများ ရှိခဲ့သည်ဟု KNU ဒူးပလာယားခရိုင်၊ သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ- ဒူးပလာယားခရိုင် သတင်းနှင့်ပြန်ကြားရေးဌာန

*** ZAWGYI ***
BGF စခန္းထိုင္ေနေသာ စစ္ေကာင္စီ တပ္စခန္းတစ္ခုကို KNU သိမ္းပိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။

အာဏာသိမ္းစစ္ေကာင္စီ၏ တပ္စခန္းတစ္ခုကို ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္ (KNLA) က ဩဂုတ္လ ၂၆ ရက္ေန႔ နံနက္ပိုင္းတြင္ သိမ္းယူႏိုင္ခဲ့သည္ဟု KNU သတင္းႏွင့္ျပန္ၾကားေရးက ေျပာသည္။

KNLA တပ္မဟာ ၆၊ တပ္ရင္း (၁၇) တပ္ခြဲ (၁) က ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္(ႏို႔တေကာၿမိဳ႕နယ္)အတြင္းရွိ ခုတ္ခြား စစ္ေကာင္စီတပ္၏ ေျခကုတ္စခန္းကို သိမ္းဆည္းႏိုင္ခဲ့ျခင္း ျဖစ္သည္ဟု KNU က ယေန႔ ထုတ္ျပန္ထားသည္။

အမည္မေဖာ္လိုသူ တစ္ဦးက “အဲ့ဒီစခန္းကို တက္ေရာက္သိမ္းဆည္းတဲ့အခ်ိန္မွာေတာ့ BGF တပ္ဖြဲ႕ေတြက ျပန္ မခုခံပဲ ဆုတ္ခြာသြားခဲ့တဲ့အတြက္ KNLA တပ္ဖြဲ႕ေတြက ခုတ္ခြားစခန္းကို အလြယ္တကူ သိမ္းဆည္းရမိခဲ့တယ္” ဟု ေျပာသည္။

အဆိုပါ ခုတ္ခြား စခန္းသည္ စစ္ေကာင္စီတပ္မ်ား စခန္းထိုင္ေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းက ထိုစခန္းမွ ဆုတ္ခြာသြားခဲ့ျခင္း ျဖစ္သည္။

ထို႔စစ္ေကာင္စီတပ္မ်ား စြန႔္ခြာသြားခဲ့သည့္ ခုတ္ခြား(ကာလိခီးစခန္း)ကို BGF တပ္ဖြဲ႕ဝင္မ်ားကို စခန္းထိုင္ေစခဲ့ျခင္း ျဖစ္ေၾကာင္း KNU ဒူးပလာယားခ႐ိုင္၊ သတင္းႏွင့္ ျပန္ၾကားေရးဌာနက ထုတ္ျပန္ထားသည္။ ယေန႔ KNLA က ဝင္ေရာက္သိမ္းယူစဥ္ BGF တပ္ဖြဲ႕မ်ား စခန္းထိုင္ေနခ်ိန္ျဖစ္သည္။

ထိုအျပင္ ၾကားအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ က်ိဳက္ဒုံၿမိဳ႕နယ္ခြဲ၊ ႀကိတ္႐ြာတြင္ရွိသည့္ စခန္းတစ္ခုကိုလည္း BGF အေန ျဖင့္ စြန႔္ခြာမသြားပဲ ျပန္လည္တိုက္ခိုက္ရန္ စစ္ေကာင္စီက ၫြန္ၾကားထားသည္ဟု KNU ဒူးပလာယားခ႐ိုင္၊ သတင္းႏွင့္ ျပန္ၾကားေရးဌာနက ထုတ္ျပန္ထားသည္။

BGF ႏွင့္ နီးစပ္သူတစ္ဦးက “အာဏာသိမ္းအၾကမ္းဖက္ စစ္အုပ္စုရဲ႕ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ျဖစ္သူ ဗိုလ္ခ်ဳပ္ကိုကိုေမာင္က က်ိဳက္ဒုံၿမိဳ႕အေျခစိုက္ ကရင္နယ္ျခားေစာင့္တပ္ (၁၀၂၃) တပ္ရင္း ေခါင္း ေဆာင္ ဗိုလ္မႉးႀကီးေစာေဒါေဒါကို စစ္ေရးအသင့္ျပင္ဆင္ထားခိုင္းၿပီး ႀကိတ္စခန္းကေန ဆုတ္ခြာမသြားဖို႔ ျပန္တိုက္ဖို႔ ေျပာဆိုထားတယ္” ဟု ေျပာသည္။

ဩဂုတ္လ ၂၆ ရက္ေန႔ မြန္းလႊဲပိုင္းတြင္ က်ိဳက္ဒုံၿမိဳ႕ ႀကိတ္႐ြာတြင္ရွိေနသည့္ BGF နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား က ေသနတ္ပစ္ေဖါက္ခဲ့ၿပီး ျပည္သူမ်ားကို ေျခာက္လွန႔္မႈမ်ား လုပ္ေဆာင္ေနသည္ဟု KNU ဒူးပလာယားခ႐ိုင္၊ သတင္းႏွင့္ ျပန္ၾကားေရးဌာနက ထုတ္ျပန္ထားသည္။

“ဘယ္သူမွ တက္လာတာမရွိဘူး ႐ြာထဲမွာ သူတို႔ႀကီးပဲ ေသနတ္ပစ္ေဖာက္ေနၾကတာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္က ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္အတြင္း စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္လွ်က္ရွိေန သည္ဟု KNU က ထုတ္ျပန္ထားသည္။

ယေန႔၊ မြန္းလြဲ ၂ နာရီဝန္းက်င္ခန႔္တြင္ အရပ္သားကား သုံးစီး၊ စစ္ကား တစ္စီး၊ အင္အား ၆၀ ခန႔္ရွိသည့္ ယာဥ္ တန္းသည္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ကရာနီးေဒသသို႔ ေမာင္းႏွင္သြားလာေနၿပီး အဆိုပါ စစ္ယာဥ္တန္းမလာ ေရာက္မီက Drone ျဖင့္ ႀကိဳတင္ေထာက္လွမ္း မႈမ်ား ရွိခဲ့သည္ဟု KNU ဒူးပလာယားခ႐ိုင္၊ သတင္းႏွင့္ ျပန္ၾကားေရး ဌာနက ထုတ္ျပန္ထားသည္။

ဓါတ္ပုံ- ဒူးပလာယားခ႐ိုင္ သတင္းႏွင့္ျပန္ၾကားေရးဌာန