မင်္ဂလာတောင်ညွန့်တွင် ပစ်ခတ်မှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တွင် သြဂုတ်လ ၂၆ ရက်နေ့ (ယနေ့) ည ၈ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
မင်္ဂလာဈေးအနီးရှိ ရေတွင်းကုန်းရပ်ကွက်ရှိ အာဒါးလမ်းတွင် ညဈေးကဲ့သို့ ဈေးကလေးရှိပြီး ဈေးဆိုင်များပိတ်၊ ဈေးသည်များ ရုတ်ရုတ် သဲသဲ ဖြစ်ကာ လမ်းကြီးဘက်သို့ ထွက်ပြေးလာပြီးနောက် သေနတ်သံများ၊ ဗုံးပေါက်ကွဲသံများကြားရကြောင်း ၁၁၉ လမ်းတွင်နေထိုင်သူတစ်ဦး က ပြောသည်။
“ထုန်း ထုန်း ထုန်း ဆိုပြီး အသံအကျယ်ကြီး သုံးချက်ကြားလိုက်ရတယ်။ လမ်းမီးတွေကော အခန်းမီးတွေကော အကုန်ပိတ်သွားတာ။ အရင်ကဆို လင်းထိန်နေတာ လူတွေလဲရှင်း လုံးဝရှင်းသွားတယ်” ဟု ၁၁၉ လမ်းတွင် နေထိုင်သူ တစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ သုံးလေးဦးခန့် ပုံမှန်လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံးအနီးတွင် အသံဗုံးကွဲပြီးနောက် လိုက် လံ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၁၂၂ လမ်း တွင် နေထိုင်သူတစ်ဦး က အတည်ပြု ပြောသည်။
ညပိုင်းဗလီတွင် ဝတ်ပြုသူများထွက်လာချိန်တွင် ပစ်ခတ်ခတ်၊ သံပေါက်ကွဲသံများကြောင့် နီးစပ်ရာအိမ်များထဲသို့ ဝင်ပြေးကြရာမှ ဈေးသည်များလဲ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။
လုံခြုံရေး တင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ နောက်ပိုင်း ပေါက်ကွဲမှုများ၊ စစ်ကောင်စီတပ်ဖွဲ့များ၏ ညပိုင်းဖမ်းဆီးမှုများ ညစဉ်လိုလို ဖြစ်ပွားနေသည်ဟု မြို့ခံပြည်သူများက ပြောသည်။
*** ZAWGYI ***
မဂၤလာေတာင္ၫြန႔္တြင္ ပစ္ခတ္မႈျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၆ ရက္။
ရန္ကုန္တိုင္းေဒသႀကီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တြင္ ၾသဂုတ္လ ၂၆ ရက္ေန႔ (ယေန႔) ည ၈ နာရီဝန္းက်င္ခန႔္က ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မဂၤလာေဈးအနီးရွိ ေရတြင္းကုန္းရပ္ကြက္ရွိ အာဒါးလမ္းတြင္ ညေဈးကဲ့သို႔ ေဈးကေလးရွိၿပီး ေဈးဆိုင္မ်ားပိတ္၊ ေဈးသည္မ်ား ႐ုတ္႐ုတ္ သဲသဲ ျဖစ္ကာ လမ္းႀကီးဘက္သို႔ ထြက္ေျပးလာၿပီးေနာက္ ေသနတ္သံမ်ား၊ ဗုံးေပါက္ကြဲသံမ်ားၾကားရေၾကာင္း ၁၁၉ လမ္းတြင္ေနထိုင္သူတစ္ဦး က ေျပာသည္။
“ထုန္း ထုန္း ထုန္း ဆိုၿပီး အသံအက်ယ္ႀကီး သုံးခ်က္ၾကားလိုက္ရတယ္။ လမ္းမီးေတြေကာ အခန္းမီးေတြေကာ အကုန္ပိတ္သြားတာ။ အရင္ကဆို လင္းထိန္ေနတာ လူေတြလဲရွင္း လုံးဝရွင္းသြားတယ္” ဟု ၁၁၉ လမ္းတြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ သုံးေလးဦးခန႔္ ပုံမွန္လုံၿခဳံေရးယူထားသည့္ ရပ္ကြက္႐ုံးအနီးတြင္ အသံဗုံးကြဲၿပီးေနာက္ လိုက္ လံ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ၁၂၂ လမ္း တြင္ ေနထိုင္သူတစ္ဦး က အတည္ျပဳ ေျပာသည္။
ညပိုင္းဗလီတြင္ ဝတ္ျပဳသူမ်ားထြက္လာခ်ိန္တြင္ ပစ္ခတ္ခတ္၊ သံေပါက္ကြဲသံမ်ားေၾကာင့္ နီးစပ္ရာအိမ္မ်ားထဲသို႔ ဝင္ေျပးၾကရာမွ ေဈးသည္မ်ားလဲ ထြက္ေျပးၾကျခင္း ျဖစ္သည္ဟု ဆိုသည္။
လုံၿခဳံေရး တင္းၾကပ္ထားသည့္ ရန္ကုန္ၿမိဳ႕တြင္ ရွစ္ေလးလုံးႏွစ္ပတ္လည္ေန႔ ေနာက္ပိုင္း ေပါက္ကြဲမႈမ်ား၊ စစ္ေကာင္စီတပ္ဖြဲ႕မ်ား၏ ညပိုင္းဖမ္းဆီးမႈမ်ား ညစဥ္လိုလို ျဖစ္ပြားေနသည္ဟု ၿမိဳ႕ခံျပည္သူမ်ားက ေျပာသည္။