ဝိုင်းမော်တွင် စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေနတ်ကျည် ထိမှန်ပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည် ထိမှန်ပြီး ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာက ဒေသခံတစ်ဦး သေဆုံးသွားသည်ဟု ရပ်မိရပ်ဖတစ်ဦး က ပြောသည်။

“သေသွားတဲ့လူက မဒိန်ရွာကပဲလေ။ အလောင်းက ဆေးရုံမှာလို့ ပြောတယ်။ ခေါဇုန်းဟုတ်တယ်။ ဝိုင်းမော်၊ ခါ ဒိုင်၊ ဗေသေလ၊ မဒိန်၊ ခကွမ်၊ နောင်းချိန်းဘက်မှာ အလုပ်လုပ်သွားတဲ့လမ်းမှာ ၅၈ တပ်ရင်းဘေးကနေ ဖြတ် သွားရင်း အဲ့ဒီမှာ ည တောင်ယာက ပြန်လာတဲ့အချိန်မှ ပစ်ခံလိုက်ရတာလို့ ပြောတယ်။ သိတာတောင်မှ ဒီနေ့မှ သိတာ။ မနေ့ညကတော့ လက်နက်ကြီးသံမကြားရဘူး၊ သေနတ်ပဲကြားတာဆိုတော့ သေနတ်မှန်တာပဲ ဖြစ်မှာပါ” ဟု ပြောသည်။

သေဆုံးသူ ဦးခေါဇုန်း၏ သားကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကျနော်တို့ ညီအစ်ကို (၄) ယောက် ဖြစ်တဲ့ လုံဘန်တိန့်ဘောမ်၊ လုံဘန်တိန့်ဆောင်၊ လုံဘန်ဇုန်းခေါ၊ လုံဘန်ဇုန်းဒိန့်တို့ရဲ့ ဖခင် ဦးလုံဘန်ခေါဇုန်း (ကွယ်လွန်) မနေ့ညနေ မဒိန်ကျေးရွာအထွက် လယ်ကွင်းသို့သွားရင်း သေနတ်ထိမှန်သေဆုံးသွားပါသည်။ မနက်ဖြန် အသုဘချမည် ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

ထို့အပြင် ယနေ့ မွန်းလွဲ ၁ နာရီခန့်ကစတင်ပြီး ကျေးရွာများထဲ ခလရ ၅၈ တပ်ရင်းက လက်နက်ကြီး လက်နက် ငယ်များ ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ဦးယိန်းဘောမ်၏ နေအိမ်အတွင်း လက်နက်ကြီးကျည်ကျခဲ့ရာ နေအိမ်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဘုရားကျောင်းဝန်းအတွင်းနှင့် အခြားသော နေအိမ်အချို့ပေါ်လည်း လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲခဲ့သည်ဟု မဒိန်ကျေးရွာက ဒေသခံများက အတည်ပြုပြောသည်။

“ဒီနေ့နေ့လည်ကတည်းကနေ ပစ်နေတာ။ အခု ညနေမှာ အသံနည်းနည်းတိတ်တာနဲ့ ရွာသားတွေက ရွာမှာမနေ ရဲတော့ဘူး။ အကုန်လုံးနီးပါးက ဝိုင်းမော်ဘက်ကို ထွက်ပြေးလာကြပြီ။ ကိုယ်သိတဲ့အိမ်တွေမှာ ကိုယ့်နည်းကိုယ် ဟန်နဲ့ ထွက်ပြေးလာနေကြတာပါ။ ဖမ်းသွားတာလည်း ရှိတယ်ဆိုတာဟုတ်ပါတယ်။ စစ်တပ်ဂိတ်နားက အိမ်က အသက် ၂၀ အရွယ် တစ်ယောက်ပါသွားတယ်။ တခြားလည်းပါသေးတယ်ပြောတယ်။ အားလုံးထွက်ပြေး နေရ တော့ ဘယ်နှစ်ယောက်ဖမ်းခံရလည်းဆိုတာ အတိအကျ မသိရသေးဘူး” ဟု မဒိန်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအပြီး ကျေးရွာထဲက လူငယ်တစ်ဦးထက်မနည်း ဖမ်းဆီးခံရမှုလည်း ရှိနေ သော်လည်း မည်မျှဖမ်းဆီးခံထားရသည်ကို အတိအကျမသိရသေးဘူးဟု ဒေသခံများက ပြောသည်။ လူငယ်များ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် သီးခြားအတည်ပြုချက် မရရှိ သေးပေ။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေကလည်း ဝိုင်းမော်စျေးမှ ပြန်လာသည့် ဝူယန်ငေါ့ချန်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဒေါ်ဆောင်ပြုံး သည် ခလရ ၅၈ တပ်ရင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ သည်။

ဝိုင်းမော်မြို့နယ်အတွင်းက မဒိန်၊ လဘန်ကျေးရွာများအပြင် အခြားသော ကျေးရွာများထဲ ယခုရက်ပိုင်း ခလရ ၅၈ တပ်ရင်းက တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိပဲ ညတိုင်းနီးပါး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခန ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ဝိုင္းေမာ္တြင္ စစ္ေကာင္စီ တပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္ အရပ္သား တစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္မွ ပစ္ခတ္မႈေၾကာင့္ ေဒသခံတစ္ဦး ေသနတ္က်ည္ ထိမွန္ၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဩဂုတ္လ ၂၇ ရက္ေန႔ ညပိုင္းက ပစ္ခတ္လိုက္သည့္ ေသနတ္က်ည္ ထိမွန္ၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္ မဒိန္ေက်း႐ြာက ေဒသခံတစ္ဦး ေသဆုံးသြားသည္ဟု ရပ္မိရပ္ဖတစ္ဦး က ေျပာသည္။

“ေသသြားတဲ့လူက မဒိန္႐ြာကပဲေလ။ အေလာင္းက ေဆး႐ုံမွာလို႔ ေျပာတယ္။ ေခါဇုန္းဟုတ္တယ္။ ဝိုင္းေမာ္၊ ခါ ဒိုင္၊ ေဗေသလ၊ မဒိန္၊ ခကြမ္၊ ေနာင္းခ်ိန္းဘက္မွာ အလုပ္လုပ္သြားတဲ့လမ္းမွာ ၅၈ တပ္ရင္းေဘးကေန ျဖတ္ သြားရင္း အဲ့ဒီမွာ ည ေတာင္ယာက ျပန္လာတဲ့အခ်ိန္မွ ပစ္ခံလိုက္ရတာလို႔ ေျပာတယ္။ သိတာေတာင္မွ ဒီေန႔မွ သိတာ။ မေန႔ညကေတာ့ လက္နက္ႀကီးသံမၾကားရဘူး၊ ေသနတ္ပဲၾကားတာဆိုေတာ့ ေသနတ္မွန္တာပဲ ျဖစ္မွာ ပါ” ဟု ေျပာသည္။

ေသဆုံးသူ ဦးေခါဇုန္း၏ သားကလည္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ “က်ေနာ္တို႔ ညီအစ္ကို (၄) ေယာက္ ျဖစ္တဲ့ လုံဘန္တိန္႔ေဘာမ္၊ လုံဘန္တိန္႔ေဆာင္၊ လုံဘန္ဇုန္းေခါ၊ လုံဘန္ဇုန္းဒိန္႔တို႔ရဲ႕ ဖခင္ ဦးလုံဘန္ေခါဇုန္း (ကြယ္လြန္) မေန႔ညေန မဒိန္ေက်း႐ြာအထြက္ လယ္ကြင္းသို႔သြားရင္း ေသနတ္ထိမွန္ေသဆုံးသြားပါသည္။ မနက္ျဖန္ အသုဘခ်မည္ ျဖစ္ပါတယ္” ဟု ေရးသားထားသည္။

ထို႔အျပင္ ယေန႔ မြန္းလြဲ ၁ နာရီခန႔္ကစတင္ၿပီး ေက်း႐ြာမ်ားထဲ ခလရ ၅၈ တပ္ရင္းက လက္နက္ႀကီး လက္နက္ ငယ္မ်ား ဆက္တိုက္ပစ္ခတ္ေနသည့္အတြက္ ဦးယိန္းေဘာမ္၏ ေနအိမ္အတြင္း လက္နက္ႀကီးက်ည္က်ခဲ့ရာ ေနအိမ္ပ်က္စီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ ဘုရားေက်ာင္းဝန္းအတြင္းႏွင့္ အျခားေသာ ေနအိမ္အခ်ိဳ႕ေပၚလည္း လက္နက္ႀကီးက်ည္မ်ား က် ေရာက္ေပါက္ကြဲခဲ့သည္ဟု မဒိန္ေက်း႐ြာက ေဒသခံမ်ားက အတည္ျပဳေျပာသည္။

“ဒီေန႔ေန႔လည္ကတည္းကေန ပစ္ေနတာ။ အခု ညေနမွာ အသံနည္းနည္းတိတ္တာနဲ႔ ႐ြာသားေတြက ႐ြာမွာမေန ရဲေတာ့ဘူး။ အကုန္လုံးနီးပါးက ဝိုင္းေမာ္ဘက္ကို ထြက္ေျပးလာၾကၿပီ။ ကိုယ္သိတဲ့အိမ္ေတြမွာ ကိုယ့္နည္းကိုယ္ ဟန္နဲ႔ ထြက္ေျပးလာေနၾကတာပါ။ ဖမ္းသြားတာလည္း ရွိတယ္ဆိုတာဟုတ္ပါတယ္။ စစ္တပ္ဂိတ္နားက အိမ္က အသက္ ၂၀ အ႐ြယ္ တစ္ေယာက္ပါသြားတယ္။ တျခားလည္းပါေသးတယ္ေျပာတယ္။ အားလုံးထြက္ေျပး ေနရ ေတာ့ ဘယ္ႏွစ္ေယာက္ဖမ္းခံရလည္းဆိုတာ အတိအက် မသိရေသးဘူး” ဟု မဒိန္ေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။

ယေန႔ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈမ်ားအၿပီး ေက်း႐ြာထဲက လူငယ္တစ္ဦးထက္မနည္း ဖမ္းဆီးခံရမႈလည္း ရွိေန ေသာ္လည္း မည္မွ်ဖမ္းဆီးခံထားရသည္ကို အတိအက်မသိရေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။ လူငယ္မ်ား ဖမ္းဆီးခံရမႈႏွင့္ ပတ္သက္၍ သတင္းႏွင့္ မီဒီယာကြန္ရက္ အေနျဖင့္ သီးျခားအတည္ျပဳခ်က္ မရရွိ ေသးေပ။

ဩဂုတ္လ ၁၃ ရက္ေန႔ ညေနကလည္း ဝိုင္းေမာ္ေစ်းမွ ျပန္လာသည့္ ဝူယန္ေငါ့ခ်န္းရပ္ကြက္က အသက္ ၃၃ ႏွစ္အ႐ြယ္ ေဒၚေဆာင္ၿပဳံး သည္ ခလရ ၅၈ တပ္ရင္းက ပစ္ခတ္လိုက္သည့္ ေသနတ္က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ သည္။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက မဒိန္၊ လဘန္ေက်း႐ြာမ်ားအျပင္ အျခားေသာ ေက်း႐ြာမ်ားထဲ ယခုရက္ပိုင္း ခလရ ၅၈ တပ္ရင္းက တိုက္ပြဲတစ္စုံတစ္ရာ ျဖစ္ပြားျခင္းမရွိပဲ ညတိုင္းနီးပါး လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ မၾကာခန ပစ္ခတ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။