အိမ်အရောက် ပို့ဆောင်သူများအား သတိထားရန် ပြည်ထဲရေး ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

တပ်မ ၈၈ က ဗိုလ်ကြီးတစ်ဦး၏ ယောက္ခမဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် မှာကြားထားခြင်း မရှိသော Delivery သမားများနှင့် တွေ့ဆုံခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားစာ သြဂုတ်လ ၂၈ ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ပေါက်ကြားလာခဲ့သည်။

ဒဂုံဆိပ်ကမ်းက ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်စေရန် ညွှန်ကြားလာခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး က ယင်းစာနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းနေ ထိုင်သည့် တပ်မ ၈၈ က ဗိုလ်ကြီးတစ်ဦး၏ ယောက္ခမကို Delivery သမားဟန်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်း က ရှင်းပြ သည်။

ယခုစာကြောင့် Delivery ပို့သည့်သူများ ပိုသတိထားသင့်ပြီး လိုက်ပို့သူ အများစုမှာ ဆယ်ကျော်သက် လူငယ် အများစုပါဝင်၍ စိုးရိမ်မိကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး က ပြောသည်။

“deli ပို့တဲ့သူတွေ အတွက်တော့ စိုးရိမ်တယ်။ သူတို့က မထင်ရင် မထင်သလို စစ်တာ။ မဟုတ်ဘဲနဲ့ ဖမ်းတာ ဆီးတာခံရမှာစိုးတယ်” ဟု ၎င်းအမျိုးသမီး က ပြောသည်။

ယင်းစာထဲတွင် ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ မိသားစုများ အနေဖြင့် Online Shop မှ ပစ္စည်းနှင့် အစားအသောက်များ မှာယူခြင်း မရှိရန်၊ Delivery သမားများက လာရောက်ပို့ဆောင်မည်ဟု ဆက်သွယ်လာပါကလည်း သတိထား ကြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ထိုသို့ ဆက်သွယ်လာပါက အိမ်လိပ်စာပေးခြင်း၊ နေအိမ်ရှေ့ ပစ္စည်းများ ထွက်ယူခြင်း၊ Delivery သမားများ ချိန်း သည့် နေရာများသို့ သွားရောက်ခြင်းများ မပြုလုပ်ကြရန်ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။

*** ZAWGYI ***
အိမ္အေရာက္ ပို႔ေဆာင္သူမ်ားအား သတိထားရန္ ျပည္ထဲေရး ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၂၈ ရက္။

တပ္မ ၈၈ က ဗိုလ္ႀကီးတစ္ဦး၏ ေယာကၡမျဖစ္သူ ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီးေနာက္ မွာၾကားထားျခင္း မရွိေသာ Delivery သမားမ်ားႏွင့္ ေတြ႕ဆုံျခင္း မျပဳရန္ ျပည္ထဲေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားစာ ၾသဂုတ္လ ၂၈ ရက္တြင္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚသို႔ ေပါက္ၾကားလာခဲ့သည္။

ဒဂုံဆိပ္ကမ္းက ျဖစ္စဥ္မ်ိဳး ထပ္မံ မျဖစ္ေစရန္ ၫႊန္ၾကားလာျခင္း ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအတြင္း လက္ရွိ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး က ယင္းစာႏွင့္ ပတ္သက္၍ အတည္ျပဳ ေျပာဆိုသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၉ ရက္က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္းေန ထိုင္သည့္ တပ္မ ၈၈ က ဗိုလ္ႀကီးတစ္ဦး၏ ေယာကၡမကို Delivery သမားဟန္ေဆာင္ကာ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ၎ က ရွင္းျပ သည္။

ယခုစာေၾကာင့္ Delivery ပို႔သည့္သူမ်ား ပိုသတိထားသင့္ၿပီး လိုက္ပို႔သူ အမ်ားစုမွာ ဆယ္ေက်ာ္သက္ လူငယ္ အမ်ားစုပါဝင္၍ စိုးရိမ္မိေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

“deli ပို႔တဲ့သူေတြ အတြက္ေတာ့ စိုးရိမ္တယ္။ သူတို႔က မထင္ရင္ မထင္သလို စစ္တာ။ မဟုတ္ဘဲနဲ႔ ဖမ္းတာ ဆီးတာခံရမွာစိုးတယ္” ဟု ၎အမ်ိဳးသမီး က ေျပာသည္။

ယင္းစာထဲတြင္ ရဲတပ္ဖြဲ႕ႏွင့္ ၎တို႔၏ မိသားစုမ်ား အေနျဖင့္ Online Shop မွ ပစၥည္းႏွင့္ အစားအေသာက္မ်ား မွာယူျခင္း မရွိရန္၊ Delivery သမားမ်ားက လာေရာက္ပို႔ေဆာင္မည္ဟု ဆက္သြယ္လာပါကလည္း သတိထား ၾကရန္ ၫႊန္ၾကားထားျခင္း ျဖစ္သည္။

ထိုသို႔ ဆက္သြယ္လာပါက အိမ္လိပ္စာေပးျခင္း၊ ေနအိမ္ေရွ႕ ပစၥည္းမ်ား ထြက္ယူျခင္း၊ Delivery သမားမ်ား ခ်ိန္း သည့္ ေနရာမ်ားသို႔ သြားေရာက္ျခင္းမ်ား မျပဳလုပ္ၾကရန္ကိုလည္း ထည့္သြင္းေဖာ္ျပ ထားသည္။