ဖျာပုံရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လက်နက်ဆောင်ထားရန် ခရိုင်စစ်ကောင်စီ ညွှန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ရှိ ရပ်ကွက် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လေးခွ၊ ဓါးမြှောင်စသည့် လက်နက် များ ကိုယ်နှင့်မကွာ ကိုင်ဆောင်ထားကြရန် ဖျာပုံခရိုင် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။
ယင်းခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ် နှင့် ဒေးဒရဲ မြို့နယ်တို့ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အား လုံခြုံရေး အထူး ဂရုပြုသွားလာနေထိုင်ကြရန်နှင့် ပြန်လည်ခုခံရန် လေးခွ၊ ဓားမြောင်တို့ကို ကိုင်ဆောင်ထား ကြ ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်မှူး အချို့က ပြောသည်။
“ဘိုကလေးမြို့နယ်ထဲက ရပ်ကျေးအုပ်ကြီး တစ်ယောက်ကို PDF က ခြိမ်းခြောက် စာပို့ခံရပြီး နောက်တစ်ရက် မှာ အုပ်ကြီးတွေကို သတိရှိဖို့ လက်နက် ဆောင်ထားဖို့ ညွှန်ကြားတာပါ” ဟု ဖျာပုံမြို့ အမှတ် ၁ ရပ်ကွက်အုပ် ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အတွင်းရှိကျေးရွာ ၂ ရွာ က စစ်ကောင်စီ တပ်ဖွဲ့များထံ သတင်း ပေးသည် ဟု ဆိုကာ သတင်းပေး (ဒလန်) ၂ ဦး ကို ဖျာပုံ PDF လူငယ်အဖွဲ့ က သတိပေးစာ ပေးပိုခဲ့သည့် သတင်း နှင့် ပတ်သက်၍ မေးမြန်းစဉ် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ (PDF) က ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျည်ဆံတစ်တောင့်နှင့် သတိပေးစာကို သြဂုတ်လ ၂၀ ရက်နေ့ က ပေးပို့ခဲ့သည်။
“PDF တွေ ကို စုံစမ်းပေးဖို့နဲ့ NLD စည်းရုံးရေးမှူး အမည်စာရင်းတွေ ပြုစုပေးဖို့ တောခို စစ်သင်တန်းတက်တွေ ပြန်လာတာ စောင့်ကြည့် သတင်းပေးဖို့ ညွှန်ကြားတာတော့ ရှိတယ်” ဟု ပုသိမ်မြို့ ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းတွင် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) က မြို့များရှိ စစ်ကောင်စီ သတင်းပေး (ဒလန်) စာရင်းများကို ထုတ်ပြန်လျှက်ရှိပြီး အချို့ဒေသများရှိ ဒလန် ဟု အမည်ထွက်သူ အချို့ကို လည်း ဒေသခံ PDF များက သတိပေးစာများ ပေးပို့နေကြောင်း စစ်ကောင်စီ ၏ ရပ်/ကျေး အုပ်ချုပ်ရေး အသိုင်းအဝန်း မှ သိရသည်။
ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နယ် ထန်းဇင်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ သြဂုတ်လ ၁၉ရက်နေ့က ကျည်ဆံ တစ်တောင့်နှင့် သတိပေး စာပေးပို့ခံခဲ့ရပြီး အသုတ်မြို့မှ ဒလန် အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမား ၂ ဦးက သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
*** ZAWGYI ***
ဖ်ာပုံရွိ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား လက္နက္ေဆာင္ထားရန္ ခ႐ိုင္စစ္ေကာင္စီ ၫႊန္ၾကား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၀ ရက္။
ဧရာဝတီတိုင္း၊ ဖ်ာပုံခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ရွိ ရပ္ကြက္ ႏွင့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ေလးခြ၊ ဓါးေျမႇာင္စသည့္ လက္နက္ မ်ား ကိုယ္ႏွင့္မကြာ ကိုင္ေဆာင္ထားၾကရန္ ဖ်ာပုံခ႐ိုင္ စစ္ေကာင္စီက ၫႊန္ၾကားထားေၾကာင္း စုံစမ္း သိရသည္။
ယင္းခ႐ိုင္အတြင္းရွိ ဖ်ာပုံ၊ ဘိုကေလး၊ က်ိဳက္လတ္ ႏွင့္ ေဒးဒရဲ ၿမိဳ႕နယ္တို႔ရွိ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား အား လုံၿခဳံေရး အထူး ဂ႐ုျပဳသြားလာေနထိုင္ၾကရန္ႏွင့္ ျပန္လည္ခုခံရန္ ေလးခြ၊ ဓားေျမာင္တို႔ကို ကိုင္ေဆာင္ထား ၾက ရန္ ၫႊန္ၾကားထားျခင္းျဖစ္ေၾကာင္း ေဒသခံ အုပ္ခ်ဳပ္မႉး အခ်ိဳ႕က ေျပာသည္။
“ဘိုကေလးၿမိဳ႕နယ္ထဲက ရပ္ေက်းအုပ္ႀကီး တစ္ေယာက္ကို PDF က ၿခိမ္းေျခာက္ စာပို႔ခံရၿပီး ေနာက္တစ္ရက္ မွာ အုပ္ႀကီးေတြကို သတိရွိဖို႔ လက္နက္ ေဆာင္ထားဖို႔ ၫႊန္ၾကားတာပါ” ဟု ဖ်ာပုံၿမိဳ႕ အမွတ္ ၁ ရပ္ကြက္အုပ္ ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။
ယခုရက္ပိုင္းအတြင္း ဧရာဝတီတိုင္း ဖ်ာပုံၿမိဳ႕နယ္ အတြင္းရွိေက်း႐ြာ ၂ ႐ြာ က စစ္ေကာင္စီ တပ္ဖြဲ႕မ်ားထံ သတင္း ေပးသည္ ဟု ဆိုကာ သတင္းေပး (ဒလန္) ၂ ဦး ကို ဖ်ာပုံ PDF လူငယ္အဖြဲ႕ က သတိေပးစာ ေပးပိုခဲ့သည့္ သတင္း ႏွင့္ ပတ္သက္၍ ေမးျမန္းစဥ္ အထက္ပါ အတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ဘိုကေလးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရတပ္ဖြဲ႕ (PDF) က ဘိုကေလးၿမိဳ႕နယ္၊ ပတၱျမားကုန္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးအား က်ည္ဆံတစ္ေတာင့္ႏွင့္ သတိေပးစာကို ၾသဂုတ္လ ၂၀ ရက္ေန႔ က ေပးပို႔ခဲ့သည္။
“PDF ေတြ ကို စုံစမ္းေပးဖို႔နဲ႔ NLD စည္း႐ုံးေရးမႉး အမည္စာရင္းေတြ ျပဳစုေပးဖို႔ ေတာခို စစ္သင္တန္းတက္ေတြ ျပန္လာတာ ေစာင့္ၾကည့္ သတင္းေပးဖို႔ ၫႊန္ၾကားတာေတာ့ ရွိတယ္” ဟု ပုသိမ္ၿမိဳ႕ ရွိ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး တစ္ဦး က ေျပာသည္။
ဧရာဝတီတိုင္းတြင္ ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရးတပ္ေပါင္းစု (DGWCF) က ၿမိဳ႕မ်ားရွိ စစ္ေကာင္စီ သတင္းေပး (ဒလန္) စာရင္းမ်ားကို ထုတ္ျပန္လွ်က္ရွိၿပီး အခ်ိဳ႕ေဒသမ်ားရွိ ဒလန္ ဟု အမည္ထြက္သူ အခ်ိဳ႕ကို လည္း ေဒသခံ PDF မ်ားက သတိေပးစာမ်ား ေပးပို႔ေနေၾကာင္း စစ္ေကာင္စီ ၏ ရပ္/ေက်း အုပ္ခ်ဳပ္ေရး အသိုင္းအဝန္း မွ သိရသည္။
ဧရာဝတီတိုင္းရွိ သာေပါင္းၿမိဳ႕နယ္ ထန္းဇင္လွ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ထံသို႔ ၾသဂုတ္လ ၁၉ရက္ေန႔က က်ည္ဆံ တစ္ေတာင့္ႏွင့္ သတိေပး စာေပးပို႔ခံခဲ့ရၿပီး အသုတ္ၿမိဳ႕မွ ဒလန္ အမ်ိဳးသားတစ္ဦးကို အမည္မသိေသနတ္သမား ၂ ဦးက ၾသဂုတ္လ ၁၈ ရက္ေန႔ နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခဲ့သည္။