ရန်ကုန်တွင် ဗုံးများ ကွဲပြီးနောက် စစ်ဆေးမှု တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
ရန်ကုန်မြို့ရှိ အချက်အချာကျသည့် နေရာများတွင် သြဂုတ်လ ၃၀ ရက် မနက်ပိုင်းမှ စတင်ကာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၊ လှည်းတန်းခုံး တံတားအောက်လမ်းဆုံတွင် ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ကစတင်ကာ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် တောင် ဥက္ကလာပ မြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မှော်ဘီမြို့တွင်လည်း နေ့လည်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုတွင် အသက် ၁၃ နှစ်အရွယ် အမှိုက် ကောက်သည့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရှိသွားခဲ့ကြောင်း မှော်ဘီဈေး အနီးတွင် နေထိုင်သူတစ်ဦး က အတည်ပြု ပြောသည်။
ပေါက်ကွဲမှုများဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် တင်းတင်းကြပ် ကြပ်စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ညနေပိုင်းအထိ ဗုံးပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။
“ကားတိုင်းတော့ မစစ်ဘူး။ အိမ်စီးကားတွေ ပိုစစ်တယ်။ နောက်ပြီး လူငယ်တွေမောင်းလာတဲ့ ကားတွေဆို စစ် တယ်။ တက္ကစီတွေလည်း သူတို့ မသင်္ကာရင် တားစစ်တယ်” ဟု တောင်ဒဂုံမြို့နယ်အတွင်း က အငှားယာဉ်မောင်း တစ်ဦး က ပြောသည်။
နာနတ်တောလမ်း၊ ဟံသာဝတီလမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းတို့ အပြင် လှိုင်သာယာမြို့နယ် အဝင်အထွက် တံတားများ၊ ရွှေပြည်သာမြို့နယ်နှင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် မြို့နယ်များတွင် လမ်းသွားလမ်းလာ မော်တော်ယာဉ် များအား တားဆီး စစ်ဆေးလျက်ရှိကြောင်း အငှားယာဉ်မောင်းများအချို့၏ ပြောပြချက်အရ သိရသည်။
“ကျနော်တို့ တောင်ဒဂုံက တချို့ရပ်ကွက်တွေမှာ မနက် ၆ ည ၆ အပြင်မထွက်ရ အမိန့်ကို လိုက်ကြေညာတယ် ကြားတယ်။ ကျနော်တို့ဘက်တော့ မလာသေးဘူး။ မောင်းမကန် လမ်းပေါ်မှာတော့ ဗုံးပေါက်လို့ စစ်နေကြ တယ်” ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထို့သို့နေရာ အနှံ့စစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားကပင် တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းနှင့် စမ်းချောင်း မြို့နယ် ဂွဈေးအနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သည်။
*** ZAWGYI ***
ရန္ကုန္တြင္ ဗုံးမ်ား ကြဲၿပီးေနာက္ စစ္ေဆးမႈ တင္းၾကပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။
ရန္ကုန္ၿမိဳ႕ရွိ အခ်က္အခ်ာက်သည့္ ေနရာမ်ားတြင္ ၾသဂုတ္လ ၃၀ ရက္ မနက္ပိုင္းမွ စတင္ကာ ဗုံးေပါက္ကြဲမႈ ၁၀ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ လွည္းတန္းခုံး တံတားေအာက္လမ္းဆုံတြင္ ဩဂုတ္လ ၃၀ ရက္ေန႔၊ နံနက္ ၅ နာရီ အခ်ိန္ကစတင္ကာ ဗုံးေပါက္ကြဲမႈ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အင္းစိန္ၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ႏွင့္ ေတာင္ ဥကၠလာပ ၿမိဳ႕နယ္တို႔တြင္ ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ေမွာ္ဘီၿမိဳ႕တြင္လည္း ေန႔လည္ပိုင္းက ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ထိုေပါက္ကြဲမႈတြင္ အသက္ ၁၃ ႏွစ္အ႐ြယ္ အမႈိက္ ေကာက္သည့္ လူငယ္တစ္ဦး ထိခိုက္ဒဏ္ရာရွိသြားခဲ့ေၾကာင္း ေမွာ္ဘီေဈး အနီးတြင္ ေနထိုင္သူတစ္ဦး က အတည္ျပဳ ေျပာသည္။
ေပါက္ကြဲမႈမ်ားျဖစ္ပြားေနသျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔အျပားတြင္ တင္းတင္းၾကပ္ ၾကပ္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေသာ္လည္း ညေနပိုင္းအထိ ဗုံးေပါက္ကြဲမႈမ်ား ဆက္လက္ ျဖစ္ပြားေနခဲ့သည္။
“ကားတိုင္းေတာ့ မစစ္ဘူး။ အိမ္စီးကားေတြ ပိုစစ္တယ္။ ေနာက္ၿပီး လူငယ္ေတြေမာင္းလာတဲ့ ကားေတြဆို စစ္ တယ္။ တကၠစီေတြလည္း သူတို႔ မသကၤာရင္ တားစစ္တယ္” ဟု ေတာင္ဒဂုံၿမိဳ႕နယ္အတြင္း က အငွားယာဥ္ေမာင္း တစ္ဦး က ေျပာသည္။
နာနတ္ေတာလမ္း၊ ဟံသာဝတီလမ္း၊ ဗဟိုလမ္း၊ ဘုရင့္ေနာင္လမ္းတို႔ အျပင္ လႈိင္သာယာၿမိဳ႕နယ္ အဝင္အထြက္ တံတားမ်ား၊ ေ႐ႊျပည္သာၿမိဳ႕နယ္ႏွင့္ ေပါက္ကြဲမႈျဖစ္ခဲ့သည့္ ၿမိဳ႕နယ္မ်ားတြင္ လမ္းသြားလမ္းလာ ေမာ္ေတာ္ယာဥ္ မ်ားအား တားဆီး စစ္ေဆးလ်က္ရွိေၾကာင္း အငွားယာဥ္ေမာင္းမ်ားအခ်ိဳ႕၏ ေျပာျပခ်က္အရ သိရသည္။
“က်ေနာ္တို႔ ေတာင္ဒဂုံက တခ်ိဳ႕ရပ္ကြက္ေတြမွာ မနက္ ၆ ည ၆ အျပင္မထြက္ရ အမိန႔္ကို လိုက္ေၾကညာတယ္ ၾကားတယ္။ က်ေနာ္တို႔ဘက္ေတာ့ မလာေသးဘူး။ ေမာင္းမကန္ လမ္းေပၚမွာေတာ့ ဗုံးေပါက္လို႔ စစ္ေနၾက တယ္” ဟု ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္အတြင္း ေနထိုင္သူ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ဆိုသည္။
ထို႔သို႔ေနရာ အႏွံ႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည့္ၾကားကပင္ ေတာင္ဒဂုံၿမိဳ႕နယ္၊ ေမာင္းမကန္လမ္းႏွင့္ စမ္းေခ်ာင္း ၿမိဳ႕နယ္ ဂြေဈးအနီးတို႔တြင္ ဗုံးေပါက္ကြဲမႈမ်ား ထပ္မံျဖစ္ပြားခဲ့သည္။