သရက်ချောင်း ပစ်ခတ်မှု ပျူစောထီး ဆိုသူ နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ဟု ကျော်ဇောနေသူ နှစ်ဦးသေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် သြဂုတ် ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ပျူစောထီးဟု ခေါ်နေကြသည့် ပြည်သူ့စစ် နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
ဘုရားကွင်းအနီး နေထိုင်သူ အသက် ၅၀ ခန့် အရွယ် ရွာသားကြီး တစ်ဦးက “ဗုံးပေါက်သံတချက် အကျယ်ကြီး ကြားရပြီးတာနဲ့ ပစ်ခတ်သံတွေ ကြားရတာပဲ၊ သေနတ်သံတွေ အချက်ပေါင်းမနည်းဘူး။ သုံးလေးဆယ်တောင် မကဘူး၊ အပြန်အလှန် ပစ်တဲ့သဘောပဲ” ဟု ပြောသည်။
သေဆုံးသူများမှာ ဒေသတွင်း ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ကြီးနေသည့် ဦးလှိုင်ဝင်း နှင့် အသက် ၃၀ အရွယ် နောက်တစ်ဦးဖြစ်သည်ဟု ကနက်သီရိကျေးရွာက ရွာသားတစ်ဦး က အတည်ပြုပြောသည်။
ပစ်ခတ်မှုက ကနက်သီရီကျေးရွာရှိ ဘုရားကွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာခံပြည်သူ့စစ် ၂ ဦးသေဆုံးကာ အုပ်ချုပ် ရေးမှူး ဦးနိုင်မိုး နှင့် အခြား (အမည်မသိ) တစ်ဦးတို့မှာ သေနတ်ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သည်ဟု ရွာသား များက ပြောသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် အဖွဲ့ လက်နက်များကိုင်ဆောင်ကာ ကင်းလှည့်နေစဉ်
အမည်မသိ အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အုပ်ချုပ်ရေးမှူး ဦးနိုင်မိုးနှင့် ပြည်သူ့စစ်အဖွဲ့များက “ညစဉ်ညတိုင်း အကြောင်းမဲ့ သေနတ်ပစ်ဖေါက် ရမ်းကား လျက်ရှိနေသည်” ဟုလည်း ဘုရားကွင်းအနီး နေထိုင်သူ အသက် ၅၀ ခန့် အရွယ် ရွာသားကြီးက ဆက် ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ည ၁ နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကားငယ် (၈)စီး ကနက်သီရိကျေးရွာ သို့ ရောက်ရှိ လာကာ တပ်စွဲခဲ့ပြီးနောက် နံနက် ၄ နာရီမှ စတင်၍ ထားဝယ်မြို့နှင့် အခြားနေရာဒေသများသို့ ဖြတ်သန်းသွား လာသည့် မော်တော်ယာဉ်များနှင့် ကျေးရွာအတွင်း ဈေးရောင်းချရန် လာရောက်သူများအား တားဆီး စစ်ဆေးနေ သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ရွာထဲသို့ ဝင်ရောက်ရှာဖွေကာ ဒေသခံ ၃၀ ဦးခန့် ဖမ်းဆီးခံထားရပြီး နောက်ပိုင်းတွင် အဖမ်းခံရသူများအနက် အချို့ကိုပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။ သို့သော် အချို့ကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
ဩဂုတ်လ ၃၁ ရက်နေ့ (ယနေ့)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် ပြန်လည်ထွက်ခွာသွားပြီးဖြစ်သော် လည်း ကျန်တပ်ဖွဲ့ဝင်ထက်ဝက်ခန့်မှာ အရပ်ဝတ်များဖြင့် ကျေးရွာအတွင်း လှည့်လည်လျက်ရှိနေ သေးသည်ဟု အထက်ပါ ဒေသခံလူငယ်က ဆက်ပြောသည်။
ကနက်သီရိကျေးရွာတွင် ယခင်က စစ်ကောင်စီတပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင် တပ်လာစွဲဖူးပြီး ရွာသားအများ အပြားကိုလည်း ဖမ်းဆီးခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သောကြောင့် လက်ရှိတွင် လူငယ်အချို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။
*** ZAWGYI ***
သရက္ေခ်ာင္း ပစ္ခတ္မႈ ပ်ဴေစာထီး ဆိုသူ ႏွစ္ဦး ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္။
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခ႐ိုင္ သရက္ေခ်ာင္းၿမိဳ႕နယ္ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ ပ်ဴေစာထီးအဖြဲ႕ဝင္ဟု ေက်ာ္ေဇာေနသူ ႏွစ္ဦးေသၿပီး ထိခိုက္ဒဏ္ရာရရွိသူလည္း ရွိခဲ့သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။
သရက္ေခ်ာင္းၿမိဳ႕နယ္၊ ကနက္သီရိေက်း႐ြာတြင္ ၾသဂုတ္ ၃၀ ရက္ေန႔ ည ၁၀ နာရီခြဲ အခ်ိန္ခန႔္တြင္ ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈအတြင္း ပ်ဴေစာထီးဟု ေခၚေနၾကသည့္ ျပည္သူ႔စစ္ ႏွစ္ဦးေသ၊ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ၾကျခင္းျဖစ္သည္။
ဘုရားကြင္းအနီး ေနထိုင္သူ အသက္ ၅၀ ခန႔္ အ႐ြယ္ ႐ြာသားႀကီး တစ္ဦးက “ဗုံးေပါက္သံတခ်က္ အက်ယ္ႀကီး ၾကားရၿပီးတာနဲ႔ ပစ္ခတ္သံေတြ ၾကားရတာပဲ၊ ေသနတ္သံေတြ အခ်က္ေပါင္းမနည္းဘူး။ သုံးေလးဆယ္ေတာင္ မကဘူး၊ အျပန္အလွန္ ပစ္တဲ့သေဘာပဲ” ဟု ေျပာသည္။
ေသဆုံးသူမ်ားမွာ ေဒသတြင္း ပ်ဴေစာထီးအဖြဲ႕ဝင္ဟု နာမည္ႀကီးေနသည့္ ဦးလႈိင္ဝင္း ႏွင့္ အသက္ ၃၀ အ႐ြယ္ ေနာက္တစ္ဦးျဖစ္သည္ဟု ကနက္သီရိေက်း႐ြာက ႐ြာသားတစ္ဦး က အတည္ျပဳေျပာသည္။
ပစ္ခတ္မႈက ကနက္သီရီေက်း႐ြာရွိ ဘုရားကြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ႐ြာခံျပည္သူ႔စစ္ ၂ ဦးေသဆုံးကာ အုပ္ခ်ဳပ္ ေရးမႉး ဦးႏိုင္မိုး ႏွင့္ အျခား (အမည္မသိ) တစ္ဦးတို႔မွာ ေသနတ္ဒဏ္ရာမ်ား အျပင္းအထန္ ရရွိခဲ့သည္ဟု ႐ြာသား မ်ားက ေျပာသည္။
စစ္ေကာင္စီခန႔္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္မိုးႏွင့္ အဖြဲ႕ လက္နက္မ်ားကိုင္ေဆာင္ကာ ကင္းလွည့္ေနစဥ္
အမည္မသိ အဖြဲ႕တစ္ဖြဲ႕မွ လာေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။
အုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္မိုးႏွင့္ ျပည္သူ႔စစ္အဖြဲ႕မ်ားက “ညစဥ္ညတိုင္း အေၾကာင္းမဲ့ ေသနတ္ပစ္ေဖါက္ ရမ္းကား လ်က္ရွိေနသည္” ဟုလည္း ဘုရားကြင္းအနီး ေနထိုင္သူ အသက္ ၅၀ ခန႔္ အ႐ြယ္ ႐ြာသားႀကီးက ဆက္ ေျပာသည္။
အခင္းျဖစ္ပြားၿပီးေနာက္ ည ၁ နာရီခြဲဝန္းက်င္အခ်ိန္တြင္ စစ္ကားငယ္ (၈)စီး ကနက္သီရိေက်း႐ြာ သို႔ ေရာက္ရွိ လာကာ တပ္စြဲခဲ့ၿပီးေနာက္ နံနက္ ၄ နာရီမွ စတင္၍ ထားဝယ္ၿမိဳ႕ႏွင့္ အျခားေနရာေဒသမ်ားသို႔ ျဖတ္သန္းသြား လာသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေက်း႐ြာအတြင္း ေဈးေရာင္းခ်ရန္ လာေရာက္သူမ်ားအား တားဆီး စစ္ေဆးေန သည္ဟု ႐ြာသားမ်ားက ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕မွ ႐ြာထဲသို႔ ဝင္ေရာက္ရွာေဖြကာ ေဒသခံ ၃၀ ဦးခန႔္ ဖမ္းဆီးခံထားရၿပီး ေနာက္ပိုင္းတြင္ အဖမ္းခံရသူမ်ားအနက္ အခ်ိဳ႕ကိုျပန္လႊတ္ေပးခဲ့သည္ဟုဆိုသည္။ သို႔ေသာ္ အခ်ိဳ႕ကို ဆက္လက္ဖမ္းဆီးထားဆဲ ျဖစ္သည္ဟု ေဒသခံ လူငယ္တစ္ဦးက ေျပာသည္။
ဩဂုတ္လ ၃၁ ရက္ေန႔ (ယေန႔)တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ထက္ဝက္ခန႔္ ျပန္လည္ထြက္ခြာသြားၿပီးျဖစ္ေသာ္ လည္း က်န္တပ္ဖြဲ႕ဝင္ထက္ဝက္ခန႔္မွာ အရပ္ဝတ္မ်ားျဖင့္ ေက်း႐ြာအတြင္း လွည့္လည္လ်က္ရွိေန ေသးသည္ဟု အထက္ပါ ေဒသခံလူငယ္က ဆက္ေျပာသည္။
ကနက္သီရိေက်း႐ြာတြင္ ယခင္က စစ္ေကာင္စီတပ္ဖြဲ႕မ်ား ႏွစ္ႀကိမ္တိုင္တိုင္ တပ္လာစြဲဖူးၿပီး ႐ြာသားအမ်ား အျပားကိုလည္း ဖမ္းဆီးခဲ့ဖူးသည့္ ျဖစ္စဥ္မ်ား ရွိခဲ့ေသာေၾကာင့္ လက္ရွိတြင္ လူငယ္အခ်ိဳ႕ ထြက္ေျပးတိမ္းေရွာင္ ေနၾကရသည္ဟု ေဒသခံ႐ြာသားမ်ား၏ ေျပာျပခ်က္အရ သိရသည္။