COVID-19 ကူးစက်မှု ကေအိုင်အို ထိန်းချုပ်နိုင်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 လူနာအများစု သက်သာပျောက်ကင်းပြီဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လက စတင်၍ COVID-19 ကူးစက်မှုများရှိခဲ့ရာ ဇူလိုင်လအတွင်း ကူးစက်မှုမြင့်တက်ခဲ့သည့်အတွက် ထိန်းချုပ်ကန့်သတ်ချက်များ ထပ်တိုး ချမှတ်ပြီး ထိန်းချုပ်ခဲ့ရသည်ဟု KIO က ပြောသည်။

KIO ၏ COVID-19 ရောဂါတားဆီး နှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က “မိုင် ဂျာယန်ရယ်၊ လိုင်ဇာရယ်ပေါင်းရင်တော့ တော်တော်များပြီ။ Positive က များတယ်။ မိုင်ဂျာယန်ဆိုရင် ၂၀၀၀ ကျော်ပြီ။ လိုင်ဇာမှာဆိုရင် ၅၀ ကျော်။ တခြားနေရာတွေမှာလည်းရှိတယ်။ ဆဒုံးဘက်မှာလည်း ၅၀ ကျော်။ အားလုံးဆိုရင် ၂၂၀၀ နီးပါးလောက်ရှိပြီ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေမှာ။ နောက်ပြီး Positive ကနေ Negative ပြောင်းတာဆိုရင် ရာခိုင်နှုန်းအရ ၈၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းအထက်တော့ ရှိပြီ” ဟု ပြော သည်။

KIO ထိန်းချုပ်နယ်မြေများအတွင်း ပညာရေးမြို့တော်ဖြစ်သည့် မိုင်ဂျာယန်သည် ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ ရာ၊ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု KIO ၏ COVID-19 ရောဂါတားဆီး နှိမ်နှင်းရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။

ထိုသို့ ကူးစက်မှုမြင့်တက်လာသည့်အတွက် ဇူလိုင်လ ပထမအပတ်မှစတင်၍ မိုင်ဂျာယန်မြို့အတွင်း ကန့်သတ်မှု များ ထပ်တိုးကာ ကျောင်းများပါပိတ်ခဲ့ရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ၅၉ ဦး နှင့် KIO ၏ အခြားထိန်းချုပ်နယ်မြေများဖြစ်ကြသည့် အင်ဘာပါ ၁၆ ဦး၊ ဆဒုံး ၂၆ ဦး၊ တပ်မဟာ ၁ နယ်မြေတွင် ၂၉ ဦး၊ ဖားကန့်တွင် ၁၅၄၊ တပ်မဟာ ၉ (အင်းတော်ကြီးဒေသ)တွင် ၂ ဦး၊ တပ်မဟာ ၂ (ဟူးကောင်းဒေသ) တွင် ၃၀ ဦး နှင့် တပ်မဟာ ၂ (ရှင်ဗွေယန် ဒေသ) တွင် ၇ ဦး ရှိသည်ဟု KIO ၏ COVID-19 ရောဂါကာကွယ်ရေးကော်မတီ၏ ဩဂုတ်လ နောက်ဆုံးအပတ်ထိ ထုတ်ပြန်ထားသည့် စာရင်းများ အရသိ ရသည်။

ထိုကူးစက်မှုစာရင်းမှ ယခုတွင် ၇၅ ရာခိုင်နှုန်းကျော်မှာ Positive မှ Negative သို့ ပြောင်းသွားပြီဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

“အခုလောလောဆယ်တော့ ကိုဗစ်ထပ်တိုးတာ မရှိရင်လည်းပဲ ကျနော်တို့က သတိနဲ့ ပြည်သူလူထုတွေနေသွားဖို့၊ အဲ့ဒါက လိုအုံးမယ်။ အဓိကက လူသွားလူလာကလည်း အရင်ကလိုတော့ သွားလို့လာလို့ မဖြစ်သေးဘူး။ ဒီကလူ ရှိသမျှလူတွေကို သုံးခေါက်တောင် စစ်ပြီးပြီ။ သုံးခေါက်လုံး ရောဂါမတွေ့တော့ဘူး။ အဲ့ဒါကြောင့် Lockdown ကို ဖြုတ်ပေးတာဟုတ်တယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုများကြောင့် ချမှတ် ထားသည့် ပိတ်ဆို့ကန့်သတ်မှုများကို ဩဂုတ်လ ၂၆ ရက်နေ့တွင် ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို ပိတ်ဆို့ထားရာမှ ရုပ် သိမ်းလိုက်ခြင်း ဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါတားဆီး နှိမ် နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

Lockdown သတ်မှတ် ချက်များ ဖြေလျှော့လိုက်သော်လည်း COVID-19 နှင့် ပတ်သက်သည့် အခြားစည်းကမ်း များကို ပြည်သူများဖြစ်သည့် ပြည်သူများအနေဖြင့် လူစုလူဝေး မပြုလုပ်ရန်၊ သတ်မှတ်ထားသည့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်း ချက်များကို ဆက်လက်လိုက်နာရန်၊ မျက်နှာစည်း Mask မတပ်ဘဲ သွားလာခြင်း မပြုလုပ်ရန်၊ စားသောက်ဆိုင် များအတွင်း စားသောက်ခြင်းမပြုလုပ်ရန်၊ ထုပ်ပိုးခြင်း Parcel စနစ်ဖြင့်သာ ဝယ် ယူသွားကြရန်နှင့် ဈေးသည်များ အားလုံးအနေဖြင့်လည်း မျက်နှာစည်း Mask တပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၅၉ ဦး ရှိခဲ့ပြီး အသက်၄၀ ကျော် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ သည်။

ဓါတ်ပုံ – The Kachin Net

*** ZAWGYI ***
COVID-19 ကူးစက္မႈ ေကအိုင္အို ထိန္းခ်ဳပ္ႏိုင္ၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 လူနာအမ်ားစု သက္သာေပ်ာက္ကင္းၿပီဟု KIO ဗဟို COVID-19 ေရာဂါကာကြယ္ေရးေကာ္မတီက ေျပာသည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း ၂၀၂၁ ခုႏွစ္၊ မတ္လက စတင္၍ COVID-19 ကူးစက္မႈမ်ားရွိခဲ့ရာ ဇူလိုင္လအတြင္း ကူးစက္မႈျမင့္တက္ခဲ့သည့္အတြက္ ထိန္းခ်ဳပ္ကန႔္သတ္ခ်က္မ်ား ထပ္တိုး ခ်မွတ္ၿပီး ထိန္းခ်ဳပ္ခဲ့ရသည္ဟု KIO က ေျပာသည္။

KIO ၏ COVID-19 ေရာဂါတားဆီး ႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က “မိုင္ ဂ်ာယန္ရယ္၊ လိုင္ဇာရယ္ေပါင္းရင္ေတာ့ ေတာ္ေတာ္မ်ားၿပီ။ Positive က မ်ားတယ္။ မိုင္ဂ်ာယန္ဆိုရင္ ၂၀၀၀ ေက်ာ္ၿပီ။ လိုင္ဇာမွာဆိုရင္ ၅၀ ေက်ာ္။ တျခားေနရာေတြမွာလည္းရွိတယ္။ ဆဒုံးဘက္မွာလည္း ၅၀ ေက်ာ္။ အားလုံးဆိုရင္ ၂၂၀၀ နီးပါးေလာက္ရွိၿပီ က်ေနာ္တို႔ KIO ထိန္းခ်ဳပ္နယ္ေျမမွာ။ ေနာက္ၿပီး Positive ကေန Negative ေျပာင္းတာဆိုရင္ ရာခိုင္ႏႈန္းအရ ၈၀ ရာခိုင္ႏႈန္း၊ ၇၅ ရာခိုင္ႏႈန္းအထက္ေတာ့ ရွိၿပီ” ဟု ေျပာ သည္။

KIO ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္း ပညာေရးၿမိဳ႕ေတာ္ျဖစ္သည့္ မိုင္ဂ်ာယန္သည္ ကူးစက္မႈ အမ်ားဆုံးျဖစ္ပြားခဲ့ ရာ၊ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂၀၀၀ ေက်ာ္အထိ ရွိခဲ့သည္ဟု KIO ၏ COVID-19 ေရာဂါတားဆီး ႏွိမ္ႏွင္းေရး ေကာ္မတီ တာဝန္ရွိသူက ေျပာသည္။

ထိုသို႔ ကူးစက္မႈျမင့္တက္လာသည့္အတြက္ ဇူလိုင္လ ပထမအပတ္မွစတင္၍ မိုင္ဂ်ာယန္ၿမိဳ႕အတြင္း ကန႔္သတ္မႈ မ်ား ထပ္တိုးကာ ေက်ာင္းမ်ားပါပိတ္ခဲ့ရသည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။

KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာတြင္ ၅၉ ဦး ႏွင့္ KIO ၏ အျခားထိန္းခ်ဳပ္နယ္ေျမမ်ားျဖစ္ၾကသည့္ အင္ဘာပါ ၁၆ ဦး၊ ဆဒုံး ၂၆ ဦး၊ တပ္မဟာ ၁ နယ္ေျမတြင္ ၂၉ ဦး၊ ဖားကန႔္တြင္ ၁၅၄၊ တပ္မဟာ ၉ (အင္းေတာ္ႀကီးေဒသ)တြင္ ၂ ဦး၊ တပ္မဟာ ၂ (ဟူးေကာင္းေဒသ) တြင္ ၃၀ ဦး ႏွင့္ တပ္မဟာ ၂ (ရွင္ေဗြယန္ ေဒသ) တြင္ ၇ ဦး ရွိသည္ဟု KIO ၏ COVID-19 ေရာဂါကာကြယ္ေရးေကာ္မတီ၏ ဩဂုတ္လ ေနာက္ဆုံးအပတ္ထိ ထုတ္ျပန္ထားသည့္ စာရင္းမ်ား အရသိ ရသည္။

ထိုကူးစက္မႈစာရင္းမွ ယခုတြင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္မွာ Positive မွ Negative သို႔ ေျပာင္းသြားၿပီဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

“အခုေလာေလာဆယ္ေတာ့ ကိုဗစ္ထပ္တိုးတာ မရွိရင္လည္းပဲ က်ေနာ္တို႔က သတိနဲ႔ ျပည္သူလူထုေတြေနသြားဖို႔၊ အဲ့ဒါက လိုအုံးမယ္။ အဓိကက လူသြားလူလာကလည္း အရင္ကလိုေတာ့ သြားလို႔လာလို႔ မျဖစ္ေသးဘူး။ ဒီကလူ ရွိသမွ်လူေတြကို သုံးေခါက္ေတာင္ စစ္ၿပီးၿပီ။ သုံးေခါက္လုံး ေရာဂါမေတြ႕ေတာ့ဘူး။ အဲ့ဒါေၾကာင့္ Lockdown ကို ျဖဳတ္ေပးတာဟုတ္တယ္” ဟု ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕အတြင္း COVID-19 ေရာဂါ ကူးစက္မႈမ်ားေၾကာင့္ ခ်မွတ္ ထားသည့္ ပိတ္ဆို႔ကန႔္သတ္မႈမ်ားကို ဩဂုတ္လ ၂၆ ရက္ေန႔တြင္ ႐ုတ္သိမ္းလိုက္ၿပီ ျဖစ္သည္။

လိုင္ဇာၿမိဳ႕အတြင္းႏွင့္ အနီးဝန္းက်င္ရွိ ေဂ်ယန႔္၊ ဖုန္လုံယန္၊ ဒြမ္ဘုန္စစ္ေရွာင္စခန္းမ်ားကို ပိတ္ဆို႔ထားရာမွ ႐ုပ္ သိမ္းလိုက္ျခင္း ျဖစ္သည္ဟု KIO ၏ COVID-19 ေရာဂါတားဆီး ႏွိမ္ ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉး ႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။

Lockdown သတ္မွတ္ ခ်က္မ်ား ေျဖေလွ်ာ့လိုက္ေသာ္လည္း COVID-19 ႏွင့္ ပတ္သက္သည့္ အျခားစည္းကမ္း မ်ားကို ျပည္သူမ်ားျဖစ္သည့္ ျပည္သူမ်ားအေနျဖင့္ လူစုလူေဝး မျပဳလုပ္ရန္၊ သတ္မွတ္ထားသည့္ COVID-19 ေရာဂါကာကြယ္ေရး စည္းကမ္း ခ်က္မ်ားကို ဆက္လက္လိုက္နာရန္၊ မ်က္ႏွာစည္း Mask မတပ္ဘဲ သြားလာျခင္း မျပဳလုပ္ရန္၊ စားေသာက္ဆိုင္ မ်ားအတြင္း စားေသာက္ျခင္းမျပဳလုပ္ရန္၊ ထုပ္ပိုးျခင္း Parcel စနစ္ျဖင့္သာ ဝယ္ ယူသြားၾကရန္ႏွင့္ ေဈးသည္မ်ား အားလုံးအေနျဖင့္လည္း မ်က္ႏွာစည္း Mask တပ္ရမည္ဟု ထုတ္ျပန္ထားသည္။

ဇူလိုင္လ ၂၇ ရက္ေန႔မွ ဩဂုတ္လ ၂၆ ရက္ေန႔အထိ KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕တြင္ COVID-19 ေရာဂါ အတည္ျပဳလူနာ ၅၉ ဦး ရွိခဲ့ၿပီး အသက္၄၀ ေက်ာ္ COVID-19 အတည္ျပဳလူနာ အမ်ိဳးသမီးတစ္ဦး ေသဆုံး ခဲ့ သည္။

ဓါတ္ပုံ – The Kachin Net