သရက်ချောင်းပစ်ခတ်မှုမှ ဒဏ်ရာရသူ တစ်ဦး ထပ်မံ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် ပစ်ခတ်မှုကြောင့် ဗျူစောထီး အဖွဲ့ဝင် ဆိုသူ လူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာ ပစ်ခတ်မှု ဖြစ်စဉ်တွင် ၂ ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူ ၂ ဦး အနက် ၁ ဦးမှာ သြဂုတ် ၃၁ ရက်နေ့ နေ့လည်ပိုင်းက သေဆုံးသွားသည်ဟု ရွာ သားများက ပြောသည်။
သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ ဘုရားကွင်းတွင် သြဂုတ် ၃၀ ရက်ည ၁၀နာရီခွဲအချိန်ခန့် က ပျူစော ထီး ဟု ခေါ်သည့် ရွာခံ ပြည်သူ့စစ်အဖွဲ့များကင်းလှည့်စဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု ရွာသားများ က ပြောသည်။
“ထားဝယ် စစ်ဆေးရုံမှာ ကုသနေတဲ့ ဒဏ်ရာရသူ နှစ်ယောက်ထဲက ဦးဗုဒ္ဓေါ ဆိုတဲ့သူ နေ့လည်က သေသွားပြီ ဆိုတာ သေချာပါတယ်။ ထားဝယ်က ပြန်လာတဲ့ လူနာပို့သွားတဲ့ အဖွဲ့ဆီက သိရပါတယ်” ဟု ကနက်သီရိကျေး ရွာ က အသက် ၅၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
ယင်းညက ပျူစောထီး ၆ ဦးသည် ယူနီဖေါင်းဝတ်ဆင်ပြီး လမ်းလျှောက်ကင်းလှည့်နေသကဲ့သို့ အရပ်ဝတ်ဖြင့် ၃ ဦးက ဆိုင်ကယ်ဖြင့် ကင်းလှည့်နေချိန်ဖြစ်သည်ဟု ဆိုသည်။
ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပျူစောထီးအဖွဲ့ဝင် ဦးလှိုင်ဝင်း ၄၀ နှစ် နှင့် ဦးတောင်ဦး ၃၀ နှစ် တို့ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မိုးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဦးဗုဒ္ဓေါမှာ ပြင်းထန်ဒါဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းပျူစောထီးအဖွဲ့ကို လွန်ခဲ့သည့် တစ်လခန့်က စစ်ကောင်စီခန့် ဦးနိုင်မိုးမှ ဦးဆောင်ကာ အဖွဲ့ဝင် ၉ယောက်၊ လက်နက် ၆လက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဒေသခံ ရွာသားများက ဆိုသည်။
“အုပ်မှူးနိုင်မိုးက ပြည်ခိုင်ဖြိုးပါတီဝင်ထားပြီး စစ်တပ်ကိုလည်း သတင်းပေးနေသူဖြစ်တယ်။ သူသတင်းပေးမှု ကြောင့် ရွာကထဲ NLD ပါတီဝင် ဦးဝင်းဇော်နဲ့ ရွာသား ၄ ယောက် ထောင်ကျခဲ့တယ်၊ ရွာသား ၆၀ လောက်ကို ဖမ်းဆီးခဲ့ပြီး ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးတာမျိုးတွေလုပ်ခဲ့တယ်” ဟု အသက် ၂၅ နှစ် အရွယ်ခန့်ရှိသူ ကနက်သီရိ ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသည့် တံငါသည် များထံကလည်း ဆက်ကြေးများ ကောက်ခံလျက်ရှိနေပြီး ပြင်ပမှ လှေများဆိုက်ကပ်ရပ်နားခ အဖြစ် တခါကပ် လျှင် ၃၀၀၀၀ ကျပ်၊ တံငါသည်လှေများအား လစဉ်ကြေး ကျပ် ၁၀၀၀၀ မှ ကျပ် ၁၅၀၀၀ အထိ ကောက်ခံလျက် ရှိသည်ဟု အထက်ပါ ရွာခံ အမျိုးသမီးက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက သြဂုတ်လ ၃၁ ရက်နေ့တွင် ဖမ်းဆီးထားသူ ၃၀ ခန့်ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ညနေ ၄ နာရီ အချိန်ခန့်တွင် စစ်ကား ၃ စီး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအပြည့် ထပ်မံဖြည့်တင်း ရောက်ရှိလာခဲ့ သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်းတွင် ကျေးရွာအတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ကာ ကိုဖြိုး နှင့် ကိုငါးမဲလုံး ဆိုသူ လူငယ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျှက်ရှိရာ ယခုသတင်းဖော်ပြချိန်အထိ ပြန်လည် လွှတ် ပေးခြင်းမရှိသေးဘူးဟု ရွာသားများ က ပြောသည်။
ကနက်သီရိ (ခ)နတ်စိ ကျေးရွာသည် လူဦးရေ ၂၀၀၀ နီးပါး နေထိုင်လျက်ရှိပြီး ရေလုပ်ငန်း၊ ဥယျဉ်ခြံနှင့် လယ် ယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရွာတစ်ရွာ ဖြစ်သည်။
စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပျောက်ကျားစနစ်ဖြင့် တော်လှန်နေသည့် တနင်္သာရီတိုင်းဒေသကြီး ထဲက ကျေးရွာတစ်ရွာလည်း ဖြစ်သည်။
*** ZAWGYI ***
သရက္ေခ်ာင္းပစ္ခတ္မႈမွ ဒဏ္ရာရသူ တစ္ဦး ထပ္မံ ေသဆုံး
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။
တနသၤာရီတိုင္း ထားဝယ္ခ႐ိုင္တြင္ ပစ္ခတ္မႈေၾကာင့္ ဗ်ဴေစာထီး အဖြဲ႕ဝင္ ဆိုသူ လူတစ္ဦး ထပ္မံ ေသဆုံးသြားခဲ့သည္ဟု ႐ြာသားမ်ားက ေျပာသည္။
ထားဝယ္ခ႐ိုင္ သရက္ေခ်ာင္းၿမိဳ႕နယ္အတြင္းရွိ ကနက္သီရိေက်း႐ြာ ပစ္ခတ္မႈ ျဖစ္စဥ္တြင္ ၂ ဦးေသ၊ ႏွစ္ဦးဒဏ္ရာရရွိခဲ့ရာ ဒဏ္ရာရသူ ၂ ဦး အနက္ ၁ ဦးမွာ ၾသဂုတ္ ၃၁ ရက္ေန႔ ေန႔လည္ပိုင္းက ေသဆုံးသြားသည္ဟု ႐ြာ သားမ်ားက ေျပာသည္။
သရက္ေခ်ာင္းၿမိဳ႕နယ္၊ ကနက္သီရိေက်း႐ြာ ဘုရားကြင္းတြင္ ၾသဂုတ္ ၃၀ ရက္ည ၁၀နာရီခြဲအခ်ိန္ခန႔္ က ပ်ဴေစာ ထီး ဟု ေခၚသည့္ ႐ြာခံ ျပည္သူ႔စစ္အဖြဲ႕မ်ားကင္းလွည့္စဥ္ အမည္မသိအဖြဲ႕တစ္ဖြဲ႕က လာေရာက္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ ဟု ႐ြာသားမ်ား က ေျပာသည္။
“ထားဝယ္ စစ္ေဆး႐ုံမွာ ကုသေနတဲ့ ဒဏ္ရာရသူ ႏွစ္ေယာက္ထဲက ဦးဗုေဒၶါ ဆိုတဲ့သူ ေန႔လည္က ေသသြားၿပီ ဆိုတာ ေသခ်ာပါတယ္။ ထားဝယ္က ျပန္လာတဲ့ လူနာပို႔သြားတဲ့ အဖြဲ႕ဆီက သိရပါတယ္” ဟု ကနက္သီရိေက်း ႐ြာ က အသက္ ၅၀ ခန႔္ အ႐ြယ္ ႐ြာသားတစ္ဦးက ေျပာသည္။
ယင္းညက ပ်ဴေစာထီး ၆ ဦးသည္ ယူနီေဖါင္းဝတ္ဆင္ၿပီး လမ္းေလွ်ာက္ကင္းလွည့္ေနသကဲ့သို႔ အရပ္ဝတ္ျဖင့္ ၃ ဦးက ဆိုင္ကယ္ျဖင့္ ကင္းလွည့္ေနခ်ိန္ျဖစ္သည္ဟု ဆိုသည္။
ပစ္ခတ္မႈျဖစ္စဥ္ေၾကာင့္ ပ်ဴေစာထီးအဖြဲ႕ဝင္ ဦးလႈိင္ဝင္း ၄၀ ႏွစ္ ႏွင့္ ဦးေတာင္ဦး ၃၀ ႏွစ္ တို႔ အခင္းျဖစ္ပြားသည့္ ေနရာတြင္ ေသဆုံးခဲ့ၿပီး စစ္ေကာင္စီခန႔္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္မိုးမွာ ေျခေထာက္တြင္ ဒဏ္ရာရရွိခဲ့ၿပီး ဦးဗုေဒၶါမွာ ျပင္းထန္ဒါဏ္ရာမ်ား ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ယင္းပ်ဴေစာထီးအဖြဲ႕ကို လြန္ခဲ့သည့္ တစ္လခန႔္က စစ္ေကာင္စီခန႔္ ဦးႏိုင္မိုးမွ ဦးေဆာင္ကာ အဖြဲ႕ဝင္ ၉ေယာက္၊ လက္နက္ ၆လက္ျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္သည္ဟု ေဒသခံ ႐ြာသားမ်ားက ဆိုသည္။
“အုပ္မႉးႏိုင္မိုးက ျပည္ခိုင္ၿဖိဳးပါတီဝင္ထားၿပီး စစ္တပ္ကိုလည္း သတင္းေပးေနသူျဖစ္တယ္။ သူသတင္းေပးမႈ ေၾကာင့္ ႐ြာကထဲ NLD ပါတီဝင္ ဦးဝင္းေဇာ္နဲ႔ ႐ြာသား ၄ ေယာက္ ေထာင္က်ခဲ့တယ္၊ ႐ြာသား ၆၀ ေလာက္ကို ဖမ္းဆီးခဲ့ၿပီး ဒဏ္ေငြ႐ိုက္ၿပီး ျပန္လႊတ္ေပးတာမ်ိဳးေတြလုပ္ခဲ့တယ္” ဟု အသက္ ၂၅ ႏွစ္ အ႐ြယ္ခန႔္ရွိသူ ကနက္သီရိ ေက်း႐ြာက အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ပ်ဴေစာထီးအဖြဲ႕သည္ ေက်း႐ြာအတြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေရလုပ္ငန္းလုပ္ကိုင္ေနသည့္ တံငါသည္ မ်ားထံကလည္း ဆက္ေၾကးမ်ား ေကာက္ခံလ်က္ရွိေနၿပီး ျပင္ပမွ ေလွမ်ားဆိုက္ကပ္ရပ္နားခ အျဖစ္ တခါကပ္ လွ်င္ ၃၀၀၀၀ က်ပ္၊ တံငါသည္ေလွမ်ားအား လစဥ္ေၾကး က်ပ္ ၁၀၀၀၀ မွ က်ပ္ ၁၅၀၀၀ အထိ ေကာက္ခံလ်က္ ရွိသည္ဟု အထက္ပါ ႐ြာခံ အမ်ိဳးသမီးက ဆက္ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ ဖမ္းဆီးထားသူ ၃၀ ခန႔္ကို ျပန္လည္လႊတ္ေပးခဲ့ၿပီး ညေန ၄ နာရီ အခ်ိန္ခန႔္တြင္ စစ္ကား ၃ စီး ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အင္အားအျပည့္ ထပ္မံျဖည့္တင္း ေရာက္ရွိလာခဲ့ သည္ဟု ႐ြာသားမ်ား၏ ေျပာျပခ်က္အရ သိရသည္။
အဆိုပါ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ညပိုင္းတြင္ ေက်း႐ြာအတြင္း လွည့္လည္စစ္ေဆးမႈမ်ား ျပဳလုပ္ကာ ကိုၿဖိဳး ႏွင့္ ကိုငါးမဲလုံး ဆိုသူ လူငယ္ႏွစ္ဦးအား ဖမ္းဆီးစစ္ေဆးလွ်က္ရွိရာ ယခုသတင္းေဖာ္ျပခ်ိန္အထိ ျပန္လည္ လႊတ္ ေပးျခင္းမရွိေသးဘူးဟု ႐ြာသားမ်ား က ေျပာသည္။
ကနက္သီရိ (ခ)နတ္စိ ေက်း႐ြာသည္ လူဦးေရ ၂၀၀၀ နီးပါး ေနထိုင္လ်က္ရွိၿပီး ေရလုပ္ငန္း၊ ဥယ်ဥ္ၿခံႏွင့္ လယ္ ယာစိုက္ပ်ိဳးေရး လုပ္ငန္းမ်ားျဖင့္ အသက္ေမြးဝမ္းေၾကာင္း ျပဳေနသည့္ ႐ြာတစ္႐ြာ ျဖစ္သည္။
စစ္အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားမႈကို ေပ်ာက္က်ားစနစ္ျဖင့္ ေတာ္လွန္ေနသည့္ တနသၤာရီတိုင္းေဒသႀကီး ထဲက ေက်း႐ြာတစ္႐ြာလည္း ျဖစ္သည္။