မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးများ ပစ်သဖြင့် ဒေသခံများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိပ်ကြောက်ရွံ့နေကြသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ ခမရ (၄၀၅) စစ်ကြောင်း (၂) တပ်ဖွဲ့တို့မှ စက်တင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကျော် ခန့် တွင် လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအုပ်စုအတွင်း ရမ်းသမ်း ပစ်ခတ် ခဲ့ကြောင်း ဒေသခံပြောပြချက် နှင့် KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ဒေသခံများက စိုးရိမ် ကြောက်ရွံ့နေကြရသည်ဟု “လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ကြားရတယ်၊ ဘာကြောင့် ပစ်တာ လည်းတော့ မသိဘူး လူတွေကတော့ ကြောက်နေကြတာပေါ့။ ထပ်ပြီး ပစ်ခတ်လာမှာကိုလည်း စိုးရိမ်နေကြ တယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် ပတ်သက်၍ KNU တပ်မဟာ(၅) ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် ကားအတွက် ခရီးလမ်းတစ်လျှောက် လမ်းကြောင်းရှင်းလင်း ပေးသည့်အနေဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

“သူတို့က တပ်မဟာ ၅ ဖက်မှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီ တပ်သားတွေကို အရပ်သားကား(၁)စီးနဲ့ ပြန်သယ်လာတာ၊ အစူးချောင်း၊ သံတံတားနားရောက်တော့ 79 လောင်ချာသုံးချက်၊ 81mm နှစ်ချက်နဲ့ စက် သေနတ်တွေနဲ့ ရမ်းပစ်တာရှိတယ်၊ တခြားထိခိုက်မှု မရှိပေမယ့် ဒေသခံတွေ ကြောက်နေကြတယ်” ဟု KNLA တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ စီးနင်းလိုက်ပါလာသည့် အရပ်သားကားအတွင်း ထိခိုက်ဒဏ်ရာရ တပ်သား ၄ ဦး ပါဝင်ကာ ၎င်းတို့အား ခမရ(၄၀၆) နတ်ကြီးစခန်းသို့ ပို့ဆောင်ခြင်းဖြစ်ပြီး ခရီးလမ်းတစ်လျှောက် လမ်းကြောင်းရှင်းသည့် အနေဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့ထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သထုံခရိုင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို KNU တပ်မဟာ(၁) က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် သထုံခရိုင်အတွင်းရှိ KNU တပ်မဟာ(၁) နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့နေ မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
မြန္ျပည္နယ္အတြင္း စစ္ေကာင္စီ လက္နက္ႀကီးမ်ား ပစ္သျဖင့္ ေဒသခံမ်ား စိုးရိမ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ အစူးေခ်ာင္းေက်း႐ြာအုပ္စုအတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေဒသခံမ်ား စိုးရိပ္ေၾကာက္႐ြံ႕ေနၾကသည္ဟု သိရသည္။

အာဏာသိမ္းစစ္ေကာင္စီ ခမရ (၄၀၅) စစ္ေၾကာင္း (၂) တပ္ဖြဲ႕တို႔မွ စက္တင္ဘာ ၆ ရက္ေန႔ ည ၁၂ နာရီေက်ာ္ ခန႔္ တြင္ လက္နက္ႀကီး လက္နက္ငယ္တို႔ျဖင့္ ဘီးလင္းၿမိဳ႕နယ္ အစူးေခ်ာင္းေက်း႐ြာအုပ္စုအတြင္း ရမ္းသမ္း ပစ္ခတ္ ခဲ့ေၾကာင္း ေဒသခံေျပာျပခ်က္ ႏွင့္ KNU ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ထိခိုက္မႈတစ္စုံတစ္ရာမရွိေသာ္လည္း ေဒသခံမ်ားက စိုးရိမ္ ေၾကာက္႐ြံ႕ေနၾကရသည္ဟု “လက္နက္ႀကီးေတြေရာ လက္နက္ငယ္ေတြေရာ ၾကားရတယ္၊ ဘာေၾကာင့္ ပစ္တာ လည္းေတာ့ မသိဘူး လူေတြကေတာ့ ေၾကာက္ေနၾကတာေပါ့။ ထပ္ၿပီး ပစ္ခတ္လာမွာကိုလည္း စိုးရိမ္ေနၾက တယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ KNU တပ္မဟာ(၅) ဘက္မွ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို သယ္ေဆာင္လာသည့္ ကားအတြက္ ခရီးလမ္းတစ္ေလွ်ာက္ လမ္းေၾကာင္းရွင္းလင္း ေပးသည့္အေနျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း KNU ဘီးလင္းၿမိဳ႕နယ္ သတင္းႏွင့္ ျပန္ၾကားေရးဌာန က ထုတ္ျပန္ထားသည္။

“သူတို႔က တပ္မဟာ ၅ ဖက္မွာ ထိခိုက္ဒဏ္ရာရတဲ့ စစ္ေကာင္စီ တပ္သားေတြကို အရပ္သားကား(၁)စီးနဲ႔ ျပန္သယ္လာတာ၊ အစူးေခ်ာင္း၊ သံတံတားနားေရာက္ေတာ့ 79 ေလာင္ခ်ာသုံးခ်က္၊ 81mm ႏွစ္ခ်က္နဲ႔ စက္ ေသနတ္ေတြနဲ႔ ရမ္းပစ္တာရွိတယ္၊ တျခားထိခိုက္မႈ မရွိေပမယ့္ ေဒသခံေတြ ေၾကာက္ေနၾကတယ္” ဟု KNLA တပ္မႉးတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္မ်ား စီးနင္းလိုက္ပါလာသည့္ အရပ္သားကားအတြင္း ထိခိုက္ဒဏ္ရာရ တပ္သား ၄ ဦး ပါဝင္ကာ ၎တို႔အား ခမရ(၄၀၆) နတ္ႀကီးစခန္းသို႔ ပို႔ေဆာင္ျခင္းျဖစ္ၿပီး ခရီးလမ္းတစ္ေလွ်ာက္ လမ္းေၾကာင္းရွင္းသည့္ အေနျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု ေကအဲန္ယူ-ဘီးလင္းၿမိဳ႕နယ္ သတင္းႏွင့္ျပန္ၾကားေရး ဌာနခြဲမွ သတင္းေပးပို႔ထားသည္ဟု KNU က ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း သထုံခ႐ိုင္အတြင္း၌ စစ္ေကာင္စီတပ္ဖြဲ႕ယာဥ္တန္းကို KNU တပ္မဟာ(၁) က မိုင္းဆြဲ တိုက္ခိုက္ခဲ့သည္။

လက္ရွိတြင္ သထုံခ႐ိုင္အတြင္းရွိ KNU တပ္မဟာ(၁) နယ္ေျမတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အင္အားတိုးခ်ဲ႕ေန မႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။