NUG အစိုးရ စစ်ကြေညာပြီး ပြည်သူအချို့ စားသောက်ကုန်များ ဝယ်စု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို တော်လှန်ကြရန် စစ်ကြေညာပြီးနောက် ရန်ကုန်တွင် စားသောက်ကုန်များ ဝယ်ယူ စု ဆောင်းသူ များနေကြောင်း အိမ်ရှင်မများက ပြောသည်။

မြန်မာနိုင်ငံအား အရေးအပေါ်အခြေအနေအဖြစ် ထည့်သွင်းကြေညာခဲ့ပြီး တစ်နိုင်ငံလုံးရှိ ရုံးဌာနအားလုံးကို ရက် အကန့်သတ်မရှိ ပိတ်ထားရန်ကြေညာ ခဲ့သည်။

ယနေ့ နံနက် ၈နာရီအချိန်တွင် ယာယီသမ္မတ၏ မိန့်ခွန်းနားထောင်ပြီးနောက် စားသောက်ရေးအတွက် စိတ်ပူ သ ဖြင့် ဆေးဝါး၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ အာလူးများ နှစ်ပတ် စာခန့် ဝယ်ယူမှု များနေသည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် အိမ်ရှင်မတစ်ဦး က ပြောသည်။

“ကျမတို့ကတော့ စားသောက်ရေး အတွက်ပဲ စိတ်ပူတယ်။ ကျမတို့လို တစ်နေ့လုပ် တစ်နေ့စားတွေက အများ ကြီး ဝယ်မစုနိုင်ဘူးလေ။ စီးပွားရေးကလည်း မကောင်းကြဘူး” ဟု ၎င်းက ပြောသည်။

အခြေခံစားသောက်ကုန် အဝယ်များနေသော်လည်း ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိဘူးဟု ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် က အဆိုပါ အိမ်ရှင်မ က ပြောသည်။

NUG အစိုးရက စစ်ကြေညာပြီးနောက် ရန်ကုန်မြို့ရှိဈေးများတွင် အခြေခံစား သောက်ကုန်ဝယ်ယူ စုဆောင်းသူ များပြားနေပြီး ကြက်သွန်နှင့် ငါးခြောက်ကဲ့သို့သော ကုန်ခြောက်များ လာဝယ်သူက ပိုများသည်ဟု စျေးသည် အချို့က ပြောသည်။

သို့သော် ကုန်ဈေးနှုန်း တက်လာခြင်းမရှိသေးဘူးဟု သိရိမင်္ဂလာဈေးက ကုန်ခြောက်ရောင်းချသူတစ်ဦးက “ဝယ်ကြတာတော့ လာဝယ်ကြတာပဲ ကိုဗစ်တုန်းကလောက်တော့ မများဘူး“ ဟု ပြောသည်။

ရပ်ကွက်စည်ပင်ဈေးအချို့၏ လက်လီဈေးများတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၇၀၀ကျပ်၊ အာလူးတစ်ပိဿာ လျှင် ၆၅၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ပဲဆီ(အရော) ၅၀၀၀ ကျပ် ခန့်ရှိသည်ဟု အိမ်ရှင်မ များ နှင့် စျေးသည်များက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တနိုင်ငံလုံး လှည်းနေလှေအောင် မကျန် တော်လှန်ကြရန် တိုက်တွန်းကြေညာပြီးနောက် တော်လှန်ရေးစစ်သည်များ စစ် မြေပြင်တွင် လိုက်နာရမည့် စည်းကမ်းများကိုလည်း ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်များ အနေဖြင့် အထက်အမိန့်ကို နာခံရန်၊ မိမိတပ်ဖွဲ့များ အပေါ် သစ္စာရှိရန်၊ ပြည်သူပိုင်ပစ္စည်းများ အသုံးပြုရပါက တန်ရာတန်ဖိုးပေးရန်နှင့် အခြားလိုက်နာရမည့်စည်း ကမ်းများကို ကြေ ညာခဲ့သည်။

တစ်ဆက်တည်းမှာပဲ မန္တလေးမြို့ အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၉ ဖွဲ့ကလည်း လက်နက်ကိုင် တော် လှန်ရေးတွင် ကျောင်းသားများအနေဖြင့် ထိပ်ဆုံးမှ ပါဝင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကြေညာချက်ထုတ် ခဲ့ သည်။

အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က အပစ်အခတ် ၄ လ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်ကိုင်တော်လှန်ကြရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
NUG အစိုးရ စစ္ေၾကညာၿပီး ျပည္သူအခ်ိဳ႕ စားေသာက္ကုန္မ်ား ဝယ္စု

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က စစ္ေကာင္စီကို ေတာ္လွန္ၾကရန္ စစ္ေၾကညာၿပီးေနာက္ ရန္ကုန္တြင္ စားေသာက္ကုန္မ်ား ဝယ္ယူ စု ေဆာင္းသူ မ်ားေနေၾကာင္း အိမ္ရွင္မမ်ားက ေျပာသည္။

ျမန္မာႏိုင္ငံအား အေရးအေပၚအေျခအေနအျဖစ္ ထည့္သြင္းေၾကညာခဲ့ၿပီး တစ္ႏိုင္ငံလုံးရွိ ႐ုံးဌာနအားလုံးကို ရက္ အကန႔္သတ္မရွိ ပိတ္ထားရန္ေၾကညာ ခဲ့သည္။

ယေန႔ နံနက္ ၈နာရီအခ်ိန္တြင္ ယာယီသမၼတ၏ မိန႔္ခြန္းနားေထာင္ၿပီးေနာက္ စားေသာက္ေရးအတြက္ စိတ္ပူ သ ျဖင့္ ေဆးဝါး၊ အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္၊ ကုလားပဲ၊ အာလူးမ်ား ႏွစ္ပတ္ စာခန႔္ ဝယ္ယူမႈ မ်ားေနသည္ဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၈၈ ရပ္ကြက္ အိမ္ရွင္မတစ္ဦး က ေျပာသည္။

“က်မတို႔ကေတာ့ စားေသာက္ေရး အတြက္ပဲ စိတ္ပူတယ္။ က်မတို႔လို တစ္ေန႔လုပ္ တစ္ေန႔စားေတြက အမ်ား ႀကီး ဝယ္မစုႏိုင္ဘူးေလ။ စီးပြားေရးကလည္း မေကာင္းၾကဘူး” ဟု ၎က ေျပာသည္။

အေျခခံစားေသာက္ကုန္ အဝယ္မ်ားေနေသာ္လည္း ေဈးႏႈန္းအေျပာင္းအလဲ သိပ္မရွိဘူးဟု ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၈၈ ရပ္ကြက္ က အဆိုပါ အိမ္ရွင္မ က ေျပာသည္။

NUG အစိုးရက စစ္ေၾကညာၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိေဈးမ်ားတြင္ အေျခခံစား ေသာက္ကုန္ဝယ္ယူ စုေဆာင္းသူ မ်ားျပားေနၿပီး ၾကက္သြန္ႏွင့္ ငါးေျခာက္ကဲ့သို႔ေသာ ကုန္ေျခာက္မ်ား လာဝယ္သူက ပိုမ်ားသည္ဟု ေစ်းသည္ အခ်ိဳ႕က ေျပာသည္။

သို႔ေသာ္ ကုန္ေဈးႏႈန္း တက္လာျခင္းမရွိေသးဘူးဟု သိရိမဂၤလာေဈးက ကုန္ေျခာက္ေရာင္းခ်သူတစ္ဦးက
“ဝယ္ၾကတာေတာ့ လာဝယ္ၾကတာပဲ ကိုဗစ္တုန္းကေလာက္ေတာ့ မမ်ားဘူး“ ဟု ေျပာသည္။

ရပ္ကြက္စည္ပင္ေဈးအခ်ိဳ႕၏ လက္လီေဈးမ်ားတြင္ ၾကက္သြန္နီ တစ္ပိႆာလွ်င္ ၇၀၀က်ပ္၊ အာလူးတစ္ပိႆာ လွ်င္ ၆၅၀က်ပ္၊ စားအုန္းဆီ တစ္ပိႆာလွ်င္ ၄၀၀၀က်ပ္၊ ပဲဆီ(အေရာ) ၅၀၀၀ က်ပ္ ခန႔္ရွိသည္ဟု အိမ္ရွင္မ မ်ား ႏွင့္ ေစ်းသည္မ်ားက ေျပာသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာနကလည္း တႏိုင္ငံလုံး လွည္းေနေလွေအာင္ မက်န္ ေတာ္လွန္ၾကရန္ တိုက္တြန္းေၾကညာၿပီးေနာက္ ေတာ္လွန္ေရးစစ္သည္မ်ား စစ္ ေျမျပင္တြင္ လိုက္နာရမည့္ စည္းကမ္းမ်ားကိုလည္း ထုတ္ျပန္ခဲ့သည္။

ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္မ်ား အေနျဖင့္ အထက္အမိန႔္ကို နာခံရန္၊ မိမိတပ္ဖြဲ႕မ်ား အေပၚ သစၥာရွိရန္၊ ျပည္သူပိုင္ပစၥည္းမ်ား အသုံးျပဳရပါက တန္ရာတန္ဖိုးေပးရန္ႏွင့္ အျခားလိုက္နာရမည့္စည္း ကမ္းမ်ားကို ေၾက ညာခဲ့သည္။

တစ္ဆက္တည္းမွာပဲ မႏၲေလးၿမိဳ႕ အေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢ ၁၉ ဖြဲ႕ကလည္း လက္နက္ကိုင္ ေတာ္ လွန္ေရးတြင္ ေက်ာင္းသားမ်ားအေနျဖင့္ ထိပ္ဆုံးမွ ပါဝင္တိုက္ခိုက္သြားမည္ ျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ ခဲ့ သည္။

အာဆီယံအဖြဲ႕က ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္က အပစ္အခတ္ ၄ လ ရပ္ဆိုင္းရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက လက္နက္ကိုင္ေတာ္လွန္ၾကရန္ ေၾကညာခဲ့ျခင္း ျဖစ္သည္။