မကွေးတိုင်းအတွင်း ၅ နေရာ ဗုံးခွဲကြောင်း ဗိဿနိုး PDF ကြေငြာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
စက်တင်ဘာလ ၇ ရက်တွင် မကွေးတိုင်း နေရာ ၅ ခုကို ဗိဿနိုးနယ်မြေ ပြည်သူ့ ကာကွယ်ရေး တပ်မတော်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကြေငြာချက် ထုတ်ပြန်သည်။
နိုင်ငံတဝှမ်းပြည်သူတော်လှန်ရေးဆင်နွဲရန် ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်း ပြောဆိုမှုအပြီး နံနက်ပိုင်းတွင် မကွေးတိုင်းအတွင်းရှိ တောင်တွင်းကြီးမြို့ ခမရ ၁၀၃ တပ်ရှေ့ရှိ တပ်လုံခြုံရေးဂိတ်ကင်း၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံ ရေးဂိတ်ကင်း၊ နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်၊ မြို့သစ်မြို့နယ် က.ပ.စ (၁၇) ကို သွယ်တန်းထားသည့် 11KV ဓာတ်အားလိုင်း တိုင် ၂ တိုင်နှင့် ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်နေ စည်ပင်ဦးစီးမှူး၏အိမ်တို့ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့တော်လှန်ရေး တိုက်ပွဲ ခေါ်သံ စတင်ကြေငြာသည့် နေ့တွင် မကွေးတိုင်း အတွင်း နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ ရေစကြို မြို့ ၄ မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ နေရာ ၅ ခုကို ဗုံးခွဲတိုက်ခိုက်မှုများ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်ထန်ထွဋ် က ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သိမ်းယူထား ပြီး ပြည်သူလူထုကို အကြမ်းဖက်နည်းမျိုးစုံဖြင့် အန္တရာယ်ပြုနေခြင်းကြောင့် ပြည်သူများကလည်း နည်းလမ်း စုံသုံး၍ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာသည့် အခြေ အနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံ တော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း NUG ၏ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထား သည်။
အရေးပေါ်အခြေအနေ သက်ရောက်သည့် နယ်မြေများသည် ပြည်ထောင်စု နိုင်ငံတဝှမ်းလုံး ဖြစ်ပြီး၊ အချိန် ကာ လအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ပြီး အဆိုပါ ကာလ အတွင်း ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် NUG က ကြေညာချက် ထုတ်ပြန်ထားသည်။
*** ZAWGYI ***
မေကြးတိုင္းအတြင္း ၅ ေနရာ ဗုံးခြဲေၾကာင္း ဗိႆႏိုး PDF ေၾကျငာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။
စက္တင္ဘာလ ၇ ရက္တြင္ မေကြးတိုင္း ေနရာ ၅ ခုကို ဗိႆႏိုးနယ္ေျမ ျပည္သူ႔ ကာကြယ္ေရး တပ္မေတာ္က ဗုံးခြဲတိုက္ခိုက္ခဲ့ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္သည္။
ႏိုင္ငံတဝွမ္းျပည္သူေတာ္လွန္ေရးဆင္ႏြဲရန္ ယာယီသမၼတ ဒူဝါလရွီးလ၏ မိန႔္ခြန္း ေျပာဆိုမႈအၿပီး နံနက္ပိုင္းတြင္ မေကြးတိုင္းအတြင္းရွိ ေတာင္တြင္းႀကီးၿမိဳ႕ ခမရ ၁၀၃ တပ္ေရွ႕ရွိ တပ္လုံၿခဳံေရးဂိတ္ကင္း၊ နတ္ေမာက္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ လုံၿခဳံ ေရးဂိတ္ကင္း၊ နတ္ေမာက္ၿမိဳ႕နယ္ ကုလားရွင္ေက်း႐ြာမွ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေဌး ေနအိမ္၊ ၿမိဳ႕သစ္ၿမိဳ႕နယ္ က.ပ.စ (၁၇) ကို သြယ္တန္းထားသည့္ 11KV ဓာတ္အားလိုင္း တိုင္ ၂ တိုင္ႏွင့္ ေရစႀကိဳၿမိဳ႕၊ အမွတ္ ၇ ရပ္ကြက္ေန စည္ပင္ဦးစီးမႉး၏အိမ္တို႔ကို လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခံခဲ့ရေၾကာင္း သိရသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ျပည္သူ႔ေတာ္လွန္ေရး တိုက္ပြဲ ေခၚသံ စတင္ေၾကျငာသည့္ ေန႔တြင္ မေကြးတိုင္း အတြင္း နတ္ေမာက္၊ ေတာင္တြင္းႀကီး၊ ၿမိဳ႕သစ္၊ ေရစႀကိဳ ၿမိဳ႕ ၄ ၿမိဳ႕မွ အၾကမ္းဖက္စစ္ေကာင္စီ၏ ေနရာ ၅ ခုကို ဗုံးခြဲတိုက္ခိုက္မႈမ်ား ဗိႆႏိုးနယ္ေျမ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္က ျပဳလုပ္ခဲ့ေၾကာင္း ျပန္ၾကားေရး တာဝန္ခံ ဗိုလ္ထန္ထြဋ္ က ထုတ္ျပန္ခဲ့သည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္၍ စစ္ေကာင္စီက ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို သိမ္းယူထား ၿပီး ျပည္သူလူထုကို အၾကမ္းဖက္နည္းမ်ိဳးစုံျဖင့္ အႏၲရာယ္ျပဳေနျခင္းေၾကာင့္ ျပည္သူမ်ားကလည္း နည္းလမ္း စုံသုံး၍ စစ္အာဏာရွင္ကို ခုခံတြန္းလွန္ေနေၾကာင္း NUG က ထုတ္ျပန္ခဲ့သည္။
ယခုအခါ တရားမဝင္ စစ္အုပ္ခ်ဳပ္ေရး ယႏၲရား တစ္ခုလုံးကို အၿပီးတိုင္ ဖ်က္သိမ္းပစ္ရန္ လိုအပ္လာသည့္ အေျခ အေန အရပ္ရပ္ေၾကာင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၇ ရက္မွ စတင္ကာ ႏိုင္ငံ ေတာ္အား အေရးေပၚ အေျခအေနအျဖစ္ သတ္မွတ္ေၾကာင္း NUG ၏ထုတ္ျပန္ေၾကညာခ်က္၌ ေဖာ္ျပထား သည္။
အေရးေပၚအေျခအေန သက္ေရာက္သည့္ နယ္ေျမမ်ားသည္ ျပည္ေထာင္စု ႏိုင္ငံတဝွမ္းလုံး ျဖစ္ၿပီး၊ အခ်ိန္ ကာ လအားျဖင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအာဏာ ျပန္လည္ ထူေထာင္ႏိုင္သည့္ အခ်ိန္အထိ သတ္မွတ္ၿပီး အဆိုပါ ကာလ အတြင္း ရက္အကန႔္အသတ္မရွိ အလုပ္ပိတ္ရက္အျဖစ္ NUG က ေၾကညာခ်က္ ထုတ္ျပန္ထားသည္။