သရက်ချောင်းတွင် ပရဟိတ လူငယ် ၄ ဦး ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့က ပရဟတိ လူငယ် ၄ ဦးကို အရပ်ဝတ်ထားသည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်တွင် ပရဟိတလုပ်နေသည့် လူငယ် ၄ ဦး ကို အရပ်ဝတ်နှင့် လက်နက် ကိုင်အဖွဲ့ တစ်ဖွဲ့ က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။
မော်ရှည်ကုန်းရပ်ကွက်က စာသင်ကျောင်းအတွင်း COVID-19 လူနာများကြည့်ရှုပေးနေသည့် လူငယ် ၃ဦးနှင့် လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာသူ လူငယ်တစ်ဦး တို့ကို စက်တင်ဘာလ ၆ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။
“ဒီလူငယ်သုံးဦးက ပရဟိတအလုပ်တွေ လုပ်နေသူတွေပါ။ စာသင်ကျောင်းမှာ ကိုဗစ် Test Kit စစ်ပေးတာတွေ၊ လူနာတွေကို လိုအပ်တာ ကူညီကြည့်ရှုပေးနေပြီး အရေးပေါ်လူနာတွေကိုလည်း ထားဝယ် ဆေးရုံပို့ဆောင်ပေး တာတွေ လုပ်နေသူတွေပေါ့” ဟု မော်ရှည်ကုန်းရပ်ကွက်က အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ် အတွင်းမှ စော်ဖျားကျေးရွာနှင့် မော်ရှည်ကုန်းရပ်ကွက်ရှိ နေအိမ်အချို့ကိုလည်း အင်အား နှစ်ဆယ်ကျော်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ရွာသားများက ပြော သည်။
ထို့အပြင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်လည်း ပရဟိတလုပ်ငန်း လုပ် ကိုင်နေသည့် ကိုဗစ်-၁၉ စင်တာကို ဝင်ရောက်စီးနင်းခဲ့သဖြင့် ပရဟိတလုပ်ကိုင်နေသည့် လူငယ်များ ထွက်ပြေး နေရသည်ဟု ကနက်သီရိကျေးရွာသား အသက် ၂၅ နှစ် အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ည က ပျူစောထီးဆိုသည့် အဖွဲ့ကို အမည်မသိလူတစ်စုက လာ ရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး တစ်ဦးဒါဏ်ရာရရှိ ခဲ့သည်။
*** ZAWGYI ***
သရက္ေခ်ာင္းတြင္ ပရဟိတ လူငယ္ ၄ ဦး ဖမ္းဆီးခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္ သရက္ေခ်ာင္းၿမိဳ႕က ပရဟတိ လူငယ္ ၄ ဦးကို အရပ္ဝတ္ထားသည့္ လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
သရက္ေခ်ာင္းၿမိဳ႕၊ ေမာ္ရွည္ကုန္းရပ္ကြက္တြင္ ပရဟိတလုပ္ေနသည့္ လူငယ္ ၄ ဦး ကို အရပ္ဝတ္ႏွင့္ လက္နက္ ကိုင္အဖြဲ႕ တစ္ဖြဲ႕ က ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာ သည္။
ေမာ္ရွည္ကုန္းရပ္ကြက္က စာသင္ေက်ာင္းအတြင္း COVID-19 လူနာမ်ားၾကည့္ရႈေပးေနသည့္ လူငယ္ ၃ဦးႏွင့္ လမ္းေပၚတြင္ ဆိုင္ကယ္ျဖင့္ သြားလာသူ လူငယ္တစ္ဦး တို႔ကို စက္တင္ဘာလ ၆ ရက္ ညေနပိုင္းက ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ယေန႔အခ်ိန္ထိ မည္သည့္ ေနရာသို႔ ေခၚေဆာင္သြားသည္ကို မသိရွိရေသးေၾကာင္း အသက္ ၅၀ အ႐ြယ္ ေဒသခံတစ္ဦးက ေျပာသည္။
“ဒီလူငယ္သုံးဦးက ပရဟိတအလုပ္ေတြ လုပ္ေနသူေတြပါ။ စာသင္ေက်ာင္းမွာ ကိုဗစ္ Test Kit စစ္ေပးတာေတြ၊ လူနာေတြကို လိုအပ္တာ ကူညီၾကည့္ရႈေပးေနၿပီး အေရးေပၚလူနာေတြကိုလည္း ထားဝယ္ ေဆး႐ုံပို႔ေဆာင္ေပး တာေတြ လုပ္ေနသူေတြေပါ့” ဟု ေမာ္ရွည္ကုန္းရပ္ကြက္က အသက္ ၅၀ အ႐ြယ္ ေဒသခံတစ္ဦးက ေျပာသည္။
သရက္ေခ်ာင္းၿမိဳ႕နယ္ အတြင္းမွ ေစာ္ဖ်ားေက်း႐ြာႏွင့္ ေမာ္ရွည္ကုန္းရပ္ကြက္ရွိ ေနအိမ္အခ်ိဳ႕ကိုလည္း အင္အား ႏွစ္ဆယ္ေက်ာ္ခန႔္ရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့သည္ဟု ႐ြာသားမ်ားက ေျပာ သည္။
ထို႔အျပင္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည့္ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ကနက္သီရိေက်း႐ြာတြင္လည္း ပရဟိတလုပ္ငန္း လုပ္ ကိုင္ေနသည့္ ကိုဗစ္-၁၉ စင္တာကို ဝင္ေရာက္စီးနင္းခဲ့သျဖင့္ ပရဟိတလုပ္ကိုင္ေနသည့္ လူငယ္မ်ား ထြက္ေျပး ေနရသည္ဟု ကနက္သီရိေက်း႐ြာသား အသက္ ၂၅ ႏွစ္ အ႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦးက ေျပာသည္။
ကနက္သီရိေက်း႐ြာတြင္ ဩဂုတ္လ ၃၀ ရက္ည က ပ်ဴေစာထီးဆိုသည့္ အဖြဲ႕ကို အမည္မသိလူတစ္စုက လာ ေရာက္ပစ္ခတ္ခဲ့သျဖင့္ အမ်ိဳးသားသုံးဦး ေသဆုံးခဲ့ၿပီး တစ္ဦးဒါဏ္ရာရရွိ ခဲ့သည္။