ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ရာအိမ်မှူး အိမ်အတွင်းရှိနေသူ အမျိုးသမီး နှစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်ထဲတွင် ရာအိမ်မှူး တစ်ဦးအိမ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး လူ နှစ်ဦး သေဆုံးကာ ရာအိမ်မှူး အပါအဝင် ငါးဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ ကံငယ်ကျေးရွာမှ ရာအိမ်မှူးတဲပိုင်ရှင် ဦးသိန်းဇော်သည် ကံငယ်ကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှုး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”သေဆုံးသွားသူ နှစ်ဦးစလုံးက အမျိုးသမီးတွေပါ။ ဗုံးကပြင်းတဲ့ အပြင် တီဗီကြည့်နေကြတဲ့ လူကြားထဲကျပုံရတယ်” ဟု အသက် ၅၀ အရွယ် ကံငယ်ကျေးရွာက ဒေသခံတစ်ဦး ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့ ညဦးပိုင်းတွင် ဆွေမျိုးနှင့် မိသားစုဝင်များ TV ကြည့်နေချိန် နေအိမ်ပြတင်းပေါက်မှ လက်ပစ်ဗုံးဝင်လာပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အိမ်နီးချင်းတစ်ဦး က ပြောသည်။

သို့သော် ပြူတင်းပေါက်က ပစ်ထည့်သည် ဆိုသည့် ကိစ္စကို အတည်မပြုနိုင်သေးဘူးဟု သက်ဆိုင်ရာက ပြောဆိုထားသည်။

ရာအိမ်မှူး ဦးသိန်းဇော်၏ တဲထဲသို့ အပစ်ခံရသည့် ဗုံးသည် မည်သည့် ဗုံးအမျိုးအစား ဖြစ်သည်ကို အတည်ပြု နိုင်ခြင်းမရှိသေးဘူးဟု သက်ဆိုင်ရာက ဆက်ပြောသည်။

လတ်တလော အတည်ပြုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရာအိမ်မှူး အပါအဝင် အခြားဒဏ်ရာရ သူများကို ပေါင်းတည် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရသည်ဟု ဆိုသည်။

စက်တင်ဘာ ၆ ရက်နေ့ကလည်း ပေါင်းတည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာတွင်လည်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံခဲ့ရသည်။

*** ZAWGYI ***
ဗုံးျဖင့္ တိုက္ခိုက္မႈေၾကာင့္ ရာအိမ္မႉး အိမ္အတြင္းရွိေနသူ အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ပဲခူးတိုင္း ေပါင္းတည္ၿမိဳ႕နယ္ထဲတြင္ ရာအိမ္မႉး တစ္ဦးအိမ္အတြင္းသို႔ လက္ပစ္ဗုံး ပစ္သြင္းခံရၿပီး လူ ႏွစ္ဦး ေသဆုံးကာ ရာအိမ္မႉး အပါအဝင္ ငါးဦး ဒဏ္ရာရသြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ပဲခူးတိုင္းေဒသႀကီး၊ ေပါင္းတည္ၿမိဳ႕၊ ကံငယ္ေက်း႐ြာမွ ရာအိမ္မႉးတဲပိုင္ရွင္ ဦးသိန္းေဇာ္သည္ ကံငယ္ေက်း႐ြာက ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ စည္း႐ုံးေရးမႈး ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

”ေသဆုံးသြားသူ ႏွစ္ဦးစလုံးက အမ်ိဳးသမီးေတြပါ။ ဗုံးကျပင္းတဲ့ အျပင္ တီဗီၾကည့္ေနၾကတဲ့ လူၾကားထဲ က် ပုံ ရတယ္” ဟု အသက္ ၅၀ အ႐ြယ္ ကံငယ္ေက်း႐ြာက ေဒသခံတစ္ဦး ေျပာသည္။

စက္တင္ဘာလ ၇ ရက္ေန႔ ညဦးပိုင္းတြင္ ေဆြမ်ိဳးႏွင့္ မိသားစုဝင္မ်ား TV ၾကည့္ေနခ်ိန္ ေနအိမ္ျပတင္းေပါက္မွ လက္ပစ္ဗုံးဝင္လာၿပီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု အိမ္နီးခ်င္းတစ္ဦး က ေျပာသည္။

သို႔ေသာ္ ျပဴတင္းေပါက္က ပစ္ထည့္သည္ ဆိုသည့္ ကိစၥကို အတည္မျပဳႏိုင္ေသးဘူးဟု သက္ဆိုင္ရာက ေျပာဆို ထားသည္။

ရာအိမ္မႉး ဦးသိန္းေဇာ္၏ တဲထဲသို႔ အပစ္ခံရသည့္ ဗုံးသည္ မည္သည့္ ဗုံးအမ်ိဳးအစား ျဖစ္သည္ကို အတည္ျပဳ ႏိုင္ျခင္းမရွိေသးဘူးဟု သက္ဆိုင္ရာက ဆက္ေျပာသည္။

လတ္တေလာ အတည္ျပဳခ်က္အရ ဗုံးေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရရွိခဲ့သူ ရာအိမ္မႉး အပါအဝင္ အျခားဒဏ္ရာရ သူမ်ားကို ေပါင္းတည္ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကရသည္ဟု ဆိုသည္။

စက္တင္ဘာ ၆ ရက္ေန႔ကလည္း ေပါင္းတည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ဝန္ထမ္းအိမ္ယာတြင္လည္း ဗုံးေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး ဇြန္လ ၃၀ ရက္ေန႔တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးပစ္သတ္ခံခဲ့ရသည္။