မိုးရွာသွန်းမှုနှင့် စစ်ဆေးမှုများကြောင့် ရန်ကုန် နေရာအချို့ လမ်းကြောပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့ ကားလမ်းအချို့ ရေကြီး ရေလျှံမှု ဖြစ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များကြောင့် ခရီးသွားပြည်သူများ အခက် အခဲ ဖြစ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယနေ့မွန်းလွဲ တစ်နာရီခန့်က ရွာသည့်မိုးကြောင့် ရွှေဂုံတိုင်လမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ သမိုင်းလမ်းဆုံ၊ ဘူ တာရုံလမ်း၊ ရွာမကျောင်းလမ်း၊ ကမာရွတ်ခိုင်ရွှေဝါလမ်း တို့တွင် ပေါင်းရင်းခန့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ ကြောင်း အသက် ၃၀ အရွယ် အငှားယာဉ်မောင်းတစ်ဦး က ပြောသည်။

စမ်းချောင်းဘက်တွင် ညနေပိုင်းက စစ်ကောင်စီ ကင်းလှည့်ကား တစ်စီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်များ၏ ပိတ်ဆို့ရှာဖွေမှုကြောင့် တက္ကစီများ၊ ကိုယ်ပိုင်ကားများ၊ YBS များ ပုံမှန် မဟုတ်သည့် လမ်းကြောင်း များမှ လမ်းကြောင်းရှာ ပြီးသွားခဲ့ရသည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။

ကမ်းနားလမ်းမကြီး၊ အောက်ကြည့်မြင်တိုင်လမ်းကြီးမြို့ထဲ ဘက်သွားသည့် ကားများကိုလည်း စစ်ကောင်စီ တပ် ဖွဲ့ဝင်များက စစ်ဆေးနေသကဲ့သို့ ဗိုလ်ချုပ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ သမ္မတရုံ အနီးတဝိုက်တွင် ကားများကို သွားလာခွင့်မပြုပဲ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။

”မျက်နှာချင်းဆိုင်ကလာတဲ့ ကားတွေက ရှေ့မှာစစ်နေကြတယ်။ ပြန်လှည့်ဖို့ လက်နဲ့ အချက်ပြတယ်။ ရှေ့ ဘက်မှာ အဝါရောင် အတန်းသုံးတန်းတားပြီး ပိတ်ထားတာ အားလုံး နောက်ပြန်လှည့်ခိုင်းတယ်“ ဟု ၎င်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန (ကမ္ဘာအေး) တာဝန်ရှိသူ တစ်ဦးက “ရေကြီးရေ လျှံတာတွေတော့ ဖြစ်သွားတယ်။ စံချိန်တင်မိုးရေချိန်တော့မဟုတ်ဘူး” ဟု ပြောသည်။

ယနေ့ ရန်ကုန်မြို့ လယ်ရွာသည့်မိုးသည် ၉၂ မီလီမီတာ(၃ ဒဿမ ၅၁ လက်မ) ရှိပြီး ယခင်က ၅ လက်မ၊ ၆ လက် မ အထိ ရန်ကုန်မှာ မိုးရွာဘူးကြောင်း ကမ္ဘာအေး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုးဌာနက တာဝန်ရှိသူက ပြောသည်။

*** ZAWGYI ***
မိုး႐ြာသြန္းမႈႏွင့္ စစ္ေဆးမႈမ်ားေၾကာင့္ ရန္ကုန္ ေနရာအခ်ိဳ႕ လမ္းေၾကာပိတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ယေန႔ စက္တင္ဘာလ ၉ ရက္ေန႔ မြန္းလြဲပိုင္းတြင္ ႐ြာသြန္းခဲ့သည့္ မိုးေၾကာင့္ ရန္ကုန္ၿမိဳ႕ ကားလမ္းအခ်ိဳ႕ ေရႀကီး ေရလွ်ံမႈ ျဖစ္ခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ စစ္ေဆးေရးဂိတ္မ်ားေၾကာင့္ ခရီးသြားျပည္သူမ်ား အခက္ အခဲ ျဖစ္ခဲ့သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

ယေန႔မြန္းလြဲ တစ္နာရီခန႔္က ႐ြာသည့္မိုးေၾကာင့္ ေ႐ႊဂုံတိုင္လမ္းမႀကီး၊ အင္းစိန္လမ္းမႀကီး၊ သမိုင္းလမ္းဆုံ၊ ဘူ တာ႐ုံလမ္း၊ ႐ြာမေက်ာင္းလမ္း၊ ကမာ႐ြတ္ခိုင္ေ႐ႊဝါလမ္း တို႔တြင္ ေပါင္းရင္းခန႔္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ ေၾကာင္း အသက္ ၃၀ အ႐ြယ္ အငွားယာဥ္ေမာင္းတစ္ဦး က ေျပာသည္။

စမ္းေခ်ာင္းဘက္တြင္ ညေနပိုင္းက စစ္ေကာင္စီ ကင္းလွည့္ကား တစ္စီး တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီ တပ္မ်ား၏ ပိတ္ဆို႔ရွာေဖြမႈေၾကာင့္ တကၠစီမ်ား၊ ကိုယ္ပိုင္ကားမ်ား၊ YBS မ်ား ပုံမွန္ မဟုတ္သည့္ လမ္းေၾကာင္း မ်ားမွ လမ္းေၾကာင္းရွာ ၿပီးသြားခဲ့ရသည္ဟု ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

ကမ္းနားလမ္းမႀကီး၊ ေအာက္ၾကည့္ျမင္တိုင္လမ္းႀကီးၿမိဳ႕ထဲ ဘက္သြားသည့္ ကားမ်ားကိုလည္း စစ္ေကာင္စီ တပ္ ဖြဲ႕ဝင္မ်ားက စစ္ေဆးေနသကဲ့သို႔ ဗိုလ္ခ်ဳပ္လမ္း၊ ကမာၻေအးဘုရားလမ္း၊ သမၼတ႐ုံ အနီးတဝိုက္တြင္ ကားမ်ားကို သြားလာခြင့္မျပဳပဲ ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္ဟု ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

”မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကားေတြက ေရွ႕မွာစစ္ေနၾကတယ္။ ျပန္လွည့္ဖို႔ လက္နဲ႔ အခ်က္ျပတယ္။ ေရွ႕ ဘက္မွာ အဝါေရာင္ အတန္းသုံးတန္းတားၿပီး ပိတ္ထားတာ အားလုံး ေနာက္ျပန္လွည့္ခိုင္းတယ္“ ဟု ၎က ေျပာသည္။

မိုးေလဝသႏွင့္ ဇလေဗဒ ၫြန္ၾကားမႈ ဦးစီးဌာန (ကမာၻေအး) တာဝန္ရွိသူ တစ္ဦးက “ေရႀကီးေရ လွ်ံတာေတြေတာ့ ျဖစ္သြားတယ္။ စံခ်ိန္တင္မိုးေရခ်ိန္ေတာ့မဟုတ္ဘူး” ဟု ေျပာသည္။

ယေန႔ ရန္ကုန္ၿမိဳ႕ လယ္႐ြာသည့္မိုးသည္ ၉၂ မီလီမီတာ(၃ ဒႆမ ၅၁ လက္မ) ရွိၿပီး ယခင္က ၅ လက္မ၊ ၆ လက္ မ အထိ ရန္ကုန္မွာ မိုး႐ြာဘူးေၾကာင္း ကမာၻေအး မိုးေလဝသႏွင့္ဇလေဗဒၫြန္ၾကားေရးမႈးဌာနက တာဝန္ရွိသူက ေျပာသည္။