လေးလကြာ ဒဏ်ရာဖြင့် အရပ်သား တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက လက်နက်ကြီးထိမှန်ထားသည့် အမျိုးသား တစ်ဦး စက်တင်ဘာ ၇ ရက်က သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာက လွန်ခဲ့သည့် ၄ လကျော် ဧပြီလ ၁၇ရက်နေ့တွင်လက်နက်ကြီး ကျည်စထိမှန်ပြီး ကျောနှင့် တင်ပါးတို့တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသား စက်တင်ဘာလ ၇ ရက်နေ့ က သေဆုံးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ခါးနောက်ကျောကုန်းမှာ မှန်ထားတဲ့ အစက ဦးနှောက်က အာရုံကြောကို ထိမှာစိုးလို့ထုတ်လို့မရဘူး။ ထုတ်ရင် အသက်အန္တရာယ်ရှိတယ်လို့ ပြောတယ်။ အဲ့ဒီဒဏ်ရာက တဖြည်းဖြည်း ပုပ်လာပြီး သေသွားတာ” ဟု မော် ဖောင်းကျေးရွာက အမျိုးသမီးတစ်ဦး က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က မော်ဖောင်းကျေးရွာအတွင်းက နေအိမ်ထမင်းချက်ဆောင်အပေါ် လက်နက်ကြီးကျည် တစ်လုံးကျပြီး အသက် ၅၀ ကျော်အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ထိုနေအိမ်၏ ထမင်းချက်ဆောင်လည်း ပျက်စီးခဲ့သည်။

မော်ဖောင်းကျေးရွာအနီးတွင် မြစ်ကြီးနားလေတပ်စခန်းရှိပြီး ဧပြီလ ၁၇ ရက်နေ့ကပစ်ခဲ့သည့် လက်နက်ကြီး သည် မည်သည့် အဖွဲ့ကပစ်ခတ်ခဲ့သည့် တိတိကျကျ မသိရသေးသော်လည်း ဒေသခံအများစုက စစ်ကောင်စီ တပ်ဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်သာဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုကြသည်။

*** ZAWGYI ***
ေလးလၾကာ ဒဏ္ရာျဖင့္ အရပ္သား တစ္ဦး ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕အနီးက လက္နက္ႀကီးထိမွန္ထားသည့္ အမ်ိဳးသား တစ္ဦး စက္တင္ဘာ ၇ ရက္က ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ေမာ္ေဖာင္းေက်း႐ြာက လြန္ခဲ့သည့္ ၄ လေက်ာ္ ဧၿပီလ ၁၇ရက္ေန႔တြင္လက္နက္ႀကီး က်ည္စထိမွန္ၿပီး ေက်ာႏွင့္ တင္ပါးတို႔တြင္ ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသား စက္တင္ဘာလ ၇ ရက္ေန႔ က ေသဆုံးသြားသည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

“ခါးေနာက္ေက်ာကုန္းမွာ မွန္ထားတဲ့ အစက ဦးေႏွာက္က အာ႐ုံေၾကာကို ထိမွာစိုးလို႔ထုတ္လို႔မရဘူး။ ထုတ္ရင္ အသက္အႏၲရာယ္ရွိတယ္လို႔ ေျပာတယ္။ အဲ့ဒီဒဏ္ရာက တျဖည္းျဖည္း ပုပ္လာၿပီး ေသသြားတာ” ဟု ေမာ္ ေဖာင္းေက်း႐ြာက အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

ဧၿပီလ ၁၇ ရက္ေန႔က ေမာ္ေဖာင္းေက်း႐ြာအတြင္းက ေနအိမ္ထမင္းခ်က္ေဆာင္အေပၚ လက္နက္ႀကီးက်ည္ တစ္လုံးက်ၿပီး အသက္ ၅၀ ေက်ာ္အမ်ိဳးသားတစ္ဦး ဒဏ္ရာရခဲ့ျခင္း ျဖစ္သည္။

ထိုေနအိမ္၏ ထမင္းခ်က္ေဆာင္လည္း ပ်က္စီးခဲ့သည္။

ေမာ္ေဖာင္းေက်း႐ြာအနီးတြင္ ျမစ္ႀကီးနားေလတပ္စခန္းရွိၿပီး ဧၿပီလ ၁၇ ရက္ေန႔ကပစ္ခဲ့သည့္ လက္နက္ႀကီး သည္ မည္သည့္ အဖြဲ႕ကပစ္ခတ္ခဲ့သည့္ တိတိက်က် မသိရေသးေသာ္လည္း ေဒသခံအမ်ားစုက စစ္ေကာင္စီ တပ္ဘက္က ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္သာျဖစ္ႏိုင္သည္ဟု ခန႔္မွန္း ေျပာဆိုၾကသည္။