အမ်းမြို့နယ် ဒီရေတောကို ဆရာတော် ဦးဥတ္တမ အမည်မှည့်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိသည့် ဒီရေတောတစ်ခုအား စက်တင်ဘာ ၉ရက်နေ့က “အာရှနေဝန်း ဆရာ တော်ဦးဥတ္တမ ဘေးမဲ့ ဒီရေတော“ အဖြစ် အမည်ပေး သတ်မှတ်လိုက်ကြောင်း အမ်းမြို့ဒေသခံများက ပြော သည်။
၈၂ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အားဂုဏ်ပြုသည့် အနေဖြင့် အမ်းမြို့၏တောင်ဘက် ဧက ၂၀၀ ခန့် ကျယ်ဝန်းသည့် ဒီရေတောအား အမည်ပေး သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ကိုမျိုးလွင် က ပြောသည်။
ဒီရေတောအား သက်ဆိုင်ရာ ဆရာတော်များနှင့် ကျေးရွာသားများ၏ သဘောတူညီချက်ကိုရယူကာ သတ်မှတ် လိုက်ခြင်း ဖြစ်ပြီး ဒီရေတောအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် “အာရှနေဝန်း ဆရာတော်ဦးဥတ္တမဘေးမဲ့ ဒီရေတော ထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့” တစ်ခုကိုလည်း ကျေးရွာပေါင်း ၁၅ ရွာက ဆရာတော်များ အပါအဝင် ရွာသူ၊ ရွာသား အယောက် ၁၀၀ ခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ကိုမျိုးလွင် က ပြောသည်။
ဒီရေတောအား အသိအမှတ်ပြုပေးနိုင်ရန် အတွက် ULA/AA နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံ စာဖြင့် တင်ပြပြီး အကြောင်းကြားထားကြောင်း အမ်းမြို့နယ်၊ သပြုချိုင်ကျွန်း ရေကောင်းချိန် ဆရာတော် အရှင်ဥယျဓမ္မ က မိန့်ကြားသည်။
“ပြုန်းတီးသွားတဲ့ သစ်ပင်တွေအတွက် ပြန်စိုက်ပျိုးသွားမယ်၊ ဒီရေတောကို အမှီပြုပြီးနေထိုင်တဲ့ ရှားပါးငှက် တွေ၊ ရှားပါးသတ္တဝါ၊ သားငါးပုဇွန် ကဏန်းတွေကိုလည်း ထိန်းသိမ်းရာရောက်အောင်၊ တိရစ္ဆာန်တွေကို ဖမ်းဆီး သတ်ဖြတ်ခြင်းကိုလည်း ကာကွယ်တားဆီးနိုင်အောင် ဘေးမဲ့ဒီရေတော ဆိုတဲ့နာမည်နဲ့အညီ လုပ်ဆောင်သွား မယ်“ဟု ဆရာတော် က မိန့်ကြားသည်။
ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုအမည်ပေးထားသည့် ဒီရေတောရှိရာ ကျွန်းတွင် ဆောင်း၊ လမု၊ လမဲ့၊ မဒမ စ သည့် ဒီရေတော မျိုးစိတ်သစ်ပင်များကို စိုက်ပျိုးခဲ့ပြီး သစ်မခုတ်ရ၊ ငှက်မပစ်ရ အသိပေးစာများကိုလည်း ဒီရေ တော အတွင်း ကပ်ထားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့် မြို့နယ်လေးခုတွင် ဒီရေတော ပျက်စီး ပြုန်းတီးမှု ၇၅ ရာခိုင်နှုန်းခန့် အထိရှိလာနေကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ဒီရေတောထိန်းသိမ်းစောင့်ရှောက် ရေး အဖွဲ့များထံမှ သိရသည်။
*** ZAWGYI ***
ထားဝယ်ခရိုင်အတွင်း NLD ထောက်ခံသူ တစ်ဦး ပစ်သတ်ခံရ
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝဗျောကျေးရွာတွင် နေထိုင်သည့် NLD ပါတီကို အားပေး ဝန်းရံသူတစ်ဦးအား လူနှစ်ဦးမှ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်း NLD ပါတီ ထောက်ခံသူ ဦးဂျပန်နေအား ၎င်း၏အိမ်အတွင်း အမျိုးသားနှစ်ဦး က ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေရာတွင် သေဆုံးသွား သည်ဟု ဒေသခံရွာသားများ က ပြောသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသူ ဦးဂျပန်၏ အမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးရုံတင်ထားသည်ဟု သေဆုံးသွား သည်ဟု အသက် ၅၀ ခန့် အရွယ်ဒေသခံ ရွာသားတစ်ဦး က ပြောသည်။
“သေနတ်သံလိုမျိုးတော့ သုံးလေးချက် ကြားလိုက်တယ်။ ဒါပေမယ့် အင်ဂျင်စက်သံထင်ပြီး သွားမကြည့်ဖြစ်ခဲ့ ဘူး။ ခဏလေးနဲ့ အသံပျောက်သွားပြီး လူအော်ငြီးသံ ကြားရလို့ မသင်္ကာဖြစ်ပြီး သွားကြည့်တာ လဲကျနေတာ တွေ တွေ့တာပဲ” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံရွာသားတစ်ဦး က ပြောသည်။
သေနတ်ဖြင့် လာရောက်သတ်သွားသူသည် မည်သူ၊ မည်ဝါဖြစ်သည်ကို အတိအကျမသိရဟု ရွာသားများက ပြောသည်။
သေဆုံးသူ ဦးဂျပန်သည် ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အား အထူးအားပေး ဝန်းရံသူတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးနိုင်ရေး အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း ရှောင်တိမ်းနေခဲ့ခြင်းကြောင့် ဖမ်းမမိခဲ့ပဲ လွတ်မြောက်နေခဲ့သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံရွာသား များ က ပြောသည်။
ထားဝယ်ခရိုင်အတွင်း NLD ပါတီဝင်များနှင့် NLD ဝန်းရံသူများကို စီရင်သွားမည်ဟု ပျူစောထီးအဖွဲ့က ခြိမ်း ခြောက်ထားသည့် စာကို ဇွန်လကုန်ပိုင်းတွင် ဒေသအတွင်း ထုတ်ပြန်ဖြန့်ဝေခဲ့သည်များရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။