ရန်ကုန် ဆန်ကုန်စည်သို့ ဆန်များကို ရဲအစောင့်အကြပ်ဖြင့် လာရောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
ရန်ကုန်မြို့၊ ဆန်ကုန်စည်ဒိုင်တွင် စက်တင်ဘာ ၁၃ ရက်နေ့ က လက်နက်ကိုင် လုံခြုံရေး ရဲ အစောင့်အရှောက် ၁၀ ဦးခန့်ဖြင့် ဆန်များလာရောက် ရောင်းချခဲ့ကြောင်း ဝါးတန်းကုန်စည်ဒိုင်က ဆန်ရောင်း ဝယ် သူများက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က D-Day ကြေညာခဲ့ပြီးနောက် ပြည်တွင်း ဆန်အချောဈေးနှုန်းက တစ်အိတ် လျှင် ကျပ် ၂၀၀၀ ခန့် တက်လာသဖြင့် ဆန်ဈေးကို ထိန်းသည့်သဘောဖြင့် ဒိုင်တွင် လက်လီလာရောင်းပေး ခြင်း ဖြစ်နိုင်ကြောင်း ဆန်လာရောက်ရောင်းဝယ်သူတစ်ဦးက ပြောသည်။
“ဒိုင်မှာ လက်လီရောင်းတဲ့ သဘောမျိုးပေါ့။ ဒိုင်မှာလက်လီလည်း ရောင်းမယ်။ လက်ကားလည်း ရောင်းမယ် ပေါ့။ ဒိုင်ရဲ့တစ်နေရာမှာ နေရာယူပြီး လာရောင်းတာ” ဟု ၎င်းက ပြောသည်။
ဝါးတန်းဆိပ်ကမ်း ဆန်ကုန်စည်ဒိုင်သည် မြန်မာနိုင်ငံ၏ အဓိက ဆန်လက်ကား ဈေးကွက်ဖြစ်ပြီး မြစ်ဝကျွန်းပေါ် ဒေသက ဆန်များ၊ ပဲခူးတိုင်းအရှေ့နှင့် အနောက်ဘက်က ဆန်များ၊ စစ်ကိုင်းတိုင်း ရွှေဘိုဒေသက ဆန်များကို ပြည်တွင်းဈေးကွက် အတွက်အပြင် ပြည်ပဈေးကွက်အတွက်ပါ ဆန်အိတ်ရာနှင့် ချီကာ လက်ကားရောင်းချ နေ သည့် နေရာဖြစ်သည်။
စစ်တပ် အာဏာမသိမ်းခင်က တာဝန်ယူခဲ့သည့် ကုန်စည်ဒိုင်၏ ဥက္ကဋ္ဌသည် နှုတ်ထွက်သွားပြီး ယခုလာရောက် ရောင်းချနေသူမှာ နဝတ၊ နအဖ ခေတ်က ဒိုင်၏ဥက္ကဋ္ဌလုပ်သူ ဦးအောင်သန်းဦး ဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ဦးအောင်သန်းဦးသည် ဆန်စပါးကုန်သည်အသင်းတွင် ဥက္ကဋ္ဌလည်းလုပ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။
နဝတ၊ နအဖခေတ်ကတည်းက ဆန်းဈေးတက်လျှင် ဆန်ကုန်သည်ကြီးများကို ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးပြီး ဆန်ဈေး ကျအောင်လုပ်ခဲ့ဖူးကြောင်း ယခုဧရာဝတီတိုင်းမှ အသက် ၆၀ ကျော်အရွယ် ဆန်ကုန်သည်တစ်ဦး က ပြောသည်။
ဆန်အဝင်နည်း၍သာ ဆန်ချောတစ်အိတ်အား ကျပ် ၂၀၀၀ ခန့်သာ တက်သေးခြင်းဖြစ်သည်ဟု အထက်ပါ ဆန်ကုန်သည် က ပြောသည်။
ထို့အပြင် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်တွင် နှစ်ပေါင်း ၄၀ ကျော်ခန့် အရောင်းအဝယ်လုပ်နေသူ တစ်ဦး က လည်း “ရောင်းတာကတော့ ရောင်းလို့ရပါတယ်။ ဒါပေမယ့် ရဲတွေပါခေါ်လာပြီး သေနတ်တွေ တကားကားနဲ့ ဆို တော့ ဒိုင်ကလူတွေကို ကြောက်စေ ချင်တာလား ဘယ်လိုသဘောလဲပေါ့။ အမြင်မကြည်စရာ ဖြစ်တာပေါ့” ဟု ပြောသည်။
ယခုလာရောက် ရောင်းချခဲ့သည် ဆန်များသည် အရံဆန်အဖြစ် သိုလှောင်ထားသည့် ဆန်ကြမ်းများ သာမကဘဲ ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်းများလည်းပါပြီး အကြမ်းတအိတ်လျှင် ၂၃၅၀၀ ကျပ် ရှိသည်ဟု ဆန်ကုန်များ က ဆိုသည်။
ဝါးတန်းကုန်စည်ဒိုင် ဆန်ရောင်းဝယ်တွင် လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ လာရောင်းခဲ့သည့် ဆန်များမှာ ဆန်ကွဲရော ထားသည့် ဆန်အကြမ်းများလည်းပါသည် ဟု အသက် ၄၅ နှစ်ခန့် ရှိသူ ဆန်ပွဲစား တစ်ဦး က ပြောသည်။
ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချသည့်ဆန်မှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၅၄၀၀၀ ကျပ်၊ ပေါ်ကျွဲ တစ်အိတ် လျှင် ၄၀၅၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၂၃၅၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။
အဆိုပါ ဆန်စျေးများသည် ဒိုင်ပေါက်ဈေး အတိုင်းသာ ဖြစ်သည်ဟု ဆန်ကုန်သည်များက ဆိုသည်။
*** ZAWGYI ***
ရန္ကုန္ ဆန္ကုန္စည္သို႔ ဆန္မ်ားကို ရဲအေစာင့္အၾကပ္ျဖင့္ လာေရာင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။
ရန္ကုန္ၿမိဳ႕၊ ဆန္ကုန္စည္ဒိုင္တြင္ စက္တင္ဘာ ၁၃ ရက္ေန႔ က လက္နက္ကိုင္ လုံၿခဳံေရး ရဲ အေစာင့္အေရွာက္ ၁၀ ဦးခန႔္ျဖင့္ ဆန္မ်ားလာေရာက္ ေရာင္းခ်ခဲ့ေၾကာင္း ဝါးတန္းကုန္စည္ဒိုင္က ဆန္ေရာင္း ဝယ္ သူမ်ားက ေျပာသည္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က D-Day ေၾကညာခဲ့ၿပီးေနာက္ ျပည္တြင္း ဆန္အေခ်ာေဈးႏႈန္းက တစ္အိတ္ လွ်င္ က်ပ္ ၂၀၀၀ ခန႔္ တက္လာသျဖင့္ ဆန္ေဈးကို ထိန္းသည့္သေဘာျဖင့္ ဒိုင္တြင္ လက္လီလာေရာင္းေပး ျခင္း ျဖစ္ႏိုင္ေၾကာင္း ဆန္လာေရာက္ေရာင္းဝယ္သူတစ္ဦးက ေျပာသည္။
“ဒိုင္မွာ လက္လီေရာင္းတဲ့ သေဘာမ်ိဳးေပါ့။ ဒိုင္မွာလက္လီလည္း ေရာင္းမယ္။ လက္ကားလည္း ေရာင္းမယ္ ေပါ့။ ဒိုင္ရဲ႕တစ္ေနရာမွာ ေနရာယူၿပီး လာေရာင္းတာ” ဟု ၎က ေျပာသည္။
ဝါးတန္းဆိပ္ကမ္း ဆန္ကုန္စည္ဒိုင္သည္ ျမန္မာႏိုင္ငံ၏ အဓိက ဆန္လက္ကား ေဈးကြက္ျဖစ္ၿပီး ျမစ္ဝကြၽန္းေပၚ ေဒသက ဆန္မ်ား၊ ပဲခူးတိုင္းအေရွ႕ႏွင့္ အေနာက္ဘက္က ဆန္မ်ား၊ စစ္ကိုင္းတိုင္း ေ႐ႊဘိုေဒသက ဆန္မ်ားကို ျပည္တြင္းေဈးကြက္ အတြက္အျပင္ ျပည္ပေဈးကြက္အတြက္ပါ ဆန္အိတ္ရာႏွင့္ ခ်ီကာ လက္ကားေရာင္းခ် ေန သည့္ ေနရာျဖစ္သည္။
စစ္တပ္ အာဏာမသိမ္းခင္က တာဝန္ယူခဲ့သည့္ ကုန္စည္ဒိုင္၏ ဥကၠ႒သည္ ႏႈတ္ထြက္သြားၿပီး ယခုလာေရာက္ ေရာင္းခ်ေနသူမွာ နဝတ၊ နအဖ ေခတ္က ဒိုင္၏ဥကၠ႒လုပ္သူ ဦးေအာင္သန္းဦး ျဖစ္သည္ဟု ဆန္ကုန္သည္တစ္ဦးက ေျပာသည္။
ဦးေအာင္သန္းဦးသည္ ဆန္စပါးကုန္သည္အသင္းတြင္ ဥကၠ႒လည္းလုပ္ခဲ့ၿပီး ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ႀကံခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ အမတ္အျဖစ္ ေ႐ြးေကာက္ပြဲဝင္ေရာက္ခဲ့သူလည္း ျဖစ္သည္။
နဝတ၊ နအဖေခတ္ကတည္းက ဆန္းေဈးတက္လွ်င္ ဆန္ကုန္သည္ႀကီးမ်ားကို ျပန္ေပးဆြဲသကဲ့သို႔ ဖမ္းဆီးၿပီး ဆန္ေဈး က်ေအာင္လုပ္ခဲ့ဖူးေၾကာင္း ယခုဧရာဝတီတိုင္းမွ အသက္ ၆၀ ေက်ာ္အ႐ြယ္ ဆန္ကုန္သည္တစ္ဦး က ေျပာသည္။
ဆန္အဝင္နည္း၍သာ ဆန္ေခ်ာတစ္အိတ္အား က်ပ္ ၂၀၀၀ ခန႔္သာ တက္ေသးျခင္းျဖစ္သည္ဟု အထက္ပါ ဆန္ကုန္သည္ က ေျပာသည္။
ထို႔အျပင္ ဝါးတန္းဆန္စပါး ကုန္စည္ဒိုင္တြင္ ႏွစ္ေပါင္း ၄၀ ေက်ာ္ခန႔္ အေရာင္းအဝယ္လုပ္ေနသူ တစ္ဦး က လည္း “ေရာင္းတာကေတာ့ ေရာင္းလို႔ရပါတယ္။ ဒါေပမယ့္ ရဲေတြပါေခၚလာၿပီး ေသနတ္ေတြ တကားကားနဲ႔ ဆို ေတာ့ ဒိုင္ကလူေတြကို ေၾကာက္ေစ ခ်င္တာလား ဘယ္လိုသေဘာလဲေပါ့။ အျမင္မၾကည္စရာ ျဖစ္တာေပါ့” ဟု ေျပာသည္။
ယခုလာေရာက္ ေရာင္းခ်ခဲ့သည္ ဆန္မ်ားသည္ အရံဆန္အျဖစ္ သိုေလွာင္ထားသည့္ ဆန္ၾကမ္းမ်ား သာမကဘဲ ဆန္ေခ်ာျဖစ္သည့္ ေ႐ႊဘိုေပၚဆန္းမ်ားလည္းပါၿပီး အၾကမ္းတအိတ္လွ်င္ ၂၃၅၀၀ က်ပ္ ရွိသည္ဟု ဆန္ကုန္မ်ား က ဆိုသည္။
ဝါးတန္းကုန္စည္ဒိုင္ ဆန္ေရာင္းဝယ္တြင္ လုံၿခဳံေရးရဲ တပ္ဖြဲ႕ဝင္မ်ား လာေရာင္းခဲ့သည့္ ဆန္မ်ားမွာ ဆန္ကြဲေရာ ထားသည့္ ဆန္အၾကမ္းမ်ားလည္းပါသည္ ဟု အသက္ ၄၅ ႏွစ္ခန႔္ ရွိသူ ဆန္ပြဲစား တစ္ဦး က ေျပာသည္။
ကုန္စည္ဒိုင္သို႔ လာေရာက္ေရာင္းခ်သည့္ဆန္မွာ ေပၚဆန္းေမႊးတစ္အိတ္လွ်င္ ၅၄၀၀၀ က်ပ္၊ ေပၚကြၽဲ တစ္အိတ္ လွ်င္ ၄၀၅၀၀ က်ပ္၊ ဆန္ၾကမ္းတစ္အိတ္လွ်င္ ၂၃၅၀၀ က်ပ္ျဖင့္ ေရာင္းခ်ေနျခင္းျဖစ္သည္။
အဆိုပါ ဆန္ေစ်းမ်ားသည္ ဒိုင္ေပါက္ေဈး အတိုင္းသာ ျဖစ္သည္ဟု ဆန္ကုန္သည္မ်ားက ဆိုသည္။