ဗုံးပေါက်ကွဲမှု ဘုန်းကြီး ၂ ပါးနှင့် လူ ၅ ဦးကို ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘုန်းကြီးကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဘုန်းကြီး ၂ ပါး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးထားကြောင်း မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ကမ္ဘာအေးလမ်းရှိ ဇေယျာသိဒ္ဓိ ဘုန်းကြီး ကျောင်းဝန်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများထဲတွင် ဒဏ်ရာရရှိထားသူ တစ်ဦးလည်းပါဝင်သည်ဟု အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။
“ဆိုင်ကယ်နဲ့ ပို့သူတဲ့ကို ည ၁၁ နာရီလောက်မှာ ကျောင်းရှေ့ ရပ်ကွက်ထဲက သူ့အိမ်မှာမိတယ်။ ဒဏ်ရာနဲ့ သူကို တော့ ရှမ်းရွာဘက်မှာ မနက် ၅ နာရီလောက်က မိတယ်လို့ သိရတယ်” ဟု ပုသိမ်မြို့ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ် ဦး က ပြောသည်။
သက်တော် ၃၈ နှစ်ရှိ ဇေယျာသီဒ္ဓိ ကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဥူးဓမ္မသာရ၊ သက်တော် ၃၃ နှစ် ရှိ ရှင်အင်္ဂရ နှင့် အကန်ကြီးထောင့်မြို့နယ် သာယာကုန်းတွင် နေထိုင်သူ အသက် ၂၀ ရှိ ကိုစည်သူ တို့ကို အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။
ပုသိမ်မြို့ ဘုရားကြီးကုန်းရွာနေ ဒဏ်ရာ ရရှိသူ အသက် ၃၀ နှစ် အရွယ် ကိုကျော်ရဲအောင် ကို ကန်ကြီးထောင့် မြို့ နယ် ရှမ်းရွာတွင် ဖမ်းမိပြီး ဆိုင်ကယ်ဖြင့် လိုက်ပို့သူ အသက် ၃၀ နှစ်ရှိ ကိုလှိုင်မြင့်ကို ပေါက်ကွဲမှုဖြစ်သည့် လမ်း ရှိ ၎င်း၏နေအိမ်တွင် ဖမ်းမိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
“လက်လုပ်မိုင်း လုပ်တုန်း ပေါက်ကွဲတာပါ။ သက်ဆိုင်သူ အားလုံးကို အချိန်တို တွင်း ဖမ်းနိုင်ခဲ့ပါတယ်။ ကျော်ရဲ အောင်က ဒဏ်ရာပြင်းလို့ စစ်ဆေးရုံမှာ ဆေးကုပေးထားပါတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦး က ပြောသည်။
ပေါက်ကွဲမှုဖြစ်သည့် နေရာတွင် ကီးပက်ဖုန်းအပိုင်းအစများ၊ ဖုန်းဘတ္ထရီခြောက်၊ ဒီတိုနေတာ၊ ကတ်တာ၊ ပိုက် ဖြတ်စက်၊ ပိုက်ဖြတ်လွှ၊ လက်ထိုးလွှာ၊ ကွန်ပိုက် အပိုင်းအစများ၊ ယမ်းကြိုးစများ၊ ပါဝါဓါတ်ခဲ အသေး၊ ဂက်စ်မီး ခြစ်၊ ခဲတံချွန်ဓါး၊ ဝါယာကြိုးစ၊ ပျက်စီးနေသည့် ကီးပတ်ဖုန်း၊ ကော်ဗူးအဖြူ၊ ဆေးထိုးပိုက် အကြီးအသေး၊ ကီး ပတ်ဖုန်းဓါတ်ခဲခြောက်တို့ကို သိမ်းဆည်းရမိထားသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်က ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်၊ ကမ္ဘာအေးလမ်း၊ ဇေယျာသိဒ္ဓိ ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဇေယျမင်္ဂလာဓမ္မာရုံအတွင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား ခဲ့သည်။
ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသည့် ပုသိမ်မြို့တွင် မေလ မှ စက်တင်ဘာလ အတွင်း ဗုံးပေါက်ကွဲ မှု ကြောင့် ဗုံးလုပ်သည့် အရပ်သား ၂ ဦး၊ မီတာရုံး ဝန်ထမ်း ၁ ဦး နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြ သည်။
*** ZAWGYI ***
ဗုံးေပါက္ကြဲမႈ ဘုန္းႀကီး ၂ ပါးႏွင့္ လူ ၅ ဦးကို ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ဘုန္းႀကီးေက်ာင္းဝန္းအတြင္း ျဖစ္ပြားခဲ့သည့္ ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ဘုန္းႀကီး ၂ ပါး အပါအဝင္ ျပည္သူ ၅ ဦးကို ဖမ္းဆီးထားေၾကာင္း ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေျပာသည္။
ပုသိမ္ၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္၊ ကမာၻေအးလမ္းရွိ ေဇယ်ာသိဒၶိ ဘုန္းႀကီး ေက်ာင္းဝန္းအတြင္း ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ဖမ္းဆီးခံရသူမ်ားထဲတြင္ ဒဏ္ရာရရွိထားသူ တစ္ဦးလည္းပါဝင္သည္ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕က ေျပာသည္။
“ဆိုင္ကယ္နဲ႔ ပို႔သူတဲ့ကို ည ၁၁ နာရီေလာက္မွာ ေက်ာင္းေရွ႕ ရပ္ကြက္ထဲက သူ႔အိမ္မွာမိတယ္။ ဒဏ္ရာနဲ႔ သူကို ေတာ့ ရွမ္း႐ြာဘက္မွာ မနက္ ၅ နာရီေလာက္က မိတယ္လို႔ သိရတယ္” ဟု ပုသိမ္ၿမိဳ႕ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ ဦး က ေျပာသည္။
သက္ေတာ္ ၃၈ ႏွစ္ရွိ ေဇယ်ာသီဒၶိ ေက်ာင္းတိုက္ ေက်ာင္းထိုင္ ဆရာေတာ္ ဥဴးဓမၼသာရ၊ သက္ေတာ္ ၃၃ ႏွစ္ ရွိ ရွင္အဂၤရ ႏွင့္ အကန္ႀကီးေထာင့္ၿမိဳ႕နယ္ သာယာကုန္းတြင္ ေနထိုင္သူ အသက္ ၂၀ ရွိ ကိုစည္သူ တို႔ကို အဆိုပါ ဘုန္းႀကီးေက်ာင္းတြင္ ဖမ္းဆီးလိုက္ျခင္းျဖစ္သည္ ဟု စစ္ေကာင္စီ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ားထံမွ သိရသည္။
ပုသိမ္ၿမိဳ႕ ဘုရားႀကီးကုန္း႐ြာေန ဒဏ္ရာ ရရွိသူ အသက္ ၃၀ ႏွစ္ အ႐ြယ္ ကိုေက်ာ္ရဲေအာင္ ကို ကန္ႀကီးေထာင့္ ၿမိဳ႕ နယ္ ရွမ္း႐ြာတြင္ ဖမ္းမိၿပီး ဆိုင္ကယ္ျဖင့္ လိုက္ပို႔သူ အသက္ ၃၀ ႏွစ္ရွိ ကိုလႈိင္ျမင့္ကို ေပါက္ကြဲမႈျဖစ္သည့္ လမ္း ရွိ ၎၏ေနအိမ္တြင္ ဖမ္းမိေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားသည္။
“လက္လုပ္မိုင္း လုပ္တုန္း ေပါက္ကြဲတာပါ။ သက္ဆိုင္သူ အားလုံးကို အခ်ိန္တို တြင္း ဖမ္းႏိုင္ခဲ့ပါတယ္။ ေက်ာ္ရဲ ေအာင္က ဒဏ္ရာျပင္းလို႔ စစ္ေဆး႐ုံမွာ ေဆးကုေပးထားပါတယ္” ဟု အမည္မေဖာ္လိုသူ ရဲအရာရွိ တစ္ဦး က ေျပာသည္။
ေပါက္ကြဲမႈျဖစ္သည့္ ေနရာတြင္ ကီးပက္ဖုန္းအပိုင္းအစမ်ား၊ ဖုန္းဘတၳရီေျခာက္၊ ဒီတိုေနတာ၊ ကတ္တာ၊ ပိုက္ ျဖတ္စက္၊ ပိုက္ျဖတ္လႊ၊ လက္ထိုးလႊာ၊ ကြန္ပိုက္ အပိုင္းအစမ်ား၊ ယမ္းႀကိဳးစမ်ား၊ ပါဝါဓါတ္ခဲ အေသး၊ ဂက္စ္မီး ျခစ္၊ ခဲတံခြၽန္ဓါး၊ ဝါယာႀကိဳးစ၊ ပ်က္စီးေနသည့္ ကီးပတ္ဖုန္း၊ ေကာ္ဗူးအျဖဴ၊ ေဆးထိုးပိုက္ အႀကီးအေသး၊ ကီး ပတ္ဖုန္းဓါတ္ခဲေျခာက္တို႔ကို သိမ္းဆည္းရမိထားသည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရသည္။
စက္တင္ဘာလ ၁၂ ရက္ေန႔ ညေန ၆ နာရီအခ်ိန္က ပုသိမ္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္၊ ကမာၻေအးလမ္း၊ ေဇယ်ာသိဒၶိ ဘုန္းႀကီးေက်ာင္းဝန္း အတြင္းရွိ ေဇယ်မဂၤလာဓမၼာ႐ုံအတြင္းတြင္ လက္လုပ္မိုင္း ေပါက္ကြဲမႈျဖစ္ပြား ခဲ့သည္။
ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားေနသည့္ ပုသိမ္ၿမိဳ႕တြင္ ေမလ မွ စက္တင္ဘာလ အတြင္း ဗုံးေပါက္ကြဲ မႈ ေၾကာင့္ ဗုံးလုပ္သည့္ အရပ္သား ၂ ဦး၊ မီတာ႐ုံး ဝန္ထမ္း ၁ ဦး ႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာ ရရွိခဲ့ၾက သည္။