စလင်း NLD မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး စက်တင်ဘာလ ၁၄ ရက်နေ့ တွင် ပစ်သတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသူမှာ မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး ဖြစ်သူ ကိုနိုင်လင်း ဖြစ်သည်ဟု ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။
ကိုနိုင်လင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့တွင် သေနတ်ဖြင့် ဝင်ပစ်ပြီး နောက်ပိုင်း သေဆုံး သွားခြင်းဖြစ်သည်။
စလင်းမြို့၊ ဝန်းရကျေးရွာအုပ်စု၊ ခင်ပလူကျေးရွာရှိ ကိုနိုင်လင်းအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ပစ်စဉ် အစောပိုင်းက ကိုနိုင်လင်းထွက်ပြေးသွားနိုင်ခဲ့သည်။ ထွက်ပြေးသွားသော်လည်း သေနတ်မှန်မမှန်ကို မသိရကြောင်း ကိုနိုင်လင်း၏ ဇနီးက ပြောသည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များက ညနေ ၅နာရီခွဲ အချိန်ခန့်တွင် ကိုနိုင်လင်း၏ အလောင်းကို စလင်းဆေးရုံကို ပို့သွားသည်ဟု သိရကြောင်း ဇနီးသည် က ပြောသည်။
”ကိုနိုင်လင်းက ဘယ်လိုပြေးပြီး ဘယ်နေရာမှာသေလဲဆိုတာ မသိရပါဘူး” ဟု ကိုနိုင်လင်း ၏ ဇနီးက ပြောသည်။
ဇနီးသည် သည် ဆေးရုံက အကြောင်းကြားလာမှသာ သေဆုံးကြောင်း သိရသည်ဟု ဆိုသည်။
စလင်းလမ်းဆုံတွင် ဦးခေါင်း သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ကိုနိုင်လင်း၏ အလောင်းကို ယခုခါ ဆေးရုံ သို့ပို့ ဆောင်ထားခြင်း ဖြစ်ပြီး ရဲဘက်က ဖမ်းဆီးစဉ် ခုခံ၍ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲဘက်က ဖြေရှင်း ချက် ပေးကြောင်း ကိုနိုင်လင်း၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
ကိုနိုင်လင်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံကိုယ်စားလှယ် အဖြစ် လည်း ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
ကိုနိုင်လင်းသည် ပုသိမ်-မုံရွာ လမ်းမပေါ်၊ ငါးလှိုင်တွင်းကျေးရွာလမ်းဆုံတွင် ကုန်စုံဆိုင်ဖွင့်ထားပြီး ကျန်းမာရေး မကောင်း၍ လင်းဇင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကာ လက်ရှိတွင်လည်း ကျန်းမားရေး အခြေအနေ သိပ်မ ကောင်းဘူးဟု ဆိုသည်။
သေဆုံးသူ ကိုနိုင်လင်း တွင် ဇနီး၊ အသက် ၉ နှစ် အရွယ်သမီးတစ်ဦး နှင့် အသက် ၇ နှစ် အရွယ် သားတစ်ဦး ကျန် ရစ်ပြီး အလောင်းကို ပြန်ပေးမည် မပေးမည်ကိုလည်း မသိရသေးဘူးဟု မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောသည်။
*** ZAWGYI ***
စလင္း NLD ၿမိဳ႕နယ္ အလုပ္အမႈေဆာင္တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။
စလင္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ၿမိဳ႕နယ္အလုပ္အမႈေဆာင္တစ္ဦး စက္တင္ဘာလ ၁၄ ရက္ေန႔ တြင္ ပစ္သတ္ခံခဲ့ရသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
ေသဆုံးသြားသူမွာ မေကြးတိုင္း ေဒသႀကီး စလင္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ၿမိဳ႕နယ္အလုပ္အမႈေဆာင္တစ္ဦး ျဖစ္သူ ကိုႏိုင္လင္း ျဖစ္သည္ဟု ေဒသခံမ်ားႏွင့္ မိသားစုဝင္မ်ားက ေျပာသည္။
ကိုႏိုင္လင္း၏ ေနအိမ္ကို စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ယေန႔တြင္ ေသနတ္ျဖင့္ ဝင္ပစ္ၿပီး ေနာက္ပိုင္း ေသဆုံး သြားျခင္းျဖစ္သည္။
စလင္းၿမိဳ႕၊ ဝန္းရေက်း႐ြာအုပ္စု၊ ခင္ပလူေက်း႐ြာရွိ ကိုႏိုင္လင္းအိမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဝင္ပစ္စဥ္ အေစာပိုင္းက ကိုႏိုင္လင္းထြက္ေျပးသြားႏိုင္ခဲ့သည္။ ထြက္ေျပးသြားေသာ္လည္း ေသနတ္မွန္မမွန္ကို မသိရေၾကာင္း ကိုႏိုင္လင္း၏ ဇနီးက ေျပာသည္။
ထို႔ေနာက္ပိုင္းတြင္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက ညေန ၅နာရီခြဲ အခ်ိန္ခန႔္တြင္ ကိုႏိုင္လင္း၏ အေလာင္းကို စလင္းေဆး႐ုံကို ပို႔သြားသည္ဟု သိရေၾကာင္း ဇနီးသည္ က ေျပာသည္။
”ကိုႏိုင္လင္းက ဘယ္လိုေျပးၿပီး ဘယ္ေနရာမွာေသလဲဆိုတာ မသိရပါဘူး” ဟု ကိုႏိုင္လင္း ၏ ဇနီးက ေျပာသည္။
ဇနီးသည္ သည္ ေဆး႐ုံက အေၾကာင္းၾကားလာမွသာ ေသဆုံးေၾကာင္း သိရသည္ဟု ဆိုသည္။
စလင္းလမ္းဆုံတြင္ ဦးေခါင္း ေသနတ္မွန္ဒဏ္ရာျဖင့္ ေသဆုံးေနသည့္ ကိုႏိုင္လင္း၏ အေလာင္းကို ယခုခါ ေဆး႐ုံ သို႔ပို႔ ေဆာင္ထားျခင္း ျဖစ္ၿပီး ရဲဘက္က ဖမ္းဆီးစဥ္ ခုခံ၍ ပစ္ခတ္ဖမ္းဆီးျခင္းျဖစ္သည္ဟု ရဲဘက္က ေျဖရွင္း ခ်က္ ေပးေၾကာင္း ကိုႏိုင္လင္း၏ မိတ္ေဆြ တစ္ဦး က ေျပာသည္။
ကိုႏိုင္လင္းသည္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မဲ႐ုံကိုယ္စားလွယ္ အျဖစ္ လည္း ေဆာင္႐ြက္ခဲ့ဖူးေၾကာင္း သိရသည္။
ကိုႏိုင္လင္းသည္ ပုသိမ္-မုံ႐ြာ လမ္းမေပၚ၊ ငါးလႈိင္တြင္းေက်း႐ြာလမ္းဆုံတြင္ ကုန္စုံဆိုင္ဖြင့္ထားၿပီး က်န္းမာေရး မေကာင္း၍ လင္းဇင္းေဆး႐ုံတြင္ ေဆးကုသမႈခံယူေနကာ လက္ရွိတြင္လည္း က်န္းမားေရး အေျခအေန သိပ္မ ေကာင္းဘူးဟု ဆိုသည္။
ေသဆုံးသူ ကိုႏိုင္လင္း တြင္ ဇနီး၊ အသက္ ၉ ႏွစ္ အ႐ြယ္သမီးတစ္ဦး ႏွင့္ အသက္ ၇ ႏွစ္ အ႐ြယ္ သားတစ္ဦး က်န္ ရစ္ၿပီး အေလာင္းကို ျပန္ေပးမည္ မေပးမည္ကိုလည္း မသိရေသးဘူးဟု မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြမ်ားက ေျပာသည္။