အာဏာသိမ်းဆန့်ကျင်သူကို ထောင်ဒဏ် သုံးနှစ် ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်လာလ ၁၆ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့က စစ်အာဏာသိမ်းမှု တော်လှန်ဆန့်ကျင်သူ ဦးအာကာအောင် ကို မြောက်ဒဂုံ တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သည်ဟု မိသားစုဝင်များက အတည်ပြု ပြောသည်။

ဦးအာကာအောင်သည် ကန်ကြီးထောင့်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဦးဆောင်ပါဝင်ခဲ့၍ ဖမ်းဝရမ်း ထုတ်ခံထားရကာ ရန်ကုန်မြို့တွင် သွားရောက်ရှောင်တိမ်းနေချိန် ဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ အမိန့်ချ မှတ် လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များ က ပြောသည်။

“စစ်အာဏာရှင်ကို ဘယ်သူမှ မလိုလားကြဘူး၊ ဆန့်ကျင်သူတွေကို သတ်ဖြတ် ထောင်ချနေရုံနဲ့ ပြည်သူ့တော် လှန်ရေးက ပြီးဆုံးမှာမဟုတ်ဘူး” ဟု ဦးအာကာအောင်၏ ညီဖြစ် ကိုစည်သူအောင် က ပြောသည်။

ဦးအာကာအောင်ကို မြောက်ဒဂုံမြို့နယ် တရားရုံးက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချ မှတ် လိုက်ခြင်း ဖြစ်သည်။

မတရားပုဒ်မ တပ် ဖမ်းဆီးသတ်ဖြတ်မှုများ ရပ်တန့်ရန်၊ ထောင်ထဲရောက်နေသည့်သူများ နှင့် ကျဆုံးသွားသည့် အာဏာရှင် ဆန့်ကျင်ရေး ရဲဘော်များအတွက် ယခုပြည်သူ့တော်လှန် အောင်မြင်ရန် ပြည်သူတစ်ရပ်လုံး ကျရာ အခန်းကဏ္ဍ မှပါဝင်ရန် နိုးဆော်လိုကြောင်း ကိုစည်သူအောင် က ဆက်ပြောသည်။

ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ဦးအာကာအောင်ကို အင်းစိန်ထောင်တွင် ထားရှိပြီး ညီဖြစ်သူ ကိုစည်သူအောင်ကို ကန်ကြီးထောင့် မြို့မရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။

ကန်ကြီးထောင့်မြို့၏ စစ်အာဏာသိမ်းမှု၊ လူထုဆန့်ကျင်ရေး လှုပ်ရှားမှု ဦးဆောင်ခဲ့သူ အသက် ၄၂ နှစ်ရှိ ဦးအာ ကာအောင်ကို စစ်ကောင်စီတပ်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့ နယ်တွင် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရပြီး ၃ လ နီးပါးအကြာတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

*** ZAWGYI ***
အာဏာသိမ္းဆန႔္က်င္သူကို ေထာင္ဒဏ္ သုံးႏွစ္ ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္လာလ ၁၆ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕က စစ္အာဏာသိမ္းမႈ ေတာ္လွန္ဆန႔္က်င္သူ ဦးအာကာေအာင္ ကို ေျမာက္ဒဂုံ တရား႐ုံးက ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္လိုက္သည္ဟု မိသားစုဝင္မ်ားက အတည္ျပဳ ေျပာသည္။

ဦးအာကာေအာင္သည္ ကန္ႀကီးေထာင့္ၿမိဳ႕၏ စစ္အာဏာရွင္ဆန႔္က်င္ေရးတြင္ ဦးေဆာင္ပါဝင္ခဲ့၍ ဖမ္းဝရမ္း ထုတ္ခံထားရကာ ရန္ကုန္ၿမိဳ႕တြင္ သြားေရာက္ေရွာင္တိမ္းေနခ်ိန္ ဖမ္းခံရၿပီး ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုကာ အမိန႔္ခ် မွတ္ လိုက္ျခင္း ျဖစ္သည္ဟု မိသားစုဝင္မ်ား က ေျပာသည္။

“စစ္အာဏာရွင္ကို ဘယ္သူမွ မလိုလားၾကဘူး၊ ဆန႔္က်င္သူေတြကို သတ္ျဖတ္ ေထာင္ခ်ေန႐ုံနဲ႔ ျပည္သူ႔ေတာ္ လွန္ေရးက ၿပီးဆုံးမွာမဟုတ္ဘူး” ဟု ဦးအာကာေအာင္၏ ညီျဖစ္ ကိုစည္သူေအာင္ က ေျပာသည္။

ဦးအာကာေအာင္ကို ေျမာက္ဒဂုံၿမိဳ႕နယ္ တရား႐ုံးက စက္တင္ဘာလ ၁၅ ရက္ေန႔တြင္ ေထာင္ဒဏ္ ၃ ႏွစ္ခ် မွတ္ လိုက္ျခင္း ျဖစ္သည္။

မတရားပုဒ္မ တပ္ ဖမ္းဆီးသတ္ျဖတ္မႈမ်ား ရပ္တန႔္ရန္၊ ေထာင္ထဲေရာက္ေနသည့္သူမ်ား ႏွင့္ က်ဆုံးသြားသည့္ အာဏာရွင္ ဆန႔္က်င္ေရး ရဲေဘာ္မ်ားအတြက္ ယခုျပည္သူ႔ေတာ္လွန္ ေအာင္ျမင္ရန္ ျပည္သူတစ္ရပ္လုံး က်ရာ အခန္းက႑ မွပါဝင္ရန္ ႏိုးေဆာ္လိုေၾကာင္း ကိုစည္သူေအာင္ က ဆက္ေျပာသည္။

ေထာင္ဒဏ္ ၃ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံရသည့္ ဦးအာကာေအာင္ကို အင္းစိန္ေထာင္တြင္ ထားရွိၿပီး ညီျဖစ္သူ ကိုစည္သူေအာင္ကို ကန္ႀကီးေထာင့္ ၿမိဳ႕မရဲစခန္းက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္ထားသည္ဟု ဆိုသည္။

ကန္ႀကီးေထာင့္ၿမိဳ႕၏ စစ္အာဏာသိမ္းမႈ၊ လူထုဆန႔္က်င္ေရး လႈပ္ရွားမႈ ဦးေဆာင္ခဲ့သူ အသက္ ၄၂ ႏွစ္ရွိ ဦးအာ ကာေအာင္ကို စစ္ေကာင္စီတပ္က ရန္ကုန္တိုင္း ေျမာက္ဒဂုံၿမိဳ႕ နယ္တြင္ ဇြန္လ ၂၃ ရက္ေန႔က ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ဖမ္းဆီးခံရၿပီး ၃ လ နီးပါးအၾကာတြင္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္။