မီးငြိမ်းသတ်သူ ခရစ်ယာန် အမှုတော်ဆောင်ကို စစ်ကောင်စီတပ်က ပစ်သတ်၊
လက်ချောင်းဖြတ်ကာ လက်စွပ်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ထန်တလန် တိုက်ပွဲကြောင့် နေအိမ်များမီးလောင်ရာ မီးငြိမ်းသတ်ရန် သွားသူများအား စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း အချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း မီးလောင်နေသည့် နေအိမ်အား မီးသွားငြိမ်းရန်သွားခဲ့သည့် ထန်တလန်မြို့ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မျက်မြင်တွေ့သူ ထန်တလန်က ဒေသခံအမျိုးသားတစ်ဦးက “ဆိုင်ကယ်နဲ့ ဒီလောင်တဲ့နေရာကို အကူအညီပေးဖို့ သွားကြတာပါ။ လေးငါးယောက်လောက်တော့ ရှိတယ်။ အဲ့မှာ စစ်တပ်က သေနတ်နဲ့ပစ်တာ။ ဆရာကို ထိသွား တယ်။ ဆိုင်ကယ်လည်းလဲသွားတယ်။ သူလည်းတခါတည်း လဲသွားတာပေါ့။ ကျနော်တို့လည်း ချက်ချင်း မသွား ကောက်ရဲဘူး။ သေနတ်က ဆက်တိုက်ပစ်တယ်နော်။ ဒီအတိုင်းပဲ ပုန်းနေရတယ်။ ပြီးမှ ကျနော်တို့ အလောင်း ပြန်သွားကောက်လိုက်တာပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ထန်တလန် ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) က အမှုတော်ဆောင်ဆရာ ကျုံးဗျက်ဟုမ်း၏ အလောင်းသွားကောက်ချိန်တွင် နာရီ၊ ဖုန်းတို့ မရှိတော့သည့်အပြင် ၎င်း၏ လက်သန်းကြွယ်တွင် စွပ်ထားသည့် မင်္ဂလာ လက်စွပ်ကိုလည်း လက်ချောင်းကို ဖြတ်ကာ ယူသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ဟုတ်တယ်ဗျ။ ကျနော်တို့က အလောင်းကောက်တဲ့ အချိန်မှတော့ လက်တွေဘာတွေ မကြည့်မိဘူးနော်။ အိမ် တွေမီးလောင်တာ ငြိမ်းတာနဲ့ သေနတ်သံတွေ နည်းနည်းငြိမ်တာနဲ့ မြန်မြန်လေး သွားကောက်ကြတာ။ အိမ် ရောက်မှ အလောင်းကို အကျီတွေဘာတွေချွတ်ပြီး သန့်ရှင်းရေး လုပ်ပေးချိန်မှပဲ ဒီလက်သန်းကြွယ်က လက် စွပ်မရှိတော့ဘူး။ လက်လည်း ဖြတ်ထားတယ်လေ။ ပြီးတော့ သူ့ရဲ့ ဖုန်းလည်း မရှိဘူး။ နာရီလည်း မရှိတော့ ဘူး။”

ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CDF -တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် အိမ်အလုံး ၂၀ နီးပါး မီးလောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း “မြန်မာ့တပ်မတော် ဘက်မှ လက်နက်အလွန်အကျွံအသုံးပြု ပစ်ခတ်ခြင်းကြောင့် မြို့ပေါ်လူနေအိမ်များ မီးလောင်ကျွမ်းသဖြင့် မီး လောင်နေသော လူနေအိမ်များ မီးငြိမ်းသတ်ရန် ပြင်ဆင်ကြသော နှစ်ခြင်း ခရစ်ယာန်လူငယ်များကို မြန်မာ့ တပ်မတော်ဘက်မှ ပစ်ခတ်သောကြောင့် ထန်တလန်ရာပြည့် နှစ်ခြင်းခရစ်ယာန် အသင်းတော် TCBC မှ သင်း အုပ် ဆရာတစ်ပါး၊ ဓမ္မအမှုတော်ဆောင်ဖြစ်သည့် ပါစတာ ကျုံးဗျက်ဟုမ်းသည် ပစ်ခတ်ဒဏ်ရာဖြင့် ကွယ်လွန် ခဲ့ပြီး၊ အဆိုပါသင်းအုပ်ဆရာတော်၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူသွား ကြောင်း တုန်လှုပ်ခြောက်ခြား နာကျည်းဖွယ်ရာ တွေရရှိရပါသည်” ဟု ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (CBC) က စက်တင်ဘာ ၁၉ ရက်နေ့(ယနေ့)တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ရေးတင်းမာမှုများနှင့် ထိတွေ့တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သားများသည် ချင်းနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားရှိခိုးကျောင်းများအတွင်း အရက်သေစာ သောက်စား ခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာများနှင့် ဓမ္မသီချင်းစာအုပ်များကို ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ဘုရားရှိခိုးကျောင်း အဆောက်အဦများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ တိုက်ပွဲများအတွင်း လက်နက်ကြီးများ အလွန် အကျွံ အသုံးပြုခြင်းကြောင့် မြို့ရွာများအတွင်းရှိ လူနေအိမ်များ မီးလောင်ပျက်စီးခြင်းစသည်များကို ကျူးလွန် နေသည့် CBC က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ၏ လုပ်ဆောင်နေမှုများကို ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်အနေဖြင့် ရှုတ်ချကြောင်း စက် တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် CDF (ထန်တလန်) တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများအတွင်း ဒေသခံပြည်သူ ၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ မွန်းလွှဲပိုင်းအချိန်ခန့်က စတင်ပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ရာ ညနေပိုင်းအချိန်မှာ မီးငြိမ်းသွားသည်ဟု ဒေသခံများက ဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင်သာမကပဲ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်ကလည်း ဟားခါး မြို့တွင် သေနတ်သံများ၊ ဗုံးပေါက်ကွဲသံများ ကြားရပြီးနောက်တွင် လူနေအိမ် နှစ်လုံးမီးလောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ – Nu Sung (Facebook)

*** ZAWGYI ***
မီးၿငိမ္းသတ္သူ ခရစ္ယာန္ အမႈေတာ္ေဆာင္ကို စစ္ေကာင္စီတပ္က ပစ္သတ္၊
လက္ေခ်ာင္းျဖတ္ကာ လက္စြပ္ယူ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္။

ထန္တလန္ တိုက္ပြဲေၾကာင့္ ေနအိမ္မ်ားမီးေလာင္ရာ မီးၿငိမ္းသတ္ရန္ သြားသူမ်ားအား စစ္ေကာင္စီမွ ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ခရစ္ယာန္ ဘာသာေရး ေခါင္းေဆာင္တစ္ဦး ေသဆုံးခဲ့သည္။

စက္တင္ဘာလ ၁၈ ရက္ေန႔ မြန္းလြဲပိုင္း အခ်ိန္ခန႔္က ျဖစ္ပြားခဲ့သည့္ အဆိုပါတိုက္ပြဲအတြင္း မီးေလာင္ေနသည့္ ေနအိမ္အား မီးသြားၿငိမ္းရန္သြားခဲ့သည့္ ထန္တလန္ၿမိဳ႕ ျပည္သူမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မ်က္ျမင္ေတြ႕သူ ထန္တလန္က ေဒသခံအမ်ိဳးသားတစ္ဦးက “ဆိုင္ကယ္နဲ႔ ဒီေလာင္တဲ့ေနရာကို အကူအညီေပးဖို႔ သြားၾကတာပါ။ ေလးငါးေယာက္ေလာက္ေတာ့ ရွိတယ္။ အဲ့မွာ စစ္တပ္က ေသနတ္နဲ႔ပစ္တာ။ ဆရာကို ထိသြား တယ္။ ဆိုင္ကယ္လည္းလဲသြားတယ္။ သူလည္းတခါတည္း လဲသြားတာေပါ့။ က်ေနာ္တို႔လည္း ခ်က္ခ်င္း မသြား ေကာက္ရဲဘူး။ ေသနတ္က ဆက္တိုက္ပစ္တယ္ေနာ္။ ဒီအတိုင္းပဲ ပုန္းေနရတယ္။ ၿပီးမွ က်ေနာ္တို႔ အေလာင္း ျပန္သြားေကာက္လိုက္တာပါ” ဟု ေျပာသည္။

စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ထန္တလန္ ရာျပည့္ႏွစ္ျခင္းခရစ္ယာန္ အသင္းေတာ္ (TCBC) က အမႈေတာ္ေဆာင္ဆရာ က်ဳံးဗ်က္ဟုမ္း၏ အေလာင္းသြားေကာက္ခ်ိန္တြင္ နာရီ၊ ဖုန္းတို႔ မရွိေတာ့သည့္အျပင္ ၎၏ လက္သန္းႂကြယ္တြင္ စြပ္ထားသည့္ မဂၤလာ လက္စြပ္ကိုလည္း လက္ေခ်ာင္းကို ျဖတ္ကာ ယူသြားခဲ့သည္ဟု အဆိုပါ ေဒသခံက ဆက္ေျပာသည္။

“ဟုတ္တယ္ဗ်။ က်ေနာ္တို႔က အေလာင္းေကာက္တဲ့ အခ်ိန္မွေတာ့ လက္ေတြဘာေတြ မၾကည့္မိဘူးေနာ္။ အိမ္ ေတြမီးေလာင္တာ ၿငိမ္းတာနဲ႔ ေသနတ္သံေတြ နည္းနည္းၿငိမ္တာနဲ႔ ျမန္ျမန္ေလး သြားေကာက္ၾကတာ။ အိမ္ ေရာက္မွ အေလာင္းကို အက်ီေတြဘာေတြခြၽတ္ၿပီး သန႔္ရွင္းေရး လုပ္ေပးခ်ိန္မွပဲ ဒီလက္သန္းႂကြယ္က လက္ စြပ္မရွိေတာ့ဘူး။ လက္လည္း ျဖတ္ထားတယ္ေလ။ ၿပီးေတာ့ သူ႔ရဲ႕ ဖုန္းလည္း မရွိဘူး။ နာရီလည္း မရွိေတာ့ ဘူး။”

ခ်င္းျပည္နယ္ ေျမာက္ပိုင္း ထန္တလန္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ CDF -တို႔အၾကားတိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ တပ္မွ ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္မ်ားေၾကာင့္ အိမ္အလုံး ၂၀ နီးပါး မီးေလာင္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၁၈ ရက္ေန႔တြင္ ထန္တလန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈမ်ားအတြင္း “ျမန္မာ့တပ္မေတာ္ ဘက္မွ လက္နက္အလြန္အကြၽံအသုံးျပဳ ပစ္ခတ္ျခင္းေၾကာင့္ ၿမိဳ႕ေပၚလူေနအိမ္မ်ား မီးေလာင္ကြၽမ္းသျဖင့္ မီး ေလာင္ေနေသာ လူေနအိမ္မ်ား မီးၿငိမ္းသတ္ရန္ ျပင္ဆင္ၾကေသာ ႏွစ္ျခင္း ခရစ္ယာန္လူငယ္မ်ားကို ျမန္မာ့ တပ္မေတာ္ဘက္မွ ပစ္ခတ္ေသာေၾကာင့္ ထန္တလန္ရာျပည့္ ႏွစ္ျခင္းခရစ္ယာန္ အသင္းေတာ္ TCBC မွ သင္း အုပ္ ဆရာတစ္ပါး၊ ဓမၼအမႈေတာ္ေဆာင္ျဖစ္သည့္ ပါစတာ က်ဳံးဗ်က္ဟုမ္းသည္ ပစ္ခတ္ဒဏ္ရာျဖင့္ ကြယ္လြန္ ခဲ့ၿပီး၊ အဆိုပါသင္းအုပ္ဆရာေတာ္၏ နာရီ၊ ဖုန္းႏွင့္ မဂၤလာလက္စြပ္ကိုလည္း လက္ေခ်ာင္းျဖတ္၍ လုယူသြား ေၾကာင္း တုန္လႈပ္ေျခာက္ျခား နာက်ည္းဖြယ္ရာ ေတြရရွိရပါသည္” ဟု ခ်င္းႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ (CBC) က စက္တင္ဘာ ၁၉ ရက္ေန႔(ယေန႔)တြင္ ထုတ္ျပန္ထားသည္။

ထို႔အျပင္ စစ္ေရးတင္းမာမႈမ်ားႏွင့္ ထိေတြ႕တိုက္ပြဲမ်ားအတြင္း ျမန္မာ့တပ္မေတာ္သားမ်ားသည္ ခ်င္းႏွစ္ျခင္း ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းမ်ားတြင္ တပ္စြဲျခင္း၊ ဘုရားရွိခိုးေက်ာင္းမ်ားအတြင္း အရက္ေသစာ ေသာက္စား ျခင္း၊ သန႔္ရွင္းေသာ သမၼာက်မ္းစာမ်ားႏွင့္ ဓမၼသီခ်င္းစာအုပ္မ်ားကို ဖ်က္ဆီးျခင္း၊ လက္နက္ႀကီး/ငယ္မ်ားျဖင့္ ဘုရားရွိခိုးေက်ာင္း အေဆာက္အဦမ်ားကို ပစ္ခတ္ဖ်က္ဆီးျခင္း၊ တိုက္ပြဲမ်ားအတြင္း လက္နက္ႀကီးမ်ား အလြန္ အကြၽံ အသုံးျပဳျခင္းေၾကာင့္ ၿမိဳ႕႐ြာမ်ားအတြင္းရွိ လူေနအိမ္မ်ား မီးေလာင္ပ်က္စီးျခင္းစသည္မ်ားကို က်ဴးလြန္ ေနသည့္ CBC က ထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္မ်ား၏ လုပ္ေဆာင္ေနမႈမ်ားကို ခ်င္းႏွစ္ျခင္းခရစ္ယာန္ အဖြဲ႕ခ်ဳပ္အေနျဖင့္ ရႈတ္ခ်ေၾကာင္း စက္ တင္ဘာလ ၁၉ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္ႏွင့္ CDF (ထန္တလန္) တပ္ဖြဲ႕တို႔အၾကား ပစ္ခတ္မႈမ်ားအတြင္း ေဒသခံျပည္သူ ၅ ဦးခန႔္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ မြန္းလႊဲပိုင္းအခ်ိန္ခန႔္က စတင္ၿပီး မီးေလာင္ကြၽမ္းမႈမ်ား ျဖစ္ပြားခဲ့ရာ ညေနပိုင္းအခ်ိန္မွာ မီးၿငိမ္းသြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္သာမကပဲ စက္တင္ဘာလ ၁၈ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္ကလည္း ဟားခါး ၿမိဳ႕တြင္ ေသနတ္သံမ်ား၊ ဗုံးေပါက္ကြဲသံမ်ား ၾကားရၿပီးေနာက္တြင္ လူေနအိမ္ ႏွစ္လုံးမီးေလာင္သြားသည္ဟု ေဒသခံမ်ားက ဆိုသည္။

ဓါတ္ပုံ – Nu Sung (Facebook)