ရှမ်း ၂ ဖွဲ့ကြား တိုက်ပွဲပြင်းထန်၊ တစ်ပတ်အတွင်း နေရာ ၂ ခုကို ပြောင်းရွှေ့စစ်ရှောင်နေရဟု ဆို။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဟိုခဲကျေးရွာအုပ်စုက ဒေသခံပြည်သူ ၃၀၀ ကျော်ဟာ တစ်ပတ်တည်းမှာ နေရာနှစ်နေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။