ချိန်းတွေ့စဉ် လူယက်သူများ သေဆုံးသွားမှုဖြင့် ဖမ်းဆီးခံရသူ ထောင်မှ ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။

သမီးရည်းစားနှစ်ဦးတွေ့ဆုံနေချိန် လာရောက်လုယက်သည့် အမျိုးသားနှစ်ဦးကို ပြန်လည်ခုခံရာမှ လုယက်သူ နှစ်ဦးသေဆုံးသွား၍ လူသတ်မှုဖြင့်ဖမ်းဆီးခံထားရသည့် ကိုမျိုးသက်လွင်သည် အင်းစိန်အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာခဲ့ကြောင်း အမှုလိုက်ရှေ့နေ က ပြောသည်။

“တရားရုံးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရရော အမိန့်အမှတ် (၁၇၂/၂၀၂၁) အရရော အမှုရုတ်သိမ်းဖို့ ညီညွတ်တဲ့ အတွက် ဒီအမှုကနေ အပြီး ပြတ်လွှတ်လိုက်တာ ဖြစ်ပါတယ်”ဟု အမှုလိုက်ရှေ့နေက ပြောသည်။

စစ်ကောင်စီမှထုတ်ပြန်ထားသည့် အမိန့်အမှတ် (၁၇၂/၂၀၂၁) အမိန့်အရ ကိုမျိုးသက်လွင်အား စွဲဆိုထားသည့် အမှု ရုတ်သိမ်းမည့် အပေါ် တရားလိုဘက်မှ ကန့်ကွက်ခြင်းမရှိသောကြောင့် အောက်တိုဘာ ၁ ရက်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ် ကြောင်း အမှုလိုက်ရှေ့နေက ရှင်းပြသည်။

ကိုမျိုးသက်လွင် တရားရင်ဆိုင်နေရစဉ် ကာလအတွင်း မြောက်ပိုင်း ခရိုင်တရားရုံးတွင် တရားလိုပြသက်သေ၊ တရားခံပြသက်သေ စုစုပေါင်း သက်သေ အယောက် ၂၀ အား စစ်ဆေးထားပြီးဖြစ်ကြောင်း ၎င်း က ဆက်ပြော သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့ နယ်၊ ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက် မောင်ထွန်းလမ်းဘေးတွင် ရည်းစားဖြစ်သူနှင့် တွေ့ဆုံနေချိန် အမျိုးသားနှစ်ဦးက လာရောက်လုယက်ရာမှ ကိုမျိုးသက်လွင်က ပြန်လည်ခုခံခဲ့ပြီး လုယက်သူနှစ်ဦးမှာ ဓားထိုးခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုမျိုးသက်လွင်သည် မြောက်ပိုင်း ခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ယခုတစ်နှစ်နှင့် ရှစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ကိုမျိုးသက်လွင်မှာ FAME ဆေးဝါး စက်ရုံတွင် ၂၀၁၄ ခုနှစ် မေ ၈ ရက်မှ စတင်၍ ဥယျာဉ်မှူးတာဝန်ဖြင့် ဝန်ထမ်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး လုပ်သက်ခြောက်နှစ်အတွင်း တစ်ခါမှ ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ အများနှင့် အတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကြောင်း စက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင် က ၎င်း၏ facebook စာမျက်နှာတွင် ၂၀၂၀ ခုနှစ်က ရေးသားဖော်ပြခဲ့သည်။

ကိုမျိုးသက်လွင် တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ၎င်းအလုပ်လုပ်ကိုင်သည့် FAME ဆေးဝါးစက်ရုံမှ ပုံမှန် လစာဖြင့် ဝန်ထမ်း တစ်ယောက်အဖြစ် ဆက်လက်ထားရှိပြီး အမှုပြီးဆုံးသည်အထိ ဆေးခွင့်ပေးထားကြောင်း FAME ဆေးဝါးထုတ်လုပ်ရေး က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ခ်ိန္းေတြ႕စဥ္ လူယက္သူမ်ား ေသဆုံးသြားမႈျဖင့္ ဖမ္းဆီးခံရသူ ေထာင္မွ ျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။

သမီးရည္းစားႏွစ္ဦးေတြ႕ဆုံေနခ်ိန္ လာေရာက္လုယက္သည့္ အမ်ိဳးသားႏွစ္ဦးကို ျပန္လည္ခုခံရာမွ လုယက္သူ ႏွစ္ဦးေသဆုံးသြား၍ လူသတ္မႈျဖင့္ဖမ္းဆီးခံထားရသည့္ ကိုမ်ိဳးသက္လြင္သည္ အင္းစိန္အက်ဥ္းေထာင္မွ ျပန္ လည္လြတ္ေျမာက္လာခဲ့ေၾကာင္း အမႈလိုက္ေရွ႕ေန က ေျပာသည္။

“တရား႐ုံးရဲ႕ စစ္ေဆးေပၚေပါက္ခ်က္အရေရာ အမိန႔္အမွတ္ (၁၇၂/၂၀၂၁) အရေရာ အမႈ႐ုတ္သိမ္းဖို႔ ညီၫြတ္တဲ့ အတြက္ ဒီအမႈကေန အၿပီး ျပတ္လႊတ္လိုက္တာ ျဖစ္ပါတယ္”ဟု အမႈလိုက္ေရွ႕ေနက ေျပာသည္။

စစ္ေကာင္စီမွထုတ္ျပန္ထားသည့္ အမိန႔္အမွတ္ (၁၇၂/၂၀၂၁) အမိန႔္အရ ကိုမ်ိဳးသက္လြင္အား စြဲဆိုထားသည့္ အမႈ ႐ုတ္သိမ္းမည့္ အေပၚ တရားလိုဘက္မွ ကန႔္ကြက္ျခင္းမရွိေသာေၾကာင့္ ေအာက္တိုဘာ ၁ ရက္တြင္ ျပန္လည္ လြတ္ေျမာက္လာျခင္း ျဖစ္ ေၾကာင္း အမႈလိုက္ေရွ႕ေနက ရွင္းျပသည္။

ကိုမ်ိဳးသက္လြင္ တရားရင္ဆိုင္ေနရစဥ္ ကာလအတြင္း ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးတြင္ တရားလိုျပသက္ေသ၊ တရားခံျပသက္ေသ စုစုေပါင္း သက္ေသ အေယာက္ ၂၀ အား စစ္ေဆးထားၿပီးျဖစ္ေၾကာင္း ၎ က ဆက္ေျပာ သည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက လႈိင္သာယာၿမိဳ႕ နယ္၊ ပန္းလႈိင္ေဂါက္ကြင္း အေနာက္ဘက္ ေမာင္ထြန္းလမ္းေဘးတြင္ ရည္းစားျဖစ္သူႏွင့္ ေတြ႕ဆုံေနခ်ိန္ အမ်ိဳးသားႏွစ္ဦးက လာေရာက္လုယက္ရာမွ ကိုမ်ိဳးသက္လြင္က ျပန္လည္ခုခံခဲ့ၿပီး လုယက္သူႏွစ္ဦးမွာ ဓားထိုးခံရ၍ ေသဆုံးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကိုမ်ိဳးသက္လြင္သည္ ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈရင္ဆိုင္ခဲ့ရၿပီး ယခုတစ္ႏွစ္ႏွင့္ ရွစ္လခန႔္အၾကာတြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ျခင္း ျဖစ္သည္။

ကိုမ်ိဳးသက္လြင္မွာ FAME ေဆးဝါး စက္႐ုံတြင္ ၂၀၁၄ ခုႏွစ္ ေမ ၈ ရက္မွ စတင္၍ ဥယ်ာဥ္မႉးတာဝန္ျဖင့္ ဝန္ထမ္း အျဖစ္ စတင္လုပ္ကိုင္ခဲ့ၿပီး လုပ္သက္ေျခာက္ႏွစ္အတြင္း တစ္ခါမွ ခိုက္ရန္ျဖစ္ပြားျခင္း မရွိခဲ့ေၾကာင္း၊ အမ်ားႏွင့္ အတူ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ ဝန္ထမ္းေကာင္းတစ္ဦးျဖစ္ေၾကာင္း စက္႐ုံ၏ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာခင္ေမာင္လြင္ က ၎၏ facebook စာမ်က္ႏွာတြင္ ၂၀၂၀ ခုႏွစ္က ေရးသားေဖာ္ျပခဲ့သည္။

ကိုမ်ိဳးသက္လြင္ တရားရင္ဆိုင္ေနရစဥ္ ကာလအတြင္း ၎အလုပ္လုပ္ကိုင္သည့္ FAME ေဆးဝါးစက္႐ုံမွ ပုံမွန္ လစာျဖင့္ ဝန္ထမ္း တစ္ေယာက္အျဖစ္ ဆက္လက္ထားရွိၿပီး အမႈၿပီးဆုံးသည္အထိ ေဆးခြင့္ေပးထားေၾကာင္း FAME ေဆးဝါးထုတ္လုပ္ေရး က ထုတ္ျပန္ထားသည္။