မြိတ်ခရိုင်ရှိ ငါးဖမ်းပိုက်လှေငယ်ထက်ဝက်ခန့် ရပ်နားနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
စက်သုံးဆီ ဈေးနှုန်း ကြီး မြင့်လာပြီး လုပ်ငန်းအရှုံးပေါ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်း ပိုက်လှေထက်ဝက်ခန့် ရပ်နားထားရကြောင်း ပိုက်လှေငယ်ပိုင်ရှင်များက ပြောသည်။
လှေခုတ်မောင်းနေသည့် စက်သုံးလောင်စာဆီ ဈေးတက်ပြီး ငါးဈေးကျဆင်းနေမှုနှင့် လှေထွက်စားရိတ်ကြီးမြင့် နေမှုများကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု မြိတ်မြို့ ထားဝယ်ကမ်းရပ်တွင် နေထိုင် သူ ကမ်းနီးငါးဖမ်းပိုက်လှေရှင် ကိုသောင်းတင် က ပြောသည်။
“ငါးအဝယ်ဈေးက အရင်တုန်းကထက် တဝက်နီးပါးဈေးကျတယ်။ ငါး တစ်ကီလို ၅၀၀ ကျပ် ကျော် အထိကို ကျနေတာ၊ စက်သုံးလောင်စာဆီဈေးက တက်နေတော့ တွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းရပ်နားပြီး လှေ ရောင်းပစ်တဲ့ သူတွေတောင်ရှိနေတယ်” ဟု ကိုသောင်းတင် က ပြောသည်။
လက်ရှိတွင် ကမ်းနီးငါးဖမ်းပိုက်လှေငယ် ထက်ဝက်ခန့်သာ အလုပ်ဝင်နိုင်ကြပြီး ဆယ်စီးခန့်ရှိသူများက ၅ စီး ခန့် နှင့် နှစ်စီးရှိသူများက တစ်စီးမျှသာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ထွက်ခွာနိုင်သည်ဟု ပိုက်လှေငယ်ပိုင်ရှင်များ က ပြောသည်။
ပင်လယ်ပြင်သို့ လှေတစ်ခေါက်ထွက်လျှင် ၁၂ ရက်ခန့် ကြာပြီး စက်သုံးဆီ ဂါလံ ၃၀ ခန့်ကုန်ကျကာ ခန့်မှန်းကုန် ကျငွေ ဆီဖိုး ကျပ် ၃ သိန်း ကျော်ခန့်ကျသင့်ပြီး လက်ရှိ မြိတ်၏ ဆီဈေးမှာ တစ်ဂါလံလျှင် ကျပ် ၇၀၀၀ ခန့်ရှိ သည်။
စက်သုံးလောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ ယခုထက် ပိုမိုမြင့်တက်လာပါက ထပ်မံ ရပ်နားရမည့် ငါးဖမ်းလှေ ငယ်များ ပိုများလာနိုင်သည်ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ဆိုသည်။
ထို့သို့ စက်သုံးဆီဈေး မြှင့်နေချိန်တွင် ကမ်းဝေးငါးဖမ်းလှေများအား ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန်နှင့် သတ်မှတ် ထားသည့် ကမ်းနီးရေတိမ်နေရာများသို့လည်း ဝင်ရောက်ဖမ်းဆီးနေခြင်းသည် လုပ်ငန်းရပ်နား ထားရ သည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်ဟု ကမ်းနီးကမ်းဝေး ရေလုပ်သားများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းမှီ အသင့်အတင့် အဆင်ပြေလည်ခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြိတ်ခရိုင် အတွင်း ကမ်းနီးငါးဖမ်းလှေကြီးများ စည်းကမ်းမဲ့စွာဖြင့် သတ်မှတ်ထားသည့် ကမ်းနီးရေတိမ်အတွင်း ပိုင်းအထိ တရားမဝင် ဝင်ရောက် ခိုးဆွဲနေခြင်းများလည်း ရှိနေသည်ဟု ကမ်းနီးလှေ ရေလုပ်သားများ က ပြောသည်။
“ညဘက်ဆို ပိုဆိုးတယ် ဖြဲဖြဲဖြူနေအောင် မီးထိန်ထိန်လင်းနေအောင် ကမ်းဝေးခိုးဆွဲလှေတွေများနေတာ၊ ကျ နော်တို့လှေငယ်လေးတွေက ဘုံစနစ် အစုစားနဲ့အလုပ်လုပ်ကြရတာ၊ ပိုက်၊ စက်၊လှေ၊ လှေဦးစီး၊ လှေသား အလုံးရရှိတဲ့ငွေကြေးအပေါ် အစုခွဲဝေယူကြရတာပါ၊ ရပ်နားတဲ့ လှေက မိသားစုတွေ စားဝတ်နေရေး ခက်ခဲကုန်ပြီ” ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ပြောသည်။
မြိတ်ခရိုင် ကမ်းနီးရေပိုက်နက်အတွင်း ငါးဖမ်းကွက်များတွင် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ၊ ပုဇွန်ဖမ်းပိုက် များသည် ကမ်းဝေးလှေကြီးများကြောင့် ေမကြာခဏ ချိတ်ငြိပျက်စီးနေသဖြင့် ကမ်းနီးငါးဖမ်းရေလုပ်သားများ စိတ်ပျက် ညည်းတွားလျက်ရှိသည်။
“စခန်းသစ်ကျေးရွာအရှေ့က ကမ်းနီးငါးဖမ်းပိုက်ကွက်ဖြစ်တဲ့ သားများမိ၊ ဝက်ဖြူကျွန်း၊ ဒုံးကျွန်း သဲဖြူကျွန်း တို့အထိ ရေအနက် ၇ လံ လောက်နေရာတွေတောင် ဝင်ဆွဲနေတော့ ကျနော်တို့ကမ်းနီးပိုက်လှေငယ်လေးတွေမှာ ငါး ဖမ်းမရတော့ဘူး၊ ပိုက်တွေပျက်စီးတယ်၊ တာဝန်ရှိတဲ့ ငါးဦးစီးကလဲ ဘာတခုမှ အရေးယူတာမတွေ့ရဘူး” ဟု ကိုသားကြီး က ဆက်ပြောသည်။
လှေမထွက်လျှင် ၎င်းတို့အား မှီခိုနေသည့် မိသားစုဝင်များ အငတ်ဘေးရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လှေလုပ်သားများသည် စားဝတ်နေရေးတစ်စုံတစ်ရာ အဆင်ပြေနိုင်ရေး တွက်ခြေမကိုက်သော်လည်း လက်ရှိတွင် အရှုံးခံပြီး လှေထွက်နေရသည်ဟု ဆိုကြသည်။
သို့သော်လည်း ပိုက်လှေငယ်ပိုင်ရှင်၊ ကမ်းနီး ကမ်းဝေး ရေလုပ်သားများအနေဖြင့် ရေရှည်တွင် တောင့်ခံနိုင် မည်ဟု မထင်ကြောင်း ကိုသားကြီးက ဆက်ပြောသည်။
မြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး ၁၅၀၀ ခန့်နှင့် ကမ်းနီးငါးဖမ်းလှေ ငါးထောင်ကျော်ရှိနေကာ၊ နှစ်စဉ် ကမ်းဝေးလှေကြီးများ အနေဖြင့် ငါးသားပေါက်ရာသီတွင် သုံးလခန့်ရပ်နားထားရပြီး ကမ်းနီးလှေများကိုမူ တစ်နှစ်ပတ်လုံး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းခွင့်ပြုထားသည်။
*** ZAWGYI ***
ၿမိတ္ခ႐ိုင္ရွိ ငါးဖမ္းပိုက္ေလွငယ္ထက္ဝက္ခန႔္ ရပ္နားေနရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။
စက္သုံးဆီ ေဈးႏႈန္း ႀကီး ျမင့္လာၿပီး လုပ္ငန္းအရႈံးေပၚသျဖင့္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္အတြင္းရွိ ကမ္းနီးငါးဖမ္း ပိုက္ေလွထက္ဝက္ခန႔္ ရပ္နားထားရေၾကာင္း ပိုက္ေလွငယ္ပိုင္ရွင္မ်ားက ေျပာသည္။
ေလွခုတ္ေမာင္းေနသည့္ စက္သုံးေလာင္စာဆီ ေဈးတက္ၿပီး ငါးေဈးက်ဆင္းေနမႈႏွင့္ ေလွထြက္စားရိတ္ႀကီးျမင့္ ေနမႈမ်ားေၾကာင့္ ဆက္လက္ရပ္တည္ရန္ ခက္ခဲေနျခင္းျဖစ္သည္ဟု ၿမိတ္ၿမိဳ႕ ထားဝယ္ကမ္းရပ္တြင္ ေနထိုင္ သူ ကမ္းနီးငါးဖမ္းပိုက္ေလွရွင္ ကိုေသာင္းတင္ က ေျပာသည္။
“ငါးအဝယ္ေဈးက အရင္တုန္းကထက္ တဝက္နီးပါးေဈးက်တယ္။ ငါး တစ္ကီလို ၅၀၀ က်ပ္ ေက်ာ္ အထိကို က်ေနတာ၊ စက္သုံးေလာင္စာဆီေဈးက တက္ေနေတာ့ တြက္ေျခမကိုက္တဲ့အတြက္ လုပ္ငန္းရပ္နားၿပီး ေလွ ေရာင္းပစ္တဲ့ သူေတြေတာင္ရွိေနတယ္” ဟု ကိုေသာင္းတင္ က ေျပာသည္။
လက္ရွိတြင္ ကမ္းနီးငါးဖမ္းပိုက္ေလွငယ္ ထက္ဝက္ခန႔္သာ အလုပ္ဝင္ႏိုင္ၾကၿပီး ဆယ္စီးခန႔္ရွိသူမ်ားက ၅ စီး ခန႔္ ႏွင့္ ႏွစ္စီးရွိသူမ်ားက တစ္စီးမွ်သာ ပင္လယ္ျပင္ ငါးဖမ္းလုပ္ငန္း ထြက္ခြာႏိုင္သည္ဟု ပိုက္ေလွငယ္ပိုင္ရွင္မ်ား က ေျပာသည္။
ပင္လယ္ျပင္သို႔ ေလွတစ္ေခါက္ထြက္လွ်င္ ၁၂ ရက္ခန႔္ ၾကာၿပီး စက္သုံးဆီ ဂါလံ ၃၀ ခန႔္ကုန္က်ကာ ခန႔္မွန္းကုန္ က်ေငြ ဆီဖိုး က်ပ္ ၃ သိန္း ေက်ာ္ခန႔္က်သင့္ၿပီး လက္ရွိ ၿမိတ္၏ ဆီေဈးမွာ တစ္ဂါလံလွ်င္ က်ပ္ ၇၀၀၀ ခန႔္ရွိ သည္။
စက္သုံးေလာင္စာဆီေဈးႏွင့္ ကုန္ေဈးႏႈန္းမ်ား ယခုထက္ ပိုမိုျမင့္တက္လာပါက ထပ္မံ ရပ္နားရမည့္ ငါးဖမ္းေလွ ငယ္မ်ား ပိုမ်ားလာႏိုင္သည္ဟု ၿမိတ္အိုးလုပ္ျပင္ရပ္ေန ေလွပိုင္ရွင္ ကိုသားႀကီးက ဆိုသည္။
ထို႔သို႔ စက္သုံးဆီေဈး ျမႇင့္ေနခ်ိန္တြင္ ကမ္းေဝးငါးဖမ္းေလွမ်ားအား ဝင္ေရာက္ဖမ္းဆီးျခင္း မျပဳရန္ႏွင့္ သတ္မွတ္ ထားသည့္ ကမ္းနီးေရတိမ္ေနရာမ်ားသို႔လည္း ဝင္ေရာက္ဖမ္းဆီးေနျခင္းသည္ လုပ္ငန္းရပ္နား ထားရ သည့္ အခ်က္မ်ားထဲမွ တစ္ခ်က္ျဖစ္သည္ဟု ကမ္းနီးကမ္းေဝး ေရလုပ္သားမ်ားက ေျပာသည္။
စစ္တပ္က အာဏာမသိမ္းမွီ အသင့္အတင့္ အဆင္ေျပလည္ခဲ့ၾကေသာ္လည္း အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ ၿမိတ္ခ႐ိုင္ အတြင္း ကမ္းနီးငါးဖမ္းေလွႀကီးမ်ား စည္းကမ္းမဲ့စြာျဖင့္ သတ္မွတ္ထားသည့္ ကမ္းနီးေရတိမ္အတြင္း ပိုင္းအထိ တရားမဝင္ ဝင္ေရာက္ ခိုးဆြဲေနျခင္းမ်ားလည္း ရွိေနသည္ဟု ကမ္းနီးေလွ ေရလုပ္သားမ်ား က ေျပာသည္။
“ညဘက္ဆို ပိုဆိုးတယ္ ၿဖဲၿဖဲျဖဴေနေအာင္ မီးထိန္ထိန္လင္းေနေအာင္ ကမ္းေဝးခိုးဆြဲေလွေတြမ်ားေနတာ၊ က် ေနာ္တို႔ေလွငယ္ေလးေတြက ဘုံစနစ္ အစုစားနဲ႔အလုပ္လုပ္ၾကရတာ၊ ပိုက္၊ စက္၊ေလွ၊ ေလွဦးစီး၊ ေလွသား အလုံးရရွိတဲ့ေငြေၾကးအေပၚ အစုခြဲေဝယူၾကရတာပါ၊ ရပ္နားတဲ့ ေလွက မိသားစုေတြ စားဝတ္ေနေရး ခက္ခဲ ကုန္ၿပီ” ဟု ၿမိတ္အိုးလုပ္ျပင္ရပ္ေန ေလွပိုင္ရွင္ ကိုသားႀကီးက ေျပာသည္။
ၿမိတ္ခ႐ိုင္ ကမ္းနီးေရပိုက္နက္အတြင္း ငါးဖမ္းကြက္မ်ားတြင္ ကမ္းနီးငါးဖမ္းပိုက္၊ ကင္းမြန္ၿမဳံးမ်ား၊ ပုဇြန္ဖမ္းပိုက္ မ်ားသည္ ကမ္းေဝးေလွႀကီးမ်ားေၾကာင့္ ေမၾကာခဏ ခ်ိတ္ၿငိပ်က္စီးေနသျဖင့္ ကမ္းနီးငါးဖမ္းေရလုပ္သားမ်ား စိတ္ပ်က္ ညည္းတြားလ်က္ရွိသည္။
“စခန္းသစ္ေက်း႐ြာအေရွ႕က ကမ္းနီးငါးဖမ္းပိုက္ကြက္ျဖစ္တဲ့ သားမ်ားမိ၊ ဝက္ျဖဴကြၽန္း၊ ဒုံးကြၽန္း သဲျဖဴကြၽန္း တို႔အထိ ေရအနက္ ၇ လံ ေလာက္ေနရာေတြေတာင္ ဝင္ဆြဲေနေတာ့ က်ေနာ္တို႔ကမ္းနီးပိုက္ေလွငယ္ေလးေတြမွာ ငါး ဖမ္းမရေတာ့ဘူး၊ ပိုက္ေတြပ်က္စီးတယ္၊ တာဝန္ရွိတဲ့ ငါးဦးစီးကလဲ ဘာတခုမွ အေရးယူတာမေတြ႕ရဘူး” ဟု ကိုသားႀကီး က ဆက္ေျပာသည္။
ေလွမထြက္လွ်င္ ၎တို႔အား မွီခိုေနသည့္ မိသားစုဝင္မ်ား အငတ္ေဘးရင္ဆိုင္ရမည္ျဖစ္သည့္အတြက္ ေလွလုပ္သားမ်ားသည္ စားဝတ္ေနေရးတစ္စုံတစ္ရာ အဆင္ေျပႏိုင္ေရး တြက္ေျခမကိုက္ေသာ္လည္း လက္ရွိတြင္ အရႈံးခံၿပီး ေလွထြက္ေနရသည္ဟု ဆိုၾကသည္။
သို႔ေသာ္လည္း ပိုက္ေလွငယ္ပိုင္ရွင္၊ ကမ္းနီး ကမ္းေဝး ေရလုပ္သားမ်ားအေနျဖင့္ ေရရွည္တြင္ ေတာင့္ခံႏိုင္ မည္ဟု မထင္ေၾကာင္း ကိုသားႀကီးက ဆက္ေျပာသည္။
ၿမိတ္ခ႐ိုင္အတြင္း ကမ္းေဝးငါးဖမ္းေလွႀကီး ၁၅၀၀ ခန႔္ႏွင့္ ကမ္းနီးငါးဖမ္းေလွ ငါးေထာင္ေက်ာ္ရွိေနကာ၊ ႏွစ္စဥ္ ကမ္းေဝးေလွႀကီးမ်ား အေနျဖင့္ ငါးသားေပါက္ရာသီတြင္ သုံးလခန႔္ရပ္နားထားရၿပီး ကမ္းနီးေလွမ်ားကိုမူ တစ္ႏွစ္ပတ္လုံး ငါးလုပ္ငန္းဦးစီးဌာနမွ ငါးဖမ္းခြင့္ျပဳထားသည္။