(ရှမ်းနှစ်ဖွဲ့တွေ့ဆုံရေးနှင့် ပတ်သက်၍ RCSS နှင့် အင်တာဗျူး)
ကြိုတင်ကန့်သတ်ချက်များ မရှိမှ ဆွေးနွေးမည်ဟု RCSS ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းက ကျေးသီးမြို့ နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ သည်ဟု RCSS က ပြောသည်။
နှစ်ဖက်လက်နက်ကိုင်များက တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်း ထုတ်ပြန်ထားကြသော်လည်း တွေ့ဆုံဆွေး နွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့များက ပြောဆိုထားသည်။
နှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေသည့်အပေါ် ရပ်တန့်သွားနိုင်ရေး ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်း အဖွဲ့များ၊ ရှမ်းပြည်သူများက နှစ်ဖက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂ ခုအကြားတွင် ပြေလည် စေ ရန်နှင့် ပေါင်းစည်းနိုင်ရေး အကြိမ်ကြိမ် တောင်းဆိုခဲ့ကြရာ ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြေလည်မှု မရှိသေး ပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘယ်လို အခက်အခဲတွေရှိနေပါသလဲ၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက် ပြီး RCSS ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ၊ ဘယ်လို အနေအထားရောက်မှ တိုက်ပွဲတွေ ရပ်တန့်သွားမှာ လဲ စတဲ့ အကြောင်းအရာတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ကို ဆက်သွယ်မေးမြန်းထားသည်။
မေး – SSPP နှင့် RCC တို့က တွေ့ဆုံဆွေးနွေးဖို့ သဘောထား ရှိကြတယ်။ ဒါပေမယ့် အခုအချိန်အထိ တွေ့ဆုံ ဆွေး နွေးမှုတွေ မဖြစ်လာရသေးတဲ့ အဓိက အကြောင်းအရင်း ဘာလို့ ပြောလို့ရလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – အခုလောလောဆယ်ကျတော့ အခုက တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်လေနော။ တိုက်ပွဲ က မရပ်သေးဘူး။ တိုက်ပွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာဆိုရင် ကျေးသီးမြို့နယ် မိုင်းကိုင်မြို့နယ် ၂ မြို့နယ်ထဲ မှာ ရှမ်းပြည်နယ်မှာကျတော့ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် အဲလိုမျိုးတောက်လျှောက်ရှိတာ ပေါ့နော။ ၄ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဒါကတစ်ချက်ပေါ့နော။ နောက်တစ်ခုကျတော့ SSPP က သူတို့က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့ကလည်း တွေ့ဆုံ ဆွေးနွေးရေး သာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်းပိုင်းကို အရင်ဆုတ် ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေး မယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲ ကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူးဆိုတော့ ဆွေးနွေးမှုက မစနိုင်သေးဘူးပေါ့နော။
မေး – ကန့်သတ်ချက်ဆိုတာ ဘယ်လိုပုံစံမျိုးကို ပြောတာလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – ကန့်သတ်ချက်ဆိုတာ SSPP ဖက်က သူက ဆွေးနွေးမယ် ဆွေးနွေးချင်တယ် ဒါပေမယ့် ဆွေး နွေးမယ်ဆိုရင် RCSS တပ်တွေက တောင်ပိုင်းကို အရင်ဆုတ် အရင်ဆုတ်ပြီးမှ ဆွေးနွေးမယ် အဲလိုမျိုး ကန့်သတ် ချက် Pre-Condition လို့ခေါ်တာပေါ့ ကြိုတင်ကန့်သတ်ချက်လို့ ခေါ်တာပေါ့။
မေး – ဆိုတော့ ကန့်သတ်ချက်တွေ မရှိမှ ဆွေးနွေးမယ့် သဘောလား RCSS က။
ဗိုလ်မှူး စိုင်းခမ်းစံ – ဟုတ်ကဲ့ အဲဒါကျတော့ ဒါမှ အဖြေရှာနိုင်မယ်လေ။ အဖြေရှာတဲ့ နည်းလမ်းမဟုတ်ပဲနဲ့ ကန့် သတ်ချက်နဲ့ လာဆွေးနွေးမယ်ဆိုရင် အောင်မြင်နိုင်ဖို့ အလားအလာ မရှိဘူးခင်ဗျ။
မေး – တစ်ဖက်ကလည်း နယ်မြေကန့်သတ်ချက်တွေနဲ့ ဆွေးနွေးမယ် တစ်ဖက်ကလည်း ကန့်သတ်ချက်တွေ မထားပဲနဲ့ ဆွေးနွေးမယ်ဆိုတော့ တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုဖြစ်လာနိုင်သလဲ။ တိုက်ပွဲတွေရပ်တန့်ဖို့က တခြား နည်းလမ်း ဘာတွေ လုပ်ဆောင်ဖို့ရှိသလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – တိုက်ပွဲရပ်ဖို့ကကျတော့ သူက နှစ်ဖက်ပါမှ တိုက်ပွဲဖြစ်တာလေ။ သူက SSPP တို့က သူတို့က ထိုးစစ်ဆင်တာ မရပ်သေးဘူး။ မရပ်သေးတော့ ကျနော်တို့ ဒီ RCSS ဖက်ကလည်း ထိုးစစ်ဆင်တာ တခါမှ မလုပ် သေးဘူး။ ကိုယ့်ကိုယ်ကို ခုခံတဲ့ တုန့်ပြန်မှုနဲ့ပဲ ကျနော်တို့က ရင်ဆိုင်နေတယ်။ ဒါရှင်းရှင်းလေးပေါ့။ ပြောမယ် ဆိုရင်တော့ သူတို့ဖက်က တကယ်ဆွေးနွေးချင်လို့ရှိရင် ရပ်လိုက်ပေါ့ ရပ်ပြီးတော့မှ ဆွေးနွေးမယ်လေ။ မရပ်ပဲနဲ့ ဒီအတိုင်း ဆက်တိုက်နေမယ်ဆိုရင် ကျနော်တို့လည်း ဆက်ခုခံမှာပဲလေ ဒါကျနော်တို့က တန်ပြန်ထိုးစစ်တွေ မလုပ်သေး ဘူးလေ။
မေး – SSPP ဖက်က ဘာပြောသလဲဆိုတော့ ရှမ်းပြည်နယ် မြောက်ပိုင်းကို RCSS က ဝင်လာမှ ဒီဖက်မှာ တိုက်ပွဲ ဖြစ်တယ်လို့ပြောတယ်။ သူတို့က RCSS ကို ကျူးကျော်ပြီး တိုက်ခိုက်တာ မရှိဘူးဆိုတော့ မြေပြင်အခြေအနေက ဘယ်လိုရှိလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှား နယ် မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင် တော့ ဒါ ဒီမြောက်ပိုင်းအထိမှာ ကျနော်တို့ တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ် – နမ့် ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ် မြေ ကျတော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ။
မေး – ခုနက ဗိုလ်မှူးလည်း ပြောသွားတာရှိတယ်။ ကြိုတင်ကန့်သတ်ချက်တွေရှိတဲ့အပေါ်မှာ တွေ့ဆုံဆွေးနွေးနိုင် ဖို့ ခက်ခဲတယ်ဆိုတော့ အကယ်၍ SSPP ဖက်က နယ်မြေကန့်သတ်မှုတွေ ကြိုတင်ကန့်သတ်မှုတွေ မရုတ်ဘူးဆိုရင် လက်ရှိမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမယ့် အလားအလာက ဘယ်လောက်အထိ ရှိနိုင်သလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – အဲဒါကျတော့ သူတို့အပေါ်မှာပဲ မူတည်တယ်ပေါ့လေနော။ သူတို့က ဘယ်လောက်အထိဖြစ် ချင်သလဲပေါ့။ ဘယ်လောက်အထိ ဆွေးနွေးချင်သလဲ ဆိုတဲ့အပေါ် မှာပဲ မူတည်တယ်ခင်ဗျ။ ကျနော်တို့ဖက်ကျ တော့ ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ အမြဲတမ်းလည်း ကျနော်တို့ ရပ်တည်ချက်ကလည်း ရှင်းရှင်းလေးရှိ တယ်။ တစ်စိုက်မတ်မတ်လည်း ပြောလာခဲ့တယ်။ ထုတ်ပြန်ချက်တိုင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးကို ဦးတည် မယ် ဆိုပြီးတော့မှ ကျနော်တို့ ထုတ်ပြန်ချက်တိုင်းမှာလည်း ကျနော်တို့ ပါရှိတယ်ခင်ဗျ။
မေး – နယ်မြေကန့်သတ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖက် ပဋိပက္ခဖြစ်ပေါ်နေတဲ့အပေါ်မှာ ဘယ်လိုဆက်လုပ်သွားဖို့ ရှိသလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – ပထမဆုံးတော့ RCSS အနေနဲ့ကျတော့ ကျနော်တို့ ထိုးစစ်မလုပ်ဘူး။ ခုခံစစ်နဲ့ပဲ ကျနော်တို့ တုန့်ပြန်မယ် ဒါပထမတစ်ချက်၊ တိုက်ပွဲ မဖြစ်ချင်လို့ နောက်သံဃာတော်တွေ ပြည်သူတွေ တောင်းဆိုချက်ကို ကျနော်တို့ အလေးထားလို့ ဒါတစ်ချက်ပေါ့နော်။ နောက်တစ်ချက်ကျတော့ ဒီနေရပ်စွန့်ခွာတဲ့ စစ်ပြေးဒုက္ခသည် တွေလည်း များလာတဲ့အတွက်ကြောင့် ဒါ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့အနေနဲ့ ရှမ်းပြည်အတွက် အလုပ် အကျွေးပြုတယ်။ ရှမ်းပြည် ပြည်သူလူထုအတွက် စောင့်ရှောက်တယ်ဆိုရင် ဒါ ထည့်သွင်းစဉ်းစားပေးဖို့ပေါ့ နော်။ အဲ့ဒါအဓိကကျတာပေါ့။
မေး – ပြီးခဲ့တဲ့ ရက်ပိုင်းက SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ RCSS က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပေးပို့လာတဲ့ စာကို SSPP က ပြန်ပြီးတော့ စာပြန်လိုက်တဲ့အကြောင်း ပြောထားတာတွေ့ရတယ်။ အဲဒီအထဲမှာ နယ် မြေသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောထားတာလဲရှိတယ်။ အဲဒီ ပြန်စာပေးလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာ ပြောချင်သလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – အဲဒီအထဲမှာ သူတို့ ထုတ်ပြန်ချက်ထဲမှာ အချက်တစ်ချက်ပါတာက ဒီ RCSS ပေးပို့စာကို သူ တို့ စာပြန်တဲ့အကြောင်း သူတို့ပါရှိတယ်။ အဲဒါ စာပြန်တယ်ဆိုတာက အရင်တစ်ခေါက်တုန်းက RCSS က SSPP ကို စာပို့ထားတယ်။ နောက်ဒီတစ်ခေါက်ကျမှ သူတို့က ဒီစာပြန်ပို့ပေးတာပေါ့နော်။ သူတို့တုန့်ပြန်စာက ဆိုလို တာက RCSS က အရင်တစ်ခေါက်က သူတို့ဆီစာပို့တယ်။ နောက်ဆုံးတစ်ခေါက်ကျတော့ SSPP ရဲ့ ဥက္ကဋ္ဌကို လိပ် မူပြီးတော့မှ ပေးပို့တယ်။ ၂ ခါပေါ့နော။ အခု သူတို့ ဒီထုတ်ပြန်ချက်မှာ သူတို့ ပြောတာ သူတို့ စာပြန်ပေးတယ် ဆိုတာက အဲဒါ အရင်တစ်ခေါက် ဥစ္စာကို သူတို့ အကြောင်းပြန်ပေးတာ ဖြစ်တယ်။ နောက် ဒီနောက်ဆုံး တစ် ခေါက် RCSS အနေနဲ့ SSPP ဥက္ကဋ္ဌဆီ လိပ်မူပြီးတော့ ပေးပို့တဲ့ စာကို သူတို့ အကြောင်းမပြန် သေးဘူးခင်ဗျ။
မေး – RCSS က SSPP ဥက္ကဋ္ဌ ကို ဒုတိယတစ်ခေါက်ပေးပို့တဲ့စာမှာ ဘာများရေးထားတာလဲခင်ဗျ။
ဗိုလ်မှူး စိုင်းခမ်းစံ – အဲဒါကတော့ မှတ်ချက်ပေးစရာ မရှိသေးဘူးခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးကိစ္စဆိုတော့ စစ်ရေးကိစ္စ နောက် ညီညွတ်ရေးကိစ္စဆိုတော့။
မေး – တိုက်ပွဲပြင်းထန်လာတော့ ပြည်သူတွေက နစ်နာရှုံးမှုတွေ များလာတယ်။ အဲဒီအပေါ်မှာ ပါတီတွေရော၊ လူမှုအသင်းအဖွဲ့တွေရော၊ ပြည်သူတွေရောက တိုက်ပွဲရပ်တန့်ဖို့ တောင်းဆိုကြတယ်ပေါ့နော။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပေးဖို့ရှိလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – လူထု တောင်းဆိုချက်တွေ သံဃာတော်တွေ တောင်းဆိုချက်တွေ ကျနော်တို့ အလေးထား တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အလေးထားလို့ ကျနော်တို့က တန်ပြန်ထိုးစစ်တွေ မလုပ်ဘူး။ နောက်ရပ်တန့် နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် တစ်ဖက်ကျတော့လည်း ထိုးစစ်ကိုမရပ်ဘူး။ တစ်နေရာပြီး တစ်နေရာ ထပ်တိုးထပ်တိုးတယ်ဆိုတော့ ကျနော်တို့ကလည်း ခုခံစစ်နဲ့ပဲ တုန့်ပြန်တယ်။ ခုခံစစ်နဲ့ တုန့်ပြန်တယ် ဆိုတာက ကျနော်တို့ တိုက်ပွဲမဖြစ်ချင်တဲ့ အတွက်ကြောင့်ပဲ တိုက်ပွဲရပ်တန့်ချင်လို့ ကျနော်တို့ အဲလိုမျိုး နည်းဗျူဟာအနေနဲ့ ကျနော်တို့ ထိုးစစ်မဆင်တာ ဖြစ်တယ်။
မေး – တခြားဘာများ ဖြည့်စွက်ပြောစရာများရှိသေးသလဲ။
ဗိုလ်မှူး စိုင်းခမ်းစံ – အဓိကကတော့ စစ်ပြေးဒုက္ခသည်တွေမှာ မိုင်းကိုင်ဖက်မှာက ၃၀၀၀ ကျော်ရှိတယ်။ ကျောက်မဲ သီပေါ့ဖက်မှာဆိုရင် ၂၀၀၀ ကျော်ရှိတယ်။ စုပေါင်းလို့ရှိရင် အနီးစပ်ဆုံးက စာရင်းအတိအကျ မရ ပေမယ့် ကျနော်တို့က ၆၀၀၀ နီးပါးလောက်တော့ ရှိတယ်။ ဒီဥစ္စာအပေါ်မှာ ကျနော်တို့ ဒီဒေသခံတွေက စစ်ပြေး ဒုက္ခသည်ကို ကူညီတယ်။ နောက် သံဃာတော်တွေ လူငယ်တွေ နောက် ဒီပြည်တွင်းပြည်ပက ရှမ်းပြည်သူလူထု တွေက စုပေါင်းပြီး ကူညီလာတာများတယ်ခင်ဗျ။ အဲဒီ ဥစ္စာကို ကျနော် ပထမဆုံးကျေးဇူး တင်ချင်တယ်။ နောက်တစ်ခုကျတော့ တိုက်ပွဲ ကြာလာတာနဲ့အမျှ ပြည်သူထူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်။ တိုင်းရင်းသား အချင်းချင်း ဘာအကျိုးအမြတ်မှ မရှိဘူး။ ရန်သူတွေက အကျိုးအမြတ် ရှိသွားမယ်။ ဒါချင့်ချိန်နိုင်ဖို့ပေါ့နော။ နောက်တစ်ခုကျတော့ ပြည်သူလူထုက ဘယ်လောက်အထိ ဒုက္ခရောက်လည်းဆိုတော့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေတက်လာတယ်။ တက်လာတော့ ပြည်သူလူထုက စားဝတ်နေရေးအတွက် ဒုက္ခ ရောက်တာပေါ့။ နောက်နေရပ်စွန့်ခွာရတယ်။ ခါတိုင်းက တိုက်ပွဲပြီးလို့ရှိရင် ကိုယ့်ရွာကို ပြန်လို့ရတယ်။ အခုကျ တော့ တချို့ရွာတွေဆို မီးရှို့ခံရတယ်။ ပြန်သွားလို့ရှိရင် နှိပ်စက်ခံရမှာ ကြောက်လာတယ်။ သူတို့ အခုက လုံခြုံ မှုအပိုင်းမှာ သူတို့က ကြောက်လန့်ရတယ်။ ဒီအပိုင်းတွေပေါ့နော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ ဒီဥစ္စာကို အလေးအနက်ထားပြီးတော့ ပြည်သူအပေါ်ကို အလေးအနက်ထားပြီးတော့မှ စဉ်းစားပေးဖို့ တိုက် တွန်း ချင်တယ်ပေါ့နော်။ နောက်ကူညီပေးတဲ့ လူငယ်တွေ သံဃာတော်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်တယ်ပေါ့။
Photo-Credit
*** ZAWGYI ***
(ရွမ္းႏွစ္ဖြဲ႕ေတြ႕ဆုံေရးႏွင့္ ပတ္သက္၍ RCSS ႏွင့္ အင္တာဗ်ဴး)
ႀကိဳတင္ကန႔္သတ္ခ်က္မ်ား မရွိမွ ေဆြးေႏြးမည္ဟု RCSS ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ေက်ာက္မဲၿမိဳ႕နယ္၊ သီေပါၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းက ေက်းသီးၿမိဳ႕ နယ္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္တို႔တြင္ SSPP ႏွင့္ RCSS တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေန သည္ဟု RCSS က ေျပာသည္။
ႏွစ္ဖက္လက္နက္ကိုင္မ်ားက ေတြ႕ဆုံေဆြးေႏြးေရး အသင့္ရွိေၾကာင္း ထုတ္ျပန္ထားၾကေသာ္လည္း ေတြ႕ဆုံေဆြး ေႏြးမႈျဖင့္ အေျဖရွာရန္ ခက္ခဲေနဆဲဟု ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS အဖြဲ႕မ်ားက ေျပာဆိုထားသည္။
ႏွစ္ဖက္ၾကားတိုက္ပြဲမ်ား ဆက္ျဖစ္ေနသည့္အေပၚ ရပ္တန႔္သြားႏိုင္ေရး ရွမ္းႏိုင္ငံေရးပါတီမ်ား၊ ရွမ္းလူမႈအသင္း အဖြဲ႕မ်ား၊ ရွမ္းျပည္သူမ်ားက ႏွစ္ဖက္ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္း ၂ ခုအၾကားတြင္ ေျပလည္ ေစ ရန္ႏွင့္ ေပါင္းစည္းႏိုင္ေရး အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ၾကရာ ယေန႔အခ်ိန္အထိ တစ္စုံတစ္ရာ ေျပလည္မႈ မရွိေသး ပဲ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနဆဲျဖစ္သည္။
ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ဘယ္လို အခက္အခဲေတြရွိေနပါသလဲ၊ ေတြ႕ဆုံေဆြးေႏြးမႈႏွင့္ ပတ္သက္ ၿပီး RCSS ရဲ႕ သေဘာထားက ဘယ္လိုရွိေနပါသလဲ၊ ဘယ္လို အေနအထားေရာက္မွ တိုက္ပြဲေတြ ရပ္တန႔္သြားမွာ လဲ စတဲ့ အေၾကာင္းအရာေတြကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းခမ္းစံ ကို ဆက္သြယ္ေမးျမန္းထားသည္။
ေမး – SSPP ႏွင့္ RCC တို႔က ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာထား ရွိၾကတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ ေတြ႕ဆုံ ေဆြး ေႏြးမႈေတြ မျဖစ္လာရေသးတဲ့ အဓိက အေၾကာင္းအရင္း ဘာလို႔ ေျပာလို႔ရလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – အခုေလာေလာဆယ္က်ေတာ့ အခုက တိုက္ပြဲက ဆက္တိုက္ျဖစ္ေနတယ္ေလေနာ။ တိုက္ပြဲ က မရပ္ေသးဘူး။ တိုက္ပြဲ႕ ရွမ္းျပည္နယ္ ေတာင္ပိုင္းမွာဆိုရင္ ေက်းသီးၿမိဳ႕နယ္ မိုင္းကိုင္ၿမိဳ႕နယ္ ၂ ၿမိဳ႕နယ္ထဲ မွာ ရွမ္းျပည္နယ္မွာက်ေတာ့ သီေပါၿမိဳ႕နယ္၊ ေက်ာက္မဲၿမိဳ႕နယ္ အဲလိုမ်ိဳးေတာက္ေလွ်ာက္ရွိတာ ေပါ့ေနာ။ ၄ ၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနတယ္ဆိုေတာ့ ဒါကတစ္ခ်က္ေပါ့ေနာ။ ေနာက္တစ္ခုက်ေတာ့ SSPP က သူတို႔က ေတြ႕ဆုံေဆြးေႏြးခ်င္တယ္ဆိုတာ အဲဒါႀကိဳဆိုရမွာပဲ။ RCSS အေနနဲ႔ကလည္း ေတြ႕ဆုံ ေဆြးေႏြးေရး သာ ထြက္ေပါက္ ျဖစ္တယ္။ အေျဖရွာလာတဲ့ တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္။ ဒါေပမယ့္ တစ္ခုရွိတာက ေတြ႕ဆုံေဆြးေႏြးမယ္ဆိုရင္ RCSS က ေတာင္းပိုင္းကို အရင္ဆုတ္ ဆုတ္ၿပီးမွ က်ေနာ္တို႔ ေဆြးေႏြး မယ္ဆို ဒီ Pre-Condition လို႔ေခၚတဲ့ ကန႔္သတ္ခ်က္နဲ႔ပါတဲ့ ေဆြးေႏြးမႈမ်ိဳးဆိုေတာ့ မေအာင္ျမင္ႏိုင္ဘူးေလ။ ဒါေၾကာင့္ တိုက္ပြဲ ကလည္း မရပ္ေသးဘူးဆိုေတာ့ ထိုးစစ္ဆင္တာ မရပ္ေသးဘူးဆိုေတာ့ ေဆြးေႏြးမႈက မစႏိုင္ေသးဘူးေပါ့ေနာ။
ေမး – ကန႔္သတ္ခ်က္ဆိုတာ ဘယ္လိုပုံစံမ်ိဳးကို ေျပာတာလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – ကန႔္သတ္ခ်က္ဆိုတာ SSPP ဖက္က သူက ေဆြးေႏြးမယ္ ေဆြးေႏြးခ်င္တယ္ ဒါေပမယ့္ ေဆြး ေႏြးမယ္ဆိုရင္ RCSS တပ္ေတြက ေတာင္ပိုင္းကို အရင္ဆုတ္ အရင္ဆုတ္ၿပီးမွ ေဆြးေႏြးမယ္ အဲလိုမ်ိဳး ကန႔္သတ္ ခ်က္ Pre-Condition လို႔ေခၚတာေပါ့ ႀကိဳတင္ကန႔္သတ္ခ်က္လို႔ ေခၚတာေပါ့။
ေမး – ဆိုေတာ့ ကန႔္သတ္ခ်က္ေတြ မရွိမွ ေဆြးေႏြးမယ့္ သေဘာလား RCSS က။
ဗိုလ္မႉး စိုင္းခမ္းစံ – ဟုတ္ကဲ့ အဲဒါက်ေတာ့ ဒါမွ အေျဖရွာႏိုင္မယ္ေလ။ အေျဖရွာတဲ့ နည္းလမ္းမဟုတ္ပဲနဲ႔ ကန႔္ သတ္ခ်က္နဲ႔ လာေဆြးေႏြးမယ္ဆိုရင္ ေအာင္ျမင္ႏိုင္ဖို႔ အလားအလာ မရွိဘူးခင္ဗ်။
ေမး – တစ္ဖက္ကလည္း နယ္ေျမကန႔္သတ္ခ်က္ေတြနဲ႔ ေဆြးေႏြးမယ္ တစ္ဖက္ကလည္း ကန႔္သတ္ခ်က္ေတြ မထားပဲနဲ႔ ေဆြးေႏြးမယ္ဆိုေတာ့ ေတြ႕ဆုံေဆြးေႏြးမႈက ဘယ္လိုျဖစ္လာႏိုင္သလဲ။ တိုက္ပြဲေတြရပ္တန႔္ဖို႔က တျခား နည္းလမ္း ဘာေတြ လုပ္ေဆာင္ဖို႔ရွိသလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – တိုက္ပြဲရပ္ဖို႔ကက်ေတာ့ သူက ႏွစ္ဖက္ပါမွ တိုက္ပြဲျဖစ္တာေလ။ သူက SSPP တို႔က သူတို႔က ထိုးစစ္ဆင္တာ မရပ္ေသးဘူး။ မရပ္ေသးေတာ့ က်ေနာ္တို႔ ဒီ RCSS ဖက္ကလည္း ထိုးစစ္ဆင္တာ တခါမွ မလုပ္ ေသးဘူး။ ကိုယ့္ကိုယ္ကို ခုခံတဲ့ တုန႔္ျပန္မႈနဲ႔ပဲ က်ေနာ္တို႔က ရင္ဆိုင္ေနတယ္။ ဒါရွင္းရွင္းေလးေပါ့။ ေျပာမယ္ ဆိုရင္ေတာ့ သူတို႔ဖက္က တကယ္ေဆြးေႏြးခ်င္လို႔ရွိရင္ ရပ္လိုက္ေပါ့ ရပ္ၿပီးေတာ့မွ ေဆြးေႏြးမယ္ေလ။ မရပ္ပဲနဲ႔ ဒီအတိုင္း ဆက္တိုက္ေနမယ္ဆိုရင္ က်ေနာ္တို႔လည္း ဆက္ခုခံမွာပဲေလ ဒါက်ေနာ္တို႔က တန္ျပန္ထိုးစစ္ေတြ မလုပ္ေသး ဘူးေလ။
ေမး – SSPP ဖက္က ဘာေျပာသလဲဆိုေတာ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းကို RCSS က ဝင္လာမွ ဒီဖက္မွာ တိုက္ပြဲ ျဖစ္တယ္လို႔ေျပာတယ္။ သူတို႔က RCSS ကို က်ဴးေက်ာ္ၿပီး တိုက္ခိုက္တာ မရွိဘူးဆိုေတာ့ ေျမျပင္အေျခအေနက ဘယ္လိုရွိလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – အဲဒါ စြပ္စြဲ ေျပာဆိုခ်က္သာ ျဖစ္တယ္။ ဒီက်ေနာ္တို႔ ေျမာက္ပိုင္းမွာ သူတို႔ လႈပ္ရွား နယ္ ေျမဆိုတာ ခါတိုင္းတုန္းက သူတို႔ သမိုင္းေၾကာင္းအရ ရွည္မွာေပါ့ ေျပာရမယ္ဆိုရင္ တကယ္တမ္းက်ရွိရင္ ေတာ့ ဒါ ဒီေျမာက္ပိုင္းအထိမွာ က်ေနာ္တို႔ တပ္ ၇၀၁ ဆို နယ္ေျမေဒသရွိတယ္။ အဲဒီဥစၥာဆိုရင္ မူဆယ္ – နမ့္ ခမ္း ဟိုးလြန္ခဲ့တဲ့ ႏွစ္ ၂၀ ကတည္းက က်ေနာ္တို႔ လႈပ္ရွားေနတဲ့ ဥစၥာရွိတယ္။ ေျပာမယ္ဆိုရင္ေတာ့ နယ္ ေျမ က်ေတာ့ Over Lap ျဖစ္ရင္ျဖစ္မွာေပါ့။ သူ႔နယ္ပဲ နင္တို႔နဲ႔ မဆိုင္ဘူးဆို ေျပာလို႔မရဘူးေလ။
ေမး – ခုနက ဗိုလ္မႉးလည္း ေျပာသြားတာရွိတယ္။ ႀကိဳတင္ကန႔္သတ္ခ်က္ေတြရွိတဲ့အေပၚမွာ ေတြ႕ဆုံေဆြးေႏြးႏိုင္ ဖို႔ ခက္ခဲတယ္ဆိုေတာ့ အကယ္၍ SSPP ဖက္က နယ္ေျမကန႔္သတ္မႈေတြ ႀကိဳတင္ကန႔္သတ္မႈေတြ မ႐ုတ္ဘူးဆိုရင္ လက္ရွိမွာ ေတြ႕ဆုံေဆြးေႏြးမႈ ျဖစ္လာမယ့္ အလားအလာက ဘယ္ေလာက္အထိ ရွိႏိုင္သလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – အဲဒါက်ေတာ့ သူတို႔အေပၚမွာပဲ မူတည္တယ္ေပါ့ေလေနာ။ သူတို႔က ဘယ္ေလာက္အထိျဖစ္ ခ်င္သလဲေပါ့။ ဘယ္ေလာက္အထိ ေဆြးေႏြးခ်င္သလဲ ဆိုတဲ့အေပၚ မွာပဲ မူတည္တယ္ခင္ဗ်။ က်ေနာ္တို႔ဖက္က် ေတာ့ ပြင့္လင္းျမင္သာစြာနဲ႔ က်ေနာ္တို႔ အၿမဲတမ္းလည္း က်ေနာ္တို႔ ရပ္တည္ခ်က္ကလည္း ရွင္းရွင္းေလးရွိ တယ္။ တစ္စိုက္မတ္မတ္လည္း ေျပာလာခဲ့တယ္။ ထုတ္ျပန္ခ်က္တိုင္းမွာလည္း ေတြ႕ဆုံေဆြးေႏြးေရးကို ဦးတည္ မယ္ ဆိုၿပီးေတာ့မွ က်ေနာ္တို႔ ထုတ္ျပန္ခ်က္တိုင္းမွာလည္း က်ေနာ္တို႔ ပါရွိတယ္ခင္ဗ်။
ေမး – နယ္ေျမကန႔္သတ္ခ်က္နဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္ ပဋိပကၡျဖစ္ေပၚေနတဲ့အေပၚမွာ ဘယ္လိုဆက္လုပ္သြားဖို႔ ရွိသလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – ပထမဆုံးေတာ့ RCSS အေနနဲ႔က်ေတာ့ က်ေနာ္တို႔ ထိုးစစ္မလုပ္ဘူး။ ခုခံစစ္နဲ႔ပဲ က်ေနာ္တို႔ တုန႔္ျပန္မယ္ ဒါပထမတစ္ခ်က္၊ တိုက္ပြဲ မျဖစ္ခ်င္လို႔ ေနာက္သံဃာေတာ္ေတြ ျပည္သူေတြ ေတာင္းဆိုခ်က္ကို က်ေနာ္တို႔ အေလးထားလို႔ ဒါတစ္ခ်က္ေပါ့ေနာ္။ ေနာက္တစ္ခ်က္က်ေတာ့ ဒီေနရပ္စြန႔္ခြာတဲ့ စစ္ေျပးဒုကၡသည္ ေတြလည္း မ်ားလာတဲ့အတြက္ေၾကာင့္ ဒါ တိုင္းရင္းသားလက္နက္ကိုင္ တစ္ဖြဲ႕အေနနဲ႔ ရွမ္းျပည္အတြက္ အလုပ္ အေကြၽးျပဳတယ္။ ရွမ္းျပည္ ျပည္သူလူထုအတြက္ ေစာင့္ေရွာက္တယ္ဆိုရင္ ဒါ ထည့္သြင္းစဥ္းစားေပးဖို႔ေပါ့ ေနာ္။ အဲ့ဒါအဓိကက်တာေပါ့။
ေမး – ၿပီးခဲ့တဲ့ ရက္ပိုင္းက SSPP ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ RCSS က ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး ေပးပို႔လာတဲ့ စာကို SSPP က ျပန္ၿပီးေတာ့ စာျပန္လိုက္တဲ့အေၾကာင္း ေျပာထားတာေတြ႕ရတယ္။ အဲဒီအထဲမွာ နယ္ ေျမသတ္မွတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေျပာထားတာလဲရွိတယ္။ အဲဒီ ျပန္စာေပးလာတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ဘာ ေျပာခ်င္သလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – အဲဒီအထဲမွာ သူတို႔ ထုတ္ျပန္ခ်က္ထဲမွာ အခ်က္တစ္ခ်က္ပါတာက ဒီ RCSS ေပးပို႔စာကို သူ တို႔ စာျပန္တဲ့အေၾကာင္း သူတို႔ပါရွိတယ္။ အဲဒါ စာျပန္တယ္ဆိုတာက အရင္တစ္ေခါက္တုန္းက RCSS က SSPP ကို စာပို႔ထားတယ္။ ေနာက္ဒီတစ္ေခါက္က်မွ သူတို႔က ဒီစာျပန္ပို႔ေပးတာေပါ့ေနာ္။ သူတို႔တုန႔္ျပန္စာက ဆိုလို တာက RCSS က အရင္တစ္ေခါက္က သူတို႔ဆီစာပို႔တယ္။ ေနာက္ဆုံးတစ္ေခါက္က်ေတာ့ SSPP ရဲ႕ ဥကၠ႒ကို လိပ္ မူၿပီးေတာ့မွ ေပးပို႔တယ္။ ၂ ခါေပါ့ေနာ။ အခု သူတို႔ ဒီထုတ္ျပန္ခ်က္မွာ သူတို႔ ေျပာတာ သူတို႔ စာျပန္ေပးတယ္ ဆိုတာက အဲဒါ အရင္တစ္ေခါက္ ဥစၥာကို သူတို႔ အေၾကာင္းျပန္ေပးတာ ျဖစ္တယ္။ ေနာက္ ဒီေနာက္ဆုံး တစ္ ေခါက္ RCSS အေနနဲ႔ SSPP ဥကၠ႒ဆီ လိပ္မူၿပီးေတာ့ ေပးပို႔တဲ့ စာကို သူတို႔ အေၾကာင္းမျပန္ ေသးဘူးခင္ဗ်။
ေမး – RCSS က SSPP ဥကၠ႒ ကို ဒုတိယတစ္ေခါက္ေပးပို႔တဲ့စာမွာ ဘာမ်ားေရးထားတာလဲခင္ဗ်။
ဗိုလ္မႉး စိုင္းခမ္းစံ – အဲဒါကေတာ့ မွတ္ခ်က္ေပးစရာ မရွိေသးဘူးခင္ဗ်ား။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္ေရးကိစၥဆိုေတာ့ စစ္ေရးကိစၥ ေနာက္ ညီၫြတ္ေရးကိစၥဆိုေတာ့။
ေမး – တိုက္ပြဲျပင္းထန္လာေတာ့ ျပည္သူေတြက နစ္နာရႈံးမႈေတြ မ်ားလာတယ္။ အဲဒီအေပၚမွာ ပါတီေတြေရာ၊ လူမႈအသင္းအဖြဲ႕ေတြေရာ၊ ျပည္သူေတြေရာက တိုက္ပြဲရပ္တန႔္ဖို႔ ေတာင္းဆိုၾကတယ္ေပါ့ေနာ။ ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုလုပ္ေပးဖို႔ရွိလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – လူထု ေတာင္းဆိုခ်က္ေတြ သံဃာေတာ္ေတြ ေတာင္းဆိုခ်က္ေတြ က်ေနာ္တို႔ အေလးထား တယ္ေလ။ ဘာျဖစ္လို႔လဲဆိုေတာ့ အေလးထားလို႔ က်ေနာ္တို႔က တန္ျပန္ထိုးစစ္ေတြ မလုပ္ဘူး။ ေနာက္ရပ္တန႔္ ႏိုင္ေအာင္ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ ဒါေပမယ့္ တစ္ဖက္က်ေတာ့လည္း ထိုးစစ္ကိုမရပ္ဘူး။ တစ္ေနရာၿပီး တစ္ေနရာ ထပ္တိုးထပ္တိုးတယ္ဆိုေတာ့ က်ေနာ္တို႔ကလည္း ခုခံစစ္နဲ႔ပဲ တုန႔္ျပန္တယ္။ ခုခံစစ္နဲ႔ တုန႔္ျပန္တယ္ ဆိုတာက က်ေနာ္တို႔ တိုက္ပြဲမျဖစ္ခ်င္တဲ့ အတြက္ေၾကာင့္ပဲ တိုက္ပြဲရပ္တန႔္ခ်င္လို႔ က်ေနာ္တို႔ အဲလိုမ်ိဳး နည္းဗ်ဴဟာအေနနဲ႔ က်ေနာ္တို႔ ထိုးစစ္မဆင္တာ ျဖစ္တယ္။
ေမး – တျခားဘာမ်ား ျဖည့္စြက္ေျပာစရာမ်ားရွိေသးသလဲ။
ဗိုလ္မႉး စိုင္းခမ္းစံ – အဓိကကေတာ့ စစ္ေျပးဒုကၡသည္ေတြမွာ မိုင္းကိုင္ဖက္မွာက ၃၀၀၀ ေက်ာ္ရွိတယ္။ ေက်ာက္မဲ သီေပါ့ဖက္မွာဆိုရင္ ၂၀၀၀ ေက်ာ္ရွိတယ္။ စုေပါင္းလို႔ရွိရင္ အနီးစပ္ဆုံးက စာရင္းအတိအက် မရ ေပမယ့္ က်ေနာ္တို႔က ၆၀၀၀ နီးပါးေလာက္ေတာ့ ရွိတယ္။ ဒီဥစၥာအေပၚမွာ က်ေနာ္တို႔ ဒီေဒသခံေတြက စစ္ေျပး ဒုကၡသည္ကို ကူညီတယ္။ ေနာက္ သံဃာေတာ္ေတြ လူငယ္ေတြ ေနာက္ ဒီျပည္တြင္းျပည္ပက ရွမ္းျပည္သူလူထု ေတြက စုေပါင္းၿပီး ကူညီလာတာမ်ားတယ္ခင္ဗ်။ အဲဒီ ဥစၥာကို က်ေနာ္ ပထမဆုံးေက်းဇူး တင္ခ်င္တယ္။ ေနာက္တစ္ခုက်ေတာ့ တိုက္ပြဲ ၾကာလာတာနဲ႔အမွ် ျပည္သူထူထုက ပိုၿပီးေတာ့ ဒုကၡေရာက္မယ္။ တိုင္းရင္းသား အခ်င္းခ်င္း ဘာအက်ိဳးအျမတ္မွ မရွိဘူး။ ရန္သူေတြက အက်ိဳးအျမတ္ ရွိသြားမယ္။ ဒါခ်င့္ခ်ိန္ႏိုင္ဖို႔ေပါ့ေနာ။ ေနာက္တစ္ခုက်ေတာ့ ျပည္သူလူထုက ဘယ္ေလာက္အထိ ဒုကၡေရာက္လည္းဆိုေတာ့ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ ကုန္ေစ်းႏႈန္းေတြတက္လာတယ္။ တက္လာေတာ့ ျပည္သူလူထုက စားဝတ္ေနေရးအတြက္ ဒုကၡ ေရာက္တာေပါ့။ ေနာက္ေနရပ္စြန႔္ခြာရတယ္။ ခါတိုင္းက တိုက္ပြဲၿပီးလို႔ရွိရင္ ကိုယ့္႐ြာကို ျပန္လို႔ရတယ္။ အခုက် ေတာ့ တခ်ိဳ႕႐ြာေတြဆို မီးရႈိ႕ခံရတယ္။ ျပန္သြားလို႔ရွိရင္ ႏွိပ္စက္ခံရမွာ ေၾကာက္လာတယ္။ သူတို႔ အခုက လုံၿခဳံ မႈအပိုင္းမွာ သူတို႔က ေၾကာက္လန႔္ရတယ္။ ဒီအပိုင္းေတြေပါ့ေနာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အေနနဲ႔ ဒီဥစၥာကို အေလးအနက္ထားၿပီးေတာ့ ျပည္သူအေပၚကို အေလးအနက္ထားၿပီးေတာ့မွ စဥ္းစားေပးဖို႔ တိုက္ တြန္း ခ်င္တယ္ေပါ့ေနာ္။ ေနာက္ကူညီေပးတဲ့ လူငယ္ေတြ သံဃာေတာ္ေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာခ်င္တယ္ေပါ့။
Photo-Credit