ကန်ကြီးထောင့် Mytel တာဝါတိုင် ဖျက်ဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ MyTel ဖုန်းတာဝါတိုင် တစ်တိုင် အောက် တိုဘာလ ၁၂ ရက်နေ့ည ၈ နာရီ အချိန်ခန့်က မိုင်းခွဲဖျက်ဆီး ခံရသည်ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ် အစုကြီးကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် MyTel ဖုန်းတာဝါတိုင် အောက်ခြေရှိ စက်၊ ထရန်ဖော်မာ နှင့် ဝိုင်ဖိုင်ပုံး တို့ ပျက်စီးသွား သည်ဟု ပုသိမ်မြို့ အခြေစိုက် MyTel ဖုန်းဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦး က အတည်ပြု ပြောသည်။

“အဲ့ တာဝါတိုင်က ကျနော်တို့ MyTel တစ်ခုတည်း ချိတ်တဲ့ တာဝါတိုင် မဟုတ်ဘူး တခြား ဖုန်းအော်ပရေတာ တွေ လည်း ချိတ်ထားတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစုကြီးကျေးရွာ အနီးက အခြားသောကျေးရွာများတွင် စစ်ဆေးမှုများပြုလုပ် နေ သော်လည်း အောက်တိုဘာ ၁၃ ရက်နေ့(ယနေ့) မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရသူ မရှိသေးဘူးဟု ဒေသခံအချို့ က ပြောသည်။

ထိုဖုန်းတာဝါတိုင် ဖောက်ခွဲမှုနှင့်ပတ်သက်၍ မြစ်ဝကျွန်းပေါ် ပြောက်ကျား တော်လှန်ရေးတပ်ပေါင်းစု နှင့် ဧရာ ၁၄ အဖွဲ့ က ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းအတွင်း၌ MyTel ဖုန်းတာဝါတိုင်များကို ဒေသခံ PDF များက ပစ်မှတ်ထား မိုင်းခွဲဖျက်ဆီးနေသော် လည်း ဝန်ထမ်းများ မရှိသည့် အချိန်ကို ရွေးချယ်ဖောက်ခွဲခြင်းဖြစ်၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိ ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း အတွင်းမှာရှိ မြို့ပြ ပြောက်ကျားများ က စစ်ကောင်စီ၏ MyTel ဖုန်းတာဝါတိုင် ၆ တိုင် ကို မိုင်းခွဲ ဖျက်ခဲ့ပြီးဖြစ်ကြောင်း ပုသိမ် ပြောက်ကျားတပ်ဖွဲ့ PSTF ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းမှ ယခု အောက်တိုဘာလ ဒုတိယအပတ်အထိ MyTel ဖုန်းတာဝါတိုင်ပေါင်း ၁၂၀ ကျော် ဖျက်ဆီးခံထားရပြီး တာဝါတိုင် တစ်တိုင်၏ တန်ဖိုးသည် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ ခန့် မှ ၂၅၀၀ ခန့် အထိရှိနိုင်ပြီး တစ်လအတွင်း ငွေကျပ် ဘီလီယံ ၂၀ ခန့် အထိ စစ်ကောင်စီက ထိခိုက်ဆုံးရှုံးနိုင်သည်ဟု ဖုန်းတာဝါတိုင် ကန်ထရိုက်လုပ်ဖူးသူ အချို့က ပြောဆိုထားသည်။

*** ZAWGYI ***
ကန္ႀကီးေထာင့္ Mytel တာဝါတိုင္ ဖ်က္ဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ရွိ MyTel ဖုန္းတာဝါတိုင္ တစ္တိုင္ ေအာက္ တိုဘာလ ၁၂ ရက္ေန႔ည ၈ နာရီ အခ်ိန္ခန႔္က မိုင္းခြဲဖ်က္ဆီး ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ကန္ႀကီးေထာင့္ၿမိဳ႕နယ္ အစုႀကီးေက်း႐ြာတြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ MyTel ဖုန္းတာဝါတိုင္ ေအာက္ေျခရွိ စက္၊ ထရန္ေဖာ္မာ ႏွင့္ ဝိုင္ဖိုင္ပုံး တို႔ ပ်က္စီးသြား သည္ဟု ပုသိမ္ၿမိဳ႕ အေျခစိုက္ MyTel ဖုန္းဆက္သြယ္ေရး႐ုံး တာဝန္ရွိသူတစ္ဦး က အတည္ျပဳ ေျပာသည္။

“အဲ့ တာဝါတိုင္က က်ေနာ္တို႔ MyTel တစ္ခုတည္း ခ်ိတ္တဲ့ တာဝါတိုင္ မဟုတ္ဘူး တျခား ဖုန္းေအာ္ပေရတာ ေတြလည္း ခ်ိတ္ထားတာ” ဟု အဆိုပါ တာဝန္ရွိသူက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အစုႀကီးေက်း႐ြာ အနီးက အျခားေသာေက်း႐ြာမ်ားတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ ေန ေသာ္လည္း ေအာက္တိုဘာ ၁၃ ရက္ေန႔(ယေန႔) မြန္းလြဲပိုင္းအထိ ဖမ္းဆီးခံရသူ မရွိေသးဘူးဟု ေဒသခံအခ်ိဳ႕ က ေျပာသည္။

ထိုဖုန္းတာဝါတိုင္ ေဖာက္ခြဲမႈႏွင့္ပတ္သက္၍ ျမစ္ဝကြၽန္းေပၚ ေျပာက္က်ား ေတာ္လွန္ေရးတပ္ေပါင္းစု ႏွင့္ ဧရာ ၁၄ အဖြဲ႕ က ၎တို႔၏ ပူးေပါင္း ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ခဲ့ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားသည္။

ဧရာဝတီတိုင္းအတြင္း၌ MyTel ဖုန္းတာဝါတိုင္မ်ားကို ေဒသခံ PDF မ်ားက ပစ္မွတ္ထား မိုင္းခြဲဖ်က္ဆီးေနေသာ္ လည္း ဝန္ထမ္းမ်ား မရွိသည့္ အခ်ိန္ကို ေ႐ြးခ်ယ္ေဖာက္ခြဲျခင္းျဖစ္၍ လူႏွင့္တိရိစာၦန္မ်ား ထိခိုက္မႈမရွိ ဟု ေဒသခံမ်ားက ေျပာသည္။

ဧရာဝတီတိုင္း အတြင္းမွာရွိ ၿမိဳ႕ျပ ေျပာက္က်ားမ်ား က စစ္ေကာင္စီ၏ MyTel ဖုန္းတာဝါတိုင္ ၆ တိုင္ ကို မိုင္းခြဲ ဖ်က္ခဲ့ၿပီးျဖစ္ေၾကာင္း ပုသိမ္ ေျပာက္က်ားတပ္ဖြဲ႕ PSTF ၏ သတင္းထုတ္ျပန္ခ်က္မ်ား အရ သိရသည္။

စက္တင္ဘာလ ၇ ရက္ေန႔ ေနာက္ပိုင္းမွ ယခု ေအာက္တိုဘာလ ဒုတိယအပတ္အထိ MyTel ဖုန္းတာဝါတိုင္ေပါင္း ၁၂၀ ေက်ာ္ ဖ်က္ဆီးခံထားရၿပီး တာဝါတိုင္ တစ္တိုင္၏ တန္ဖိုးသည္ အနိမ့္ဆုံး က်ပ္သိန္း ၁၅၀၀ ခန႔္ မွ ၂၅၀၀ ခန႔္ အထိရွိႏိုင္ၿပီး တစ္လအတြင္း ေငြက်ပ္ ဘီလီယံ ၂၀ ခန႔္ အထိ စစ္ေကာင္စီက ထိခိုက္ဆုံးရႈံးႏိုင္သည္ဟု ဖုန္းတာဝါတိုင္ ကန္ထ႐ိုက္လုပ္ဖူးသူ အခ်ိဳ႕က ေျပာဆိုထားသည္။