မွန်ပြည်နယ် ပေ ၄၀ တံတား ဗုံးကွဲပျက်ဆီး၊ ယာဉ်ကြီးများ သွားလာမှုရပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသ အခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီးနောက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံ များ က ပြောသည်။
ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်ခန့် က ဗုံးခွဲဖျက်ဆီးခံလိုက်ရ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားကြမ်းခင်းပေါ်တွင် ခြောက်ပေခန့် အပေါက်ကြီး ပေါက်သွားသည့် အပြင် တံတား ယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။
လက်ရှိတွင် တံတားကြံ့ခိုင်မှု အနေအထားအရ တန်ချိန်များသည့် ယာဥ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြု တော့ဘူး ဒေသခံများ က ပြောသည်။
“တံတား ဗုံးခွဲဖျက်ဆီးခံရတာက မနေ့က ၁ နာရီကျော်ကျော်လောက်မှာဖြစ်တယ်။ ဗုံးခွဲခံရပြီးတော့ တံတား အပျက်အဆီး နည်းနည်းရှိနေတော့ တံတားကြံ့ခိုင်မှု အနေအထားအရပေါ့လေ ကားအကြီးတွေကို ပေးမဖြတ် တော့ဘူး။ ကားအငယ်တွေကတော့ ဖြတ်လို့ရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။
ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရှာဖွေစစ်ဆေးမှု များ တင်းကြပ်ထားသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့ကလည်း အဆိုပါ ကလော့ချောင်းတံတားအနီးရှိ နယ်မြေခံ အမြောက် တပ်ရင်းကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်လည်း ရှိခဲ့ သည်။
ရေးမြို့နယ်အတွင်း၌ ဖုန်းတာဝါတိုင်များ ဗုံးခွဲဖျက်ဆီးခံရသည့်ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားနေသည့် အပြင် ရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းအချို့လည်း ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွား နေသည်။
*** ZAWGYI ***
မြန္ျပည္နယ္ ေပ ၄၀ တံတား ဗုံးကြဲပ်က္ဆီး၊ ယာဥ္ႀကီးမ်ား သြားလာမႈရပ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေခါဇာၿမိဳ႕ လမ္းခြဲအနီး ေရး-ထားဝယ္ကားလမ္းေပၚရွိ ကေလာ့ေခ်ာင္းတံတား (ေဒသ အေခၚ ေပ ၄၀ တံတား) ဗုံးခြဲဖ်က္ဆီးခံရၿပီးေနာက္ ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာ၍ မရေတာ့ဘူးဟု ေဒသခံ မ်ား က ေျပာသည္။
ကေလာ့ေခ်ာင္းတံတား ေအာက္တိုဘာ ၁၃ ရက္ေန႔၊ မြန္းလြဲ ၁ နာရီဝန္းက်င္အခ်ိန္ခန႔္ က ဗုံးခြဲဖ်က္ဆီးခံလိုက္ရ ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
တံတား ဗုံးခြဲဖ်က္ဆီးခံရမႈေၾကာင့္ တံတားၾကမ္းခင္းေပၚတြင္ ေျခာက္ေပခန႔္ အေပါက္ႀကီး ေပါက္သြားသည့္ အျပင္ တံတား ယက္မတစ္ေခ်ာင္းလည္း ျပဳတ္ထြက္သြားသည္။
လက္ရွိတြင္ တံတားႀကံ့ခိုင္မႈ အေနအထားအရ တန္ခ်ိန္မ်ားသည့္ ယာဥ္ႀကီးမ်ားကို ျဖတ္သန္းသြားလာခြင့္ မျပဳ ေတာ့ဘူး ေဒသခံမ်ား က ေျပာသည္။
“တံတား ဗုံးခြဲဖ်က္ဆီးခံရတာက မေန႔က ၁ နာရီေက်ာ္ေက်ာ္ေလာက္မွာျဖစ္တယ္။ ဗုံးခြဲခံရၿပီးေတာ့ တံတား အပ်က္အဆီး နည္းနည္းရွိေနေတာ့ တံတားႀကံ့ခိုင္မႈ အေနအထားအရေပါ့ေလ ကားအႀကီးေတြကို ေပးမျဖတ္ ေတာ့ဘူး။ ကားအငယ္ေတြကေတာ့ ျဖတ္လို႔ရတယ္” ဟု ေရးၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။
ကေလာ့ေခ်ာင္းတံတား ဗုံးခြဲဖ်က္ဆီးခံရၿပီးေနာက္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ရွာေဖြစစ္ေဆးမႈ မ်ား တင္းၾကပ္ထားသည္ဟု ေဒသခံမ်ားက ဆိုသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၁ ရက္ေန႔ကလည္း အဆိုပါ ကေလာ့ေခ်ာင္းတံတားအနီးရွိ နယ္ေျမခံ အေျမာက္ တပ္ရင္းကို ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့သည္လည္း ရွိခဲ့ သည္။
ေရးၿမိဳ႕နယ္အတြင္း၌ ဖုန္းတာဝါတိုင္မ်ား ဗုံးခြဲဖ်က္ဆီးခံရသည့္ျဖစ္စဥ္မ်ားလည္း ဆက္တိုက္ျဖစ္ပြားေနသည့္ အျပင္ ရဲစခန္းႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ စခန္းအခ်ိဳ႕လည္း ဗုံးျဖင့္ တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္မ်ားလည္း မၾကာခဏျဖစ္ပြား ေနသည္။