အမျိုးသမီး အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရပြီး ထွက်ပြေးတိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ဧရာဝတီတိုင်းမှ အမျိုးသမီးအုပ်ချုပ်ရေးမှူး တစ်ဦး ခြိမ်းခြောက်ခံရသဖြင့် တိမ်းရှောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်သူ ဒေါ်ရီမြင့်ထံသို့ ဒေသခံ ပြောက်ကျား တပ်ဖွဲ့ဖြစ်သည့် “ဧရာက ဗေဒါ” အဖွဲ့က ကျည်ဆံနှင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင် ခြိမ်းခြောက်စာ ပေးခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ရီမြင့်၏ သားမှာ အာဏာသိမ်း တပ်မတော်မှ တပ်ဖွဲ့ဝင် အရာရှိတစ်ဦး ဖြစ်သည်။

”သူသားစစ်ဗိုလ်က လာခေါ်သွားတာ။ အခုလောလောဆယ်တော့ ရုံးစာရေးလည်း အသတ်ခံရတယ်။ အုပ်ချုပ် ရေးမှူးလည်း ပြေးပြီ” ဟု ကျော်ဇံကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

ထွက်ပြေးသွားသည့် အမျိုးသမီး အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ သတင်းပေးအဖြစ် လူပြောများနေသူ ဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်သူများအား ထောင်ထဲပို့ပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိသူ ဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့က သေဆုံးခဲ့သည့် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးရုံး၏ ရပ်ကျေး စာရေး၊ စစ်ကောင်စီ သတင်းပေးဆိုသူ ဦးအေးလွင်အား သတ်ဖြတ်ခဲ့မှုသည် ၎င်းတို့၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု ဒေသခံ ပြောက်ကျား တပ်ဖွဲ့ “ဧရာကဗေဒါအဖွဲ့” က သတင်းထုတ်ပြန်ခဲ့သည်။

ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှုး ဒေါ်ရီမြင့်သည့် ဧရာဝတီတိုင်း အတွင်း၌ ဒေသခံ ပြောက်ကျား တပ်ဖွဲ့၏ သတိ ပေးခံရသော ပထမဆုံးသော အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်သည်။

*** ZAWGYI ***
အမ်ိဳးသမီး အုပ္ခ်ဳပ္ေရးမႉး ၿခိမ္းေျခာက္ခံရၿပီး ထြက္ေျပးတိမ္းေရွာင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ဧရာဝတီတိုင္းမွ အမ်ိဳးသမီးအုပ္ခ်ဳပ္ေရးမႉး တစ္ဦး ၿခိမ္းေျခာက္ခံရသျဖင့္ တိမ္းေရွာင္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္၊ ေက်ာ္ဇံေက်း႐ြာမွ အမ်ိဳးသမီးအုပ္ခ်ဳပ္ေရးမႉး ျဖစ္သူ ေဒၚရီျမင့္ထံသို႔ ေဒသခံ ေျပာက္က်ား တပ္ဖြဲ႕ျဖစ္သည့္ “ဧရာက ေဗဒါ” အဖြဲ႕က က်ည္ဆံႏွင့္ ၿခိမ္းေျခာက္စာ ေပးပို႔ခဲ့သည္ဟု ေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ေအာက္တိုဘာ ၁၆ ရက္ေန႔တြင္ ၿခိမ္းေျခာက္စာ ေပးခံရသည့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေဒၚရီျမင့္၏ သားမွာ အာဏာသိမ္း တပ္မေတာ္မွ တပ္ဖြဲ႕ဝင္ အရာရွိတစ္ဦး ျဖစ္သည္။

”သူသားစစ္ဗိုလ္က လာေခၚသြားတာ။ အခုေလာေလာဆယ္ေတာ့ ႐ုံးစာေရးလည္း အသတ္ခံရတယ္။ အုပ္ခ်ဳပ္ ေရးမႉးလည္း ေျပးၿပီ” ဟု ေက်ာ္ဇံေက်း႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ထြက္ေျပးသြားသည့္ အမ်ိဳးသမီး အုပ္ခ်ဳပ္ေရးမႉးသည္ စစ္ေကာင္စီ သတင္းေပးအျဖစ္ လူေျပာမ်ားေနသူ ျဖစ္ၿပီး စစ္ေကာင္စီကို ဆန႔္က်င္သူမ်ားအား ေထာင္ထဲပို႔ပစ္မည္ဟု ၿခိမ္းေျခာက္ေလ့ရွိသူ ျဖစ္သည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။

ေအာက္တိုဘာ ၁၅ ရက္ေန႔က ေသဆုံးခဲ့သည့္ ေက်ာ္ဇံေက်း႐ြာ အုပ္ခ်ဳပ္ေရး႐ုံး၏ ရပ္ေက်း စာေရး၊ စစ္ေကာင္စီ သတင္းေပးဆိုသူ ဦးေအးလြင္အား သတ္ျဖတ္ခဲ့မႈသည္ ၎တို႔၏ လုပ္ေဆာင္ခ်က္ျဖစ္သည္ဟု ေဒသခံ ေျပာက္က်ား တပ္ဖြဲ႕ “ဧရာကေဗဒါအဖြဲ႕” က သတင္းထုတ္ျပန္ခဲ့သည္။

ေက်ာ္ဇံေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ေဒၚရီျမင့္သည့္ ဧရာဝတီတိုင္း အတြင္း၌ ေဒသခံ ေျပာက္က်ား တပ္ဖြဲ႕၏ သတိ ေပးခံရေသာ ပထမဆုံးေသာ အမ်ိဳးသမီး အုပ္ခ်ဳပ္ေရးမႉး ျဖစ္သည္။