ပဲခူးတိုင်းမှ NLD ပါတီ ဝင်နှစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်တွင် NLD ပါတီဝင် နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ခရိုင် ဥသျှစ်ပင်မြို့ အနီးရှိ အရှေ့ရပ်သာကျေးရွာက ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး အခြားတစ်ဦးက ကိုယ်တိုင်သွားအဖမ်းခံခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ အရွယ် အရှေ့ရပ်သာ ကျေးရွာက အမျိုးသားတစ်ဦး က ”တချိန်မဟုတ် တချိန်အဖမ်းခံရမယ် ဆို တာ သိကြပါတယ်။ သူတို့က ဘာအပြစ်မှ မလုပ်ထားလို့ လိပ်ပြာသန့် သန့်နဲ့ အဖမ်းခံနိုင်တာလို့ ပြောရင်လည်း ရပါ တယ်” ဟု ပြောသည်။

မြို့နယ်အလုပ်အမှုဆောင် ဦးစည်သူအောင်ကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးသွားပြီးနောက် ရပ်ကျေးဥက္ကဋ္ဌ ကိုကျော်ဆန်းသည် နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင် စီထံ သွားရောက် အဖမ်းခံခဲ့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က လာရောက်ဖမ်းစဉ်က လာအဖမ်းမခံလျှင် တွေ့သည့် နေရာတွင် အသေပစ်သတ်မည်ဟု ခြိမ်းခြောက် ကြိမ်းဝါးသွားသဖြင့် ကိုကျော်ဆန်းက သွားရောက် အဖမ်းခံလိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေ တစ်ဦး က ပြောသည်။

ဥသျှစ်ပင်မြို့တွင် CDM ကျောင်းဆရာမ တစ်ဦးရင်ခွင်ပိုက်ကလေးငယ် အပါအဝင် ရန်ကုန်ပညာရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား သားအမိတို့ကိုလည်း စစ်ကောင်စီက နိုဝင်ဘာလ လဆန်းပိုင်းတွင် ဖမ်းဆီးသွား သည်။

ရပ်သာကျေးရွာသည် ဥသျှစ်ပင်မြို့နှင့် ၂ မိုင်ခွဲခန့် ဝေးပြီး အရှေ့ရပ်သာရွာသည် ပုသိမ်-မုံရွာ ကားလမ်းကို ခွထား ပြီး အရှေ့ရပ်သာကျေးရွာနှင့် အနောက်ရပ်သာကျေးရွာ ဟု ဒေသခံများက ခွဲခေါ်လေ့ရှိသည်။

စစ်ကောင်စီတပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းပစ်ရန်အတွက် ရည်ရွယ် လုပ် ဆောင်နေပြီး တရုတ်အစိုးရ ကိုယ်စားလှယ်၏ ကြားဝင်မှုကြောင့်သာ မဖျက်သိမ်းသေးခြင်းဖြစ်သည်ဟု ပြည်မြို့ အခြေစိုက် ၈၈ မျိုးဆက် တစ်ဦး က ပြောသည်။

ပုံစာ – ဖမ်းဆီးရသူ ဦးစည်သူအောင်၏ ပုံ