တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၇ – ၁၂ – ၂၁ )

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ထဲမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် KNDF စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ရွာထဲက နေအိမ် ၇ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နေပြည်တော်ကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ ကရင်နီပြည်နယ် လျှပ်စစ် တာဝါ တိုင်ကြီး ၂ ခုဖျက်ဆီး ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချ ဖမ်းဆီး ရိုက်နှက်မှုတွေ လူသေဆုံးမှုတွေ ရှိနေခဲ့ပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်လုပ်နေမယ်လို့ တိုင်းရင်းသား လူငယ်တွေ ဆုံးဖြတ်ထားပါတယ်။